Burmese Subtitle

2011

The Skin I Live In 7.6
The Skin I Live In ၂၀၁၁ မှာထွက်ခဲ့တဲ့ Spanish ရုပ်ရှင်ဇာတ်ကားပါ။ ဒါရိုက်တာကြီး Pedro ရဲ့ဇာတ်လမ်းဖန်တီးမှုအား ကောင်းထားတာရယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ကာရိုက်တာတစ်ခုချင်းစီပီပြင်သက်ဝင်မှုတွေကြောင့်။ ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြားမှာ အတော်လေးနာမည်ရပြီး ပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအပါအဝင် တခြားပြည်ပနိုင်ငံများကပါ ဒီရုပ်ရှင်ကိုအခြေယူပြီး။ ပြန်လည်ရိုက်ကူးတာ‌တွေရှိခဲ့တယ်။ ဆုတွေလည်းအမြောက်အများ ရရှိထားတာဖြစ်လို့။ ဒါ့ထက်ပိုပြီး မညွှန်းလိုတော့ပါဘူး။ *** ဇာတ်လမ်းထဲမှာတော့ စိတ်ဝေဒနာသည်သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့တဲ့မဒိန်းကောင်ကို။ ကြောက်ခမန်းလိလိ လက်စားပြန်ချေခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့အငြိုးအတေးကြီးမှုကို မြင်တွေ့ရမှာပါ။ မဒိန်းကောင်ကိုဖမ်းဆီး ဘယ်သူမှမထင်မှတ်ထားတဲ့ လုပ်ရပ်ကြီးကိုဖန်တီးပြီး။ နေအိမ်မှာ လုံခြုံရေးအထပ်ထပ်နဲ့ဝှက်ထားခဲ့တယ်။ အချိန်ကြာလာတော့ သူစထားတဲ့ ဇာတ်လမ်းကနေကိုယ်တိုင်ရုန်းမထွက်နိုင်ပဲ ကမောက်ကမတွေ။ ဖြစ်ကုန်ပါလေရော။ အဆုံးသတ်မှာ ဘာဆက်ဖြစ်မလဲ မဒိန်းကောင်ကိုဘာလုပ်လိုက်တာလည်း ဆိုတာကြည့်ရမှာပါ။ 18+အခန်းတွေလိုအပ်တာထက် ပိုနေရုံကလွဲပြီး။ ကျန်တဲ့ဇာတ်လမ်းပိုင်းမှာတော့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဆိုတာ ငြင်းချက်ထုတ်လို့မရနိုင်ပါဘူး။ Movie Review by : Bhone Myat Zaw
7.6
IMDB: 7.6/10 134,396 votes
movie

The Skin I Live In

2011
BluRay 1080p 6CH
Hanna 6.8
Hanna ၂၀၁၁ က ထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ်မှာပဲ Hanna ဆိုတဲ့နာမည်နဲ့ပဲ အပိုင်းရှစ်ပိုင်းပါတဲ့ စီးရီးတစ်ခုအဖြစ် Amazon က ရိုက်ကူးခဲ့ပါတယ်(Site မှာ ရှာ Down လို့ရပါတယ်)။ ဒီဇာတ်ကားရဲ့ ကျောရိုးကိုပဲ မှီငြမ်းထားတာမို့ ဇာတ်လမ်းချင်းဆင်တူတဲ့အတွက် Series ကြည့်ပြီးတဲ့သူရော၊ မကြည့်ရသေးသူပါ အဆင်ပြေစေမှာပါ။ ဒီဇာတ်ကားမှာတော့ ဟန်နာအဖြစ် Saoirse Ronan အပြင် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Troy နဲ့ Hulk(2013) မင်းသားကြီး Eric Bana ၊ Cinderella နဲ့ Thor: Ragnarok မှာ Hela အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Cate Blanchett တို့က ပါဝင်အားဖြည့်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်နာဆိုတဲ့ DNA တိုးမြှင့်ပြောင်းလဲခံထားရတဲ့ ကောင်မလေးနဲ့ သူ့ကိုအမိဖမ်းချင်သူတွေအကြောင်း ဇာတ်အိမ်တည်ထားတာပါ။ မိမိဘဝအမှန်ကို သိချင်တဲ့ဟန်နာ၊ ဟန်နာ့ကို ဘဝနဲ့ရင်းပြီး စောင့်ရှောက်လာခဲ့တဲ့ အဲရစ်နဲ့ အတိတ်ကအလုပ်ကြွေးကို အပြီးဆပ်ဖို့ဆုံးဖြတ်ချက်ချထားတဲ့ ...
6.8
IMDB: 6.8/10 186,361 votes
movie

Hanna

2011
BluRay 1080p 6CH
Ghost Rider: Spirit of Vengeance 4.3
Ghost Rider: Spirit of Vengeance Ghost Rider ဇာတ်​လမ်​းနဲ့ ရင်​းနှီးတဲ့သူ​တွေနဲ့ မင်​းသားကြီး နီကိုးလပ်​​ကေ့ချ်​ရဲ့ဖန်​​တွေအဖို့​တော့ ထူးပီး​ပြော​နေစရာမလိုပါဘူး....................... ဒီဇာတ်​ကားမှာ ​ကေ့ချ်​ရဲ့သရုပ်​​ဆောင်​ချက်​​တွေက လက်​လန်​​အောင်​​ကောင်​းပါတယ်​........... ​နောက်​ပီးGRကြီး ဘယ်​​လောက်​ကြမ်​းသွားလဲဆိုတာ ဒီဇာတ်​ကားမှာမြင်​ရပါ​လိမ်​့မယ်​...... ဒီမှာ​ပြောသွားတဲ့စကားတစ်​ခွန်​းက Rider ဟာ crazy angel ဖြစ်​ပီး​တော့ အာ့စကားအတိုင်​းပဲ ဘယ်​​လောက်​​တောင်​ ရူးရူးသွပ်​သွပ်​လုပ်​ပြသွားလဲ​တွေ့ရပါတယ်​... ဒီဇာတ်​ကားမှာ စွန်​့လွှတ်​အနစ်​နာခံမှု၊ မိခင်​​မေတ္တာ၊ ဟာသ စတဲ့ ရသမျိုးစုံကို ထိထိမိမိချပြသွားပီး GR နဲ့ Roarkeတို့ရဲ့ အားပြိုင်​မှုကို action ပီပီ အကြမ်​းအရမ်​း စုံလင်​စွာနဲ့တင်​ဆက်​သွားပါတယ်​... ကျ​နော်​ကြိုက်​မိတဲ့အခန်​းတခုက​တော့.. လက်​နဲ့ထိမိတဲ့အရာတိုင်​းကို ​ဆွေး​မြေ့​စေတဲ့ ကိုDecayတစ်​​ယောက်​ ပလက်​စတစ်​အိတ်​နဲ့မှ လက်​​မြှောက်​သွားတာပါပဲ.. _________________________________________ "ဇာတ်​လမ်​းအကျဉ်​း" ============== *Blazeတစ်​​ယောက်​ GRကျိန်​စာ​ကြောင်​့ ဘီးဦးတည်​့ရာကမ္ဘာပတ်​​နေချိန်​.....☺️ *Nadyaရဲ့အမှားတစ်​ခု​ကို Danny​လေးက ​ပေးဆပ်ရဖို့ကံပါလာတဲ့အခါမှာ​တော့ *Roarkeကြီးရဲ့ဖြစ်​တည်​မှုနဲ့ ဆက်​ရှင်​သန်​ဖို့ ကြိုးစားမှု​တွေကြားထဲမှာ.... ---------------------------------------------- ဇာတ်​လမ်​းအစက​နေအဆုံးထိ အပစ်​အခတ်​ အကြမ်​းအရမ်​း​တွေနဲ့အတူ ခံစားကြည်​့လိုက်​ကြပါဦး..။ Review Credit
4.3
IMDB: 4.3/10 108,316 votes
movie

Ghost Rider: Spirit of Vengeance

2011
BluRay 1080p 6CH
Fast Five 7.3
Fast Five Fast and Furious ရဲ့ ပဥ္စမမြောက်ဇာတ်ကားဖြစ်ပါတယ်။ Imdb Ratings:7.3/10 ,Google User : 94% ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Fast Five (2011) သည် ဒါရိုက်တာ Justin Lin က ရိုက်ကူးထား၍ Chris Morgan, Gary Scott Thompson တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Vin Diesel, Paul Walker, Dwayne Johnson တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.. Dominic Toretto နဲ့ သူရဲ့အဖွဲတို့သည် အာဏာပြင်းလှသော ဘရာဇီးမူးယစ်ရာဇာ နှှု့် အန္တရာယ်များလှသော ဖက်ဒရယ်အေးဂျင့်တစ်ယောက်တို့၏ မျက်စေ့ရှေ့မှောက်မှာသူတို့ရဲ့လွတ်လပ်မှုကို ပြန်လည်ဝယ်ယူရန်အတွက် ပြိုင်ကားအစီအစဉ်များကို အကွက်ချစီမံ၍ လွတ်မြောက်အောက် ကြိုးစားကြပုံကို ဇာတ်လမ်းမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါလို့…. Reviewed By Win ...
7.3
IMDB: 7.3/10 343,847 votes
movie

Fast Five

2011
BluRay 1080p 6CH
The Lady 7.1
The Lady IMDB Rating 7.1 ရရှိထားတဲ့ မြန်မာသမိုင်းကြောင်းဇာတ်လမ်းကို ဒါရိုက်တာ Luc Besson ကစိတ်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။ အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာ ဘဲအခြေကျပြီးတော့ အင်္ဂလန်မှာဘဲ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲဆက်လက်ရှု စားပေးပါခင်ဗျာ။
7.1
IMDB: 7.1/10 9,990 votes
movie

The Lady

2011
BluRay 1080p 6CH
Final Destination 5 (2011) 5.8
Final Destination 5 (2011) Final Destination 5 (2011) Horror ကားကြိုက်နှစ်သက်သူတို့အဖို ့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ….ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ…….Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး….မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. Review ...
5.8
IMDB: 5.8/10 102,369 votes
movie

Final Destination 5 (2011)

2011
BluRay 1080p 6CH
Contagion (2011) 6.6
Contagion (2011) ခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါ ဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါ တစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ် WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ် ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲကုသနိုင်တဲ့ဆေးရှာတွေ့မှာလား ကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေ လူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေ အားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ ဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာ အချုပ်အနေနဲ.ပြောရရင် Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့ Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။ Pandemic Event အတွင်း - WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊ - Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊ - ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊ - နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ သေသေချာချာတွေ့မြင်ရပါလိမ့်မယ်။ Review ...
6.6
IMDB: 6.6/10 206,888 votes
movie

Contagion (2011)

2011
BluRay 1080p 6CH
The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) The Cabin In The Woods (2012)   ဆယ်ကျော်သက်လူငယ် ငါးယောက်ရဲ့ အားလပ်ရက်အပန်းဖြေခရီးက တောထဲက သစ်လုံးအိမ်လေးဆီကို ဦးတည်နေပါတယ်။ အသေးစားပါတီလေးလုပ်ပြီး သောက်စားပျော်ပါးကြမယ်ပေါ့။ ဒါပေမယ့် သူတို့သေချာမသိထားတာက သူတို့သွားမယ့် သစ်လုံးအိမ်လေးအကြောင်း။ အရွယ်အစားသေးငယ်လှတဲ့ အဆိုပါသစ်လုံးအိမ်လေးမှာ စိတ်ဝင်စားဖွယ်ကြီးမားလှတဲ့ လျို့ဝှက်ချက်တွေရှိနေတယ်။ အစီအစဉ်တကျဖန်တီးယူထားတဲ့ အစိုးရစီမံကိန်းတစ်ခုအောက်မှာရှိနေတဲ့ ဒီသစ်လုံးအိမ်လေးကို သူတို့တွေသွားဖို့ဖြစ်လာတာ အကြောင်းမဲ့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်နေတဲ့ ဖြစ်ရပ်ကြီးတစ်ခုဖြစ်မလာဖို့ကို တစ်နှစ်တစ်ကြိမ် နိုင်ငံအသီးသီးက ကာကွယ်ကြရတယ်။ အဲလိုကာကွယ်ရတဲ့ အခါမှာ နိုင်ငံတိုင်းအောင်မြင်ဖို့မလိုဘူး။ တစ်နိုင်ငံအောင်မြင်ရင်ရပြီ။ ဒီနှစ်မှာတော့ သူတို့ငါးယောက်ကို အသုံးချပြီး ဒီစီမံကိန်းအောင်မြင်နိုင်မလား။ ဒီသစ်လုံးအိမ်လေးကို ထိန်းချုပ်နေတဲ့ အဖွဲ့အစည်းက ဒီအိမ်လေးရဲ့ မြေအောက်တစ်နေရာမှာတင် စခန်းချနေရာယူထားတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်ကိုရောက်လာတဲ့ လူရွယ်ငါးယောက်ထဲက အပျိုစင်မိန်းကလေးကလွဲပြီး ကျန်တဲ့သူတွေအားလုံးကိုသေအောင် သတ်ဖို့ကြိုးစားရမှာပါ။ သတ်တယ်ဆိုတဲ့နေရာမှလည်း ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်တာမျိုး မဟုတ်ပဲ ဒီငါးယောက်က ရွေးချယ်တဲ့ အခြေအနေတစ်ခုပေါ်မူတည်နေပါတယ်။ ဒီစီမံကိန်းမှာ စုဆောင်းဖန်တီးထားတဲ့ သရဲတစ္ဆေမိစ္ဆာမကောင်းဆိုးဝါး သတ္တ၀ါမျိုးစုံရှိပါတယ်။ ...
7.0
IMDB: 7.0/10 336,463 votes
movie


2011
4K HDR
Rio (2011) 6.9
Rio (2011) RIO ကားမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေသဘာဝ တောတွင်းမှာ မျိုးတုန်းပျောက်ကွယ်သွားပြီ 2011 မှာ စရုံတင်ခဲ့ပြီး Blu လို့ ခေါ်တဲ့အပြာရောင် ကြက်တူရွေးလေးနဲ့ သူ့ အဖော်ဌက်မလေး Jewl တို့ ဟာ သူတို့ မျိုးစိတ် ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဌက်လေးတွေအဖြစ်နဲ့  Brazil နိုင်ငံရဲ့ သဘာဝသစ်တော ပြုန်းတီးမှုတွေ၊ တောတွင်းတိရစ္ဆာန် တရားမဝင် ဖမ်းဆီးရောင်းချမှုတွေကြားမှာ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ပြေးလွှားရင်း သားသမီးရင်သွေးများနဲ့ ပျော်ရွှင်စရာ မိသားစုလေးထူထောင်နိုင်ခဲ့ပုံကို ဟာသ ရီစရာမောစရာများနဲ့  ပရိသတ်တွေ ဇာတ်လမ်းအပြင်က မျိုးတုံးမှု အန္တရာယ်ကျရောက်နေတဲ့ ဌက်မျိုးစိတ်တွေ ကို သတိထားမိအောင် လှုံ့ ဆော်ပေးခဲ့ပြီး ပရိသတ်တွေအတွက်အကြိုက်တွေ့ စေခဲ့တဲ့ RIO ကာတွန်းကားကောင်းလေးကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ RIO ကားထဲမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေ ကိုတော့ ”Spix’s Macaw” လို့ ခေါ်ပြီး ...
6.9
IMDB: 6.9/10 190,882 votes
movie

Rio (2011)

2011
BluRay 1080p 6CH
Detective K: Secret of Virtuous Widow (2011) 6.4
Detective K: Secret of Virtuous Widow (2011) Detective K ဟာဆိုရင်တော့ကိုးရီးယားဟာသအက်ရှင်ကားလေးကိုပြေးမြင်ကြမှာပါ။ ဒီကားလေးကို၂၀၁၁ခုနှစ်မှာထုတ်ဝေခဲ့ပြီးအဲဒီနှစ်ရဲ့ကိုးရီးယားမှာ စတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဇာတ်အိမ်ကို၁၇၉၃ခုနှစ်ဂျီအိုဂျုန်မင်းနန်းတက်ပြီး၁၇နှစ်အကြာဂျိုစွန်ပြည်ကို နောက်ခံထားထားပါတယ်။မင်းကြီးဟာနိုင်ငံအတွင်းစီးပွားရေးဆုတ်ယုတ်လာမှုအပေါ် စုံစမ်းရင်းမင်းမှုထမ်းတွေကြားလာဘ်စားမှုတွေကိုတိုက်ထုတ်ဖို့ကြံရွယ်တာပါ။ လူယုံတွေနည်းပါးနဲ့တဲ့အချိန်မှာပဲသူစိတ်အချရဆုံးဖြစ်တဲ့စုံထောက်ကြီးကေကို လာဘ်စားမှုတွေလူသတ်မှုတွေကိုစုံစမ်းဖို့အမိန့်တာဝန်ပေးလိုက်ပါတယ်။ စုံထောက်ကေတယောက်ဖမ်းဆီးမိထားတဲ့တပ်မှူးကိုစစ်ဆေးဖို့ထောင်ထဲသွားတဲ့အခါမှာတော့ တပ်မှူးအရာရှိကအသတ်ခံထားနှင့်ရပါပြီ။အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါ ဦးခေါင်းနောက်မှာအပ်လေးစိုက်ပြီးသတ်ခဲ့တာကိုတွေ့ခဲ့ရတာကစပြီး အမှုရဲ့သဲလွန်စတွေရခဲ့ပါတယ်။ကံဆိုးချင်တော့တခြားအရာရှိတွေရောက်လာတဲ့အခါအပ်လေးကိုင်ပြီး အလောင်းဘေးရပ်နေတဲ့စုံထောက်ကြီးကိုအထင်လွဲပြီးအကျဉ်းချလိုက်ပါတော့တယ်။ဒါပေမယ့် ခွေးချစ်သူဆိုဖီးရဲ့အကူအညီနဲ့ပဲထောင်ကနေဖောက်ပြေးလာပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းကြီးကသူ့ကို ရာထူးကချပြီးလက်ရှိအမှုကိုလွတ်ကာဂျုတ်စုန်းကအမှုတခုကိုစုံစမ်းခိုင်းလိုက်ပါတယ်။ သာမန်အမှုလို့ထင်ရပေမယ့်ဒီအမှုကနေပဲအားလုံးသောလူသတ်မှုတွေလာဘ်စားမှုနေနဲ့ဆက်နွယ် နေတာကိုစုံထောက်ကြီးသိလိုက်ရပြီးတဲ့နောက်…. စုံထောက်ကြီးကေတယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ဟာသလေးတွေနှော ထားတဲ့DetectiveKဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ Review Credit to Channel Myanmar
6.4
IMDB: 6.4/10 773 votes
movie

Detective K: Secret of Virtuous Widow (2011)

2011
BluRay 1080p 6CH
Thor (2011) 7.0
Thor (2011) လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြ၀ဠာတွင် အဖွဲ့ အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့ သော် Asgard က အနှီ ကျုးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီး ဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း အင်မတန် တိုက်ခိုက်ချင်စိတ်များကာ မရင့်ကျက်သေးသည့် စစ်သားတစ်ယောက်ဖြစ်သည်။ Thor ...
7.0
IMDB: 7.0/10 634,511 votes
movie

Thor (2011)

2011
BluRay 1080p 6CH