Burmese Subtitle

2010

RED (2010) 7
RED (2010) ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါ အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာ ကြည့်ရှုအားပေးကြပါလို့ အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
7
IMDB: 7/10 285,550 votes
movie

RED (2010)

2010
BluRay 1080p 6CH
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့ အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
8.1
IMDB: 8.1/10 654,957 votes
movie

How to Train Your Dragon (2010)

2010
BluRay 1080p 6CH
Insidious (2010) 6.8
Insidious (2010) အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ် အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့ တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက် အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီး ထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက် ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ် တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ် ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သော အဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ…
6.8
IMDB: 6.8/10 273,190 votes
movie

Insidious (2010)

2010
BluRay 1080p 6CH
Bedevilled (2010) 7.3
Bedevilled (2010) Unicode ရုံးလုပ်ငန်းတွေမှာ အဆင်မပြေဖြစ်နေတဲ့ ဟေဝန်း တစ်ယောက် ငယ်ငယ်က နေခဲ့ဘူးတဲ့ကျွန်လေးကို အားလပ်ရက်ယူပြီး အလည်ထွက်လာခဲ့တယ် ကျွန်းကိုရောက်တော့ ငယ်သူငယ်ချင်း ဘုတ်နမ်း က လာကြို ကျွန်းမှာနေကြတဲ့ သူတွေကလည်း ၁၀ ယောက်တောင်မပြည့် ဘုတ်နမ်းရယ် ၊ သူ့သမီးလေးရယ် ၊ သူ့ ယောက်ျားရယ်၊ သူ့ ခဲအိုရယ်၊ သူ့ ယောက္ခမရယ် နောက်ပြီး လေးငါးယောက်ပဲ တွေ့တယ် ဘုတ်နမ်းရဲ့သမီးကလေးက သနားစရာလေးပါ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်လေးနဲ့ သူ့ယောက္ခမကြီးကတော့ အာကြမ်း လျှာကြမ်းကြီးပေါ့ သူ့ ယောက်ျားနဲ့ ခဲအိုတို့ကလည်း တိရစ္ဆာန်လုံးလုံးပဲ အိပ်မယ် စားမယ် လိင်ဆက်ဆံမယ် မိန်းမနဲ့ဆက်ဆံလို့ အာသာမပြေရင် မြို့က ပြည့်တန်ဆာခေါ်တယ် ပြီးရင် အိမ်က မိန်းမကို အပျင်းပြေ ရိုက်မယ် နှိပ်စက်မယ် ဘုတ်နမ်းဆိုတဲ့ မိန်းကလေးကတော့ ခါးစီးခံနေရတာပေါ့ ဟေဝန်း အနေနဲ့ကလည်း ဘာလုပ်ပေးနိုင်မှာလဲ ဒါကလည်း သူ့ဘဝမှ မဟုတ်ပဲလေ ဘုတ်နမ်းကတော့ သူကိုခင်ရှာပါတယ် ဒီဘဝထဲကနေ ဆွဲခေါ်ပေးဖို့ ပြောရှာတယ် အကူအညီတောင်းရှာတယ် ဟေဝန်း ကတော့ အင်းမလုပ် အဲမလုပ်ပေါ့ ဒီလိုနဲ့ ဘုတ်နမ်းတစ်ယောက် သမီးလေးကိုခေါ်ပြီး မြို့ကိုထွက်ပြေးဖို့ စက်လှေဆိပ်အရောက် သူ့ယောက်ျားနဲ့ မိပြီး စကားများရန်ဖြစ်ကြရာကနေ ယောကျ်ားလုပ်သူက သမီးလေးကို ကိုင်ပေါက်လိုက်တာ သေပါလေရော .... အဲဒီနောက်မှာတော့ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားပျက်စီးခံရမှု ဖျက်ဆီးခံရမှုကနေ ...
7.3
IMDB: 7.3/10 13,078 votes
movie

Bedevilled (2010)

2010
BluRay 1080p 6CH
I Saw the Devil 7.8
I Saw the Devil နှလုံးအားနည်းသူတွေလုံးဝမကြည့်ကြပါနဲ့ "လူဆိုတာ တစ်ချိန်ကျရင် ကိုယ်အမုန်းဆုံးအရာ ပြန်ဖြစ်လာတာပါပဲ" I Saw The Devil ကို ကြည့်ရတဲ့အကြောင်းအရင်းရှိပါတယ်။ အဲဒါက Byung-Hun Lee နဲ့ Min-sik Choi တို့ပါလို့ပါ။ Min-sik Choi ဆိုတာသိတဲ့အတိုင်း နိုင်ငံတကာထိပ်တန်းစာရင်းဝင် ကိုရီးယားကားတွေမှာပါနေတဲ့ ဘဲကြီး။ သရုပ်ဆောင်ချက်တွေက အလန်း။ ဒါမယ့်အဲဒီအချိန်တုံးကလည်း Byung-Hun Lee ဆိုတာက ထိပ်တန်း မင်းသား တစ်လက်ဖြစ်နေပါပြီ။ မိန်းမကိုသတ်သွားတယ်။ အဲဒီသတ်သွားတဲ့ကောင်ကို ပြန်လိုက်သတ်တယ်။ ဇာတ်လမ်းကတော့ အဲလိုပါ။ ဒါမယ့် ဒီထက်ရှုပ်ထွေးတာတွေဖြစ်လာတယ်။ အဝမ်းနည်းကြီးဝမ်းနည်းရာကဖြစ်တည်လာတဲ့ အမုန်းတရားတွေ၊ ဒေါသတွေက အခြေပြုလုိ့ သတ်တာထက်ပိုတဲ့ အညိုးတစ်ကြီး ကလဲ့စားခြေတာတွေဖြစ်လာခဲ့တယ်။ ဒီကားထဲမှာ Min-sik Choi ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ရွံ့ဖို့ကောင်းလောက်အောင် ပီပြင်သလို၊ Byun- Hun Lee ကလည်း ထုံပေပေ အူကြောင်ကြားပုံစံနဲ့ ဆော်ပလောတီးသွားခဲ့တယ်။ I Saw The ...
7.8
IMDB: 7.8/10 105,245 votes
movie

I Saw the Devil

2010
BluRay 1080p 6CH
The Disappearance of Haruhi Suzumiya 8.1
The Disappearance of Haruhi Suzumiya ဒီanime လေးက 2009 ခုနစ်မှာ Series ထွက်ရှိခဲ့ပြီးတော့ 2010 မှာတော့ ဒီmovie လေးထွက်ရှိခဲ့တာပါ Series မကြည့်ဖူးဘဲနဲ့ Movie ကိုအရင်ကြည့်ထားရင်လည်း အခန်းတွေကို နားမလည်မှာကိုတော့ အထူးစိုးရိမ်စရာမရှိပါဘူး Revies - Suzumiya Haruhi ရဲ့ အနိုင်ယူဗိုလ်ကျခြင်းကို မခံချင်တော့တဲ့ Kyon က Haruhi ဆရာလုပ်တာကိုပဲ အမြဲခံနေရတဲ့အတွက် စိတ်ညစ်တာကို ညဉ်းညူလိုက်မိပါတယ်၊၊ နောက်တစ်နေ့ နံနက်ရောက်တဲ့ အချိန်မှာတော့ လောကကြီးက မနေ့ကနဲ့ မတူတော့အောင်ကို ကွဲပြားသွားပါတော့တယ် Suzumoya Haruhi ကိုလည်း ကျောင်းရောကင်ချိန်မှာ မတွေ့တာကရော သူမ လောက ကြီးကနေ ပျောက်ကွယ်သွားသလား သူမ Timeline ကနေချွတ်ချော်ပြီး အချိန်ပြောင်းသွားလား သူမကို မလိုချင်ခဲ့တဲ့ Kyon အမှန်တကယ်ပဲ စွန့်ပစ်မှာလား သူမကို ပြန်ရှာမှာလား သူမဘာလို့ ပျောက်သွားရလဲ သူမ ပျောက်ကွယ်သွားရခြင်းရဲ့ နောက်ကွယ်မှာ Timeslip ကြောင့်လား သူမ ကိုအရင်လို ပြန်ရချင်ရဲ့လား စတဲ့ သူမ သူမ နဲ့ပတ်သတ်တာတွေကို Kyon တစ်ယောက် နောက်ဆုံးမှာ ...
8.1
IMDB: 8.1/10 5,926 votes
movie

The Disappearance of Haruhi Suzumiya

2010
BluRay 1080p 6CH
Buried (2010) 7.0
Buried (2010) Buried (2010) မင်္ဂလာပါ၊ Ryan Reynolds ဒါမှမဟုတ် deadpool ရဲ့ fans တွေအတွက် Movie ခပ်မိုက်မိုက်လေးတစ်ခု တင်ပေးလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့နှစ်က Oscar ဆွတ်ခူးသွားတဲ့ The Room (2015) လိုမျိုး.. ၊ 10 Cloverfield lane လို movie မျိုး.. ကြိုက်တတ်တယ်ဆိုရင် Buried က မလွဲမသွေ ကြည့်ရှုရမယ့်ဇါတ်ကားလို့ညွှန်းဆိုချင်ပါတယ်။ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရံဖန်ရံခါ မက်တတ်တဲ့ အိပ်မက်ဆိုးတွေထဲက အဖြစ်မျိုး အပြင်လက်ရှိလောကမှာလဲ ဖြစ်နိုင်တယ် ဖြစ်တတ်တယ်ဆိုတာ.. Director Rodrigo Cortés က ပုံဖေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တကယ်လို့ ကျွန်တော်တို့တွေ ကိုယ်မသိဘဲ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတယ်ဆိုရင်. ဘယ်လောက်တောင် သွေးပျက်ခြောက်ခြားစရာကောင်းနေမလဲ… ကိုယ် သတိမေ့ရာက စိတ်ပြန်လည်လာတဲ့အချိန်မှာ.. ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုနဲ့ ကိုယ်ပဲရှိမယ်. အသက်ရှုဖို့ လေနည်းနည်းပဲရှိနေမယ် ဆိုရင် ကျွန်တော်တို့ဘယ်ကနေစပြီး ဘယ်လို ဒီအခြေအနေကို တုံ့ပြန်မလဲ ဆိုတာ.. ...
7.0
IMDB: 7.0/10 144,784 votes
movie

Buried (2010)

2010
BluRay 1080p 6CH
Cats & Dogs: The Revenge of Kitty Galore (2010) 4.3
Cats & Dogs: The Revenge of Kitty Galore (2010) Cats & Dogs: The Revenge of Kitty Galore (2010) မြန်မာစာတန်းထိုး တိချစ်သူတွေအတွက် အခုချိန်အိမ်တွင်းအောင်းနေရတာဆိုတော့ စိတ်အပန်းပြေ ဟာသကားလေးလည်းဖြစ် တိရိစ္ဆာန် ဇာတ်ကားလေးလည်းဖြစ်ဆိုတော့လန်းပြီပေါ့နော် ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ Kitty Galore ကသူ့ရဲ့ လျှို့ဝှက်စီမံကိန်းကြီးကိုအကောင်အထည်ဖော်ဖို့ကြိုးစားစီမံပြီး ကမ္ဘာကြီးကိုဘယ်လိုမျိုး နှောက်ယှက်ဖျက်စီးမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်... ဒီလိုမျိုးအဖြစ်ဆိုးတွေကို ရင်ဆိုင်နေကြရတဲ့ ခွေးတွေကြောင်တွေရဲ့ အဖြစ်ကတော့ အရင်ကရန်ငြိုးတွေဘယ်လောက်ရှိရှိ Kitty ရဲ့ အကြံအစည်ကိုမအောင်မြင်ဖို့အတွက် ဘယ်လိုမျိုးပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ BS ကပရိတ်သတ်ကြီး ကြည့်ရှုလို့ခံစားလိုက်ပါဦး
4.3
IMDB: 4.3/10 13,239 votes
movie

Cats & Dogs: The Revenge of Kitty Galore (2010)

2010
BluRay 1080p 6CH
Ip Man 2 (2010) 7.6
Ip Man 2 (2010) IP Man (1) တုန်းက ဂျပန်ခေတ်ကိုဖြတ်သန်းလာခဲ့တယ်။ သခင်လေး ရိမန်း(အိုင်ပီမန်း) တို့ရဲ့ လင်မယားနှစ်ယောက်က အိမ်ထောင်သည်တွေကို ဘ၀မှာ ဘယ်လိုဖြတ်သန်းရမလဲးဆိုတဲ့ အိမ်ထောင်ရေးပညာပေးရသတွေပါနေတယ်။ စက်ရုံပိုင်ရှင်ဖြစ်ခဲ့တဲ့ ကွင်းကွမ်းတို့သားအဖက ဇာတ်အိမ်မှာ သားကအဖေကို ဘယ်လိုကျေးဇူးဆပ်သွားလဲးဆိုတဲ့ လူငယ်ပညာပေးရသ ဖော်ညွန်းသွားတယ်။ လူမိုက်ပင်ဖြစ်လင့်ကစား ကျေးဇူးသိတတ်တဲ့လူအဖြစ် ဂျင်းရှန်ဇောင်ရဲ့ပီပြင်တဲ့ ပေါကြောင်ကြောင်သရုပ်ဆောင်မူကလဲး၊ (၁) မှာ မုန်းခဲ့သလောက် (၂) မှာ သနားလာမိအောင် ဂရုဏာရသပေးနိုင်ခဲ့သေးတယ်ဗျာ။ မျိုးချစ်စိတ်ရှိကြတဲ့ သတင်းစာအယ်ဒီတာကြီးရဲ့ မိတ်ဆွေပိသပုံတွေ၊ လူမျိုးရဲ့ဂုဏ်ကို အသက်ပေးကာကွယ်သွားတဲ့ သိုင်းဆရာကြီး ဟွန် အကြောင်းတွေနဲ့ ကိုလိုနီခေတ်မှာ လူဖြူတိုင်း လူယုတ်မဟုတ်ခဲ့ဘူးဆိုတာ သက်သေပြသွားပြီး၊ မာနတရားကကြီးစိုးနေတဲ့ အနောက်တိုင်းသားတွေကို ဆုံးမပေးလိုက်ပုံတွေ စတဲ့ ရသပေါင်းစုံတွေ စုံနေမှာတော့ ကမ္ဘာကျော်တာမဆန်းပါဘူးလေးနော်။ Reviewed Credit to Original File Size – 1.72 GB Quality – Blu-Ray 1080p 6CH Running Time – 1hr 40min Format – mkv Genre – Action, Drama, ...
7.6
IMDB: 7.6/10 83,788 votes
movie

Ip Man 2 (2010)

2010
BluRay 1080p 6CH
Faster (2010) 6.4
Faster (2010) Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ မကြမ်းမှာတော့မပူပါနဲ့။ အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။ မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။ အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။ သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီး ထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။ သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ဇာတ်ကားမှာပဲကြည့်လိုက်ကြပါတော့။ Review Credit to CM
6.4
IMDB: 6.4/10 96,075 votes
movie

Faster (2010)

2010
BluRay 1080p 6CH
Due Date (2010) 6.5
Due Date (2010) Iron Man မင်းသားကြီး လို့လူသိများတဲ့ Robert Downey Jr. နဲ့ Hangover ထဲက ဘီးကျဲ Zach Galifianakis တို့ မြိုင်မြိုင်ဆိုင်ဆိုင်သရုပ်ဆောင်ထားတဲ့ ဟာသ သရုပ်ဖော်ကားလေးပါ... ဒီဇာတ်ကားမှာတော့ Robert Downey Jr. ကပီတာအဖြစ်သရုပ်ဆောင်ထားပြီးတော့ Zach Galifianakis ကတော့ အီသန်အဖြစ် သရုပ်ဖော်တင်ဆက်ထားတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမေရိကန်အရှေ့ပိုင်းကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတဲ့ ပီတာ ဟာ သူ့ရဲ့မိန်းမ မီးဖွားချိန်အမှီ အမေရိကန်နောက်ပိုင်းကို လေယာဉ်စီးချိန်မှာ အီသန်နဲ့ စတင်တွေ့ခဲ့ပါတယ်။ အီသန့်ကြောင့် လေယာဉ်စီးခွင့်ပါအပိတ်ခံရပြီး ပိုက်ဆံပြတ်လတ်နေတဲ့ ပီတာတစ်ယောက် ဒုက္ခလှလှကြီးတွေ့ပါတော့တယ် နောက်ပိုင်းမှ အီသန် ရဲ့အကူအညီနဲ့ မိုင်ပေါင်း ၂၀၀၀ ကျော်လောက်ဝေးလှတဲ့ အနောက်ပိုင်း ကို ကားနဲ့ခရီးဆက်ပါတော့တယ် လမ်းခရီးတစ်လျှောက်မှာလည်း အီသန့်ကြောင့် ဘယ်လိုတွေ ဒုက္ခလှလှတွေ့ရဦးမလဲဆိုတာတော့ BS ကပရိတ်သတ်ကြီး ဆက်လက်သာ ရှုမျှော်ခံစားလိုက်ကြပါတော့ဗျာ
6.5
IMDB: 6.5/10 311,533 votes
movie

Due Date (2010)

2010
BluRay 1080p 6CH
The Expendables (2010) 6.5
The Expendables (2010) IMDB 6.5 ရှိပြီး နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်လီ တို့ပါဝင်ရိုက်ကူးထားတာဖြစ်ပြီးတော့ အကြမ်းစားအရမ်းစားစစ်ဆင်ရေးတွေကို ကျွမ်းကျင်လိမ္မာ ပါးနပ်စွာနဲ့ ဦးဆောင်တိုက်ခိုက်ရင်း အသက်မွေးကြတဲ့လူတစ်စုအဖြစ်ရှိနေကြတာပေါ့ ဇာတ်လမ်းအကျဉ်းအနေနဲ့ စတားလုံးမင်းသားကြီးက Barney Ross အနေနဲ့သရုပ်ဆောင်ထားပြီးအဖွဲ့ရဲ့ ဦးဆောင်သူဆိုလည်းမမှားဘူးပေါ့၊ တစ်ရက်မှာ တောင်အမေရိက ရှိကျွန်းတစ်ခုမှာ အာဏာရှင်တွေဖိနှိပ်လို့ စစ်ဆေးရေးတစ်ခုဦးဆောင်ဖို့ အကြောင်းလည်းဖန်လာရော ဘယ်လိုတွေ တိုက်မယ် ခိုက်မယ်ဆိုတာ BS ပရိတ်သတ်ကြီး အတူတူခံစားလိုက်ရအောင်ဗျာ
6.5
IMDB: 6.5/10 314,872 votes
movie

The Expendables (2010)

2010
BluRay 1080p 6CH
Leap Year (2010) 6.5
Leap Year (2010) [Unicode] ဒီကားလေးက အဓိကသရုပ်ဆောင်သုံးယောက်ကအဓိက အယ့်ထဲမှာမှ သရုပ်ဆောင် ၂ယောက်နဲ့တင် ဇာတ်လမ်းရယ့် ၃ ပုံ ၂ပုံလောက်ကိုတည်ထားတာ ဒါမယ့်လဲဇာတ်ကားလေးကိုပေါ့မတွက်နဲ့ဗျ အယ့်သရုပ်ဆောင် ၂ယောက်ရယ့် Skill နဲ့ ရုပ်ရှင်ကိုဆွဲဆောင်သွားချက်ကြီးက Drama ကားတွေဘဲ ကြည့်ပါတော့မယ်ဖြစ်သွားရလောက်အောင်ကို ကောင်းတာ ကျွန်တော်ကိုယ်တိုင် ဒီကားလေးကို ပြန်ကြည့်တာ ရကြိမ်ထက်မနည်းတော့ဘူး ဇာတ်လမ်းကနည်းနည်းတောင်ပြောပြလို့မဖြစ်တာကိုတော့ စိတ်မရှိပါနဲ့နော် ဘာလို့ဆို BS ကရုပ်ရှင် ဝါသနာအိုးဂရုကြီးတွေကို ပါးပါးလေးပုပ်လိုက်ရင် ဇာတ်ကားသဘောကိုသိသွားနိုင်တယ် ရုပ်ရှင်ကြည့်ရတာ ပေါ့ပျက်ပျက်ကြီးဖြစ်သွားမှာလဲ ကြောက်တယ် ဒီကားလေးကို ကြည့်ပြီးမှ ပြုံးသွားမှာကိုလဲ လိုလားတယ့် မိမိဆန္ဒအလျောက် ဇာတ်လမ်းအကျဉ်းကို မပြောပြလိုတော့ပါ .... ကြည့်ပြီးကောင်းတယ်ဆိုရင်လဲ ရင်ထဲမှာပီတိလေးတွေနဲ့ပြံူးပျော်နိုင်ကြစေလို့ပြောရင်းး နိဂုံးချုပ်ချုပ်ချုပ်....အဲနေအုန်းမေ့တော့မလို့ မင်းသမီးက SUPERMAN ရယ့် မတ်မတ် Amy Adam နော် ကျေးဇူးတင်ပါတယ် ZunMoe(John) [Zawgyi] ဒီကားလေးက အဓိကသရုပ်ဆောင်သုံးယောက်ကအဓိက အယ့်ထဲမှာမှ သရုပ်ဆောင် ၂ယောက်နဲ့တင် ဇာတ်လမ်းရယ့် ၃ ပုံ ၂ပုံလောက်ကိုတည်ထားတာ ဒါမယ့်လဲဇာတ်ကားလေးကိုပေါ့မတွက်နဲ့ဗျ အယ့်သရုပ်ဆောင် ...
6.5
IMDB: 6.5/10 87,461 votes
movie

Leap Year (2010)

2010
BluRay 1080p 6CH
Inception (2010) 8.8
Inception (2010) [Unicode] leonardo ကားတွေက ကားကောင်းတကားပါ အိမ်မက်ထဲမှာ အိမ်မက်ထပ်မက်တာပေါ့လေ Cobb ( leonardo ) အစက သူ့မိန်းမ နဲ့ အိမ်မက်ထဲမှာ သာယာချင်လို့ အတူတူ အိမ်မက်မက်ဖို့ စမ်းသပ်ခဲ့ရာကနေစတာ အိမ်မက်ထဲမှာ ဆိုရင် အချိန် က ချုံလို့ရတာပေါ့လေ သွားချင်တဲ့နေရာ ရောက်ချင်နေရာကို ချက်ချင်းရောက်လို့ရတယ်လေ သူတို့ အိပ်မက်ပေါင်းများမက်ကြရင်း သူ့မိန်းမ က အိပ်မက်လား တကယ်လား မခွဲခြားတတ်တော့ဘူး တနေ့ကျ တိုက်ပေါ်က ခုံချရော တကယ်ဖြစ်နေတော့ သေသွားတာပေါ့လေ Leo က သူ့မိန်းမကို တိုက်ပေါ်က တွန်းချတယ်ဆိုပြီး ရဲတွေက လိုက်ဖမ်းတော့ ပြေးရရော အဲဒါ အမေရိကန်ပြန်သွားလို့ မရရာကနေ သူခိုးစလုပ်ရော ဘာခိုးတာလဲဆိုတော့ အိပ်မက်တူတူမက်ပီး အဲ့လူရဲ့ လျိုဝှက်ချက် ကိုခိုးတာ ဥပမာ bank account passwords or something like that အဲ့လူတယောက်ပဲ သိနိုင်ဟာမျိုး တရက်ကျ ဂျပန်တယောက် ကအလုပ်လာအပ်ရော အလုပ်က သူ့ရဲ့ပြိုင်ဘက် company ရဲ့သားကိုpsycho ...
8.8
IMDB: 8.8/10 1,883,433 votes
movie

Inception (2010)

2010
BluRay 1080p 6CH
Toy Story 3 (2010) 8.3
Toy Story 3 (2010) Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ ...
8.3
IMDB: 8.3/10 655,166 votes
movie

Toy Story 3 (2010)

2010
BluRay 1080p 8CH