Burmese Subtitle

2004

Ocean’s Twelve 6.5
Ocean’s Twelve George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား… 2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ဆုတံဆိပ် ၂ ခုနဲ့ စံကာတင်စာရင်း ၈ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ထင်ပါတယ်ခင်ဗျ။ ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ…. LA ...
6.5
IMDB: 6.5/10 350,275 votes
movie

Ocean’s Twelve

2004
BluRay 1080p 6CH
Dawn of the Dead (2004) 7.3
Dawn of the Dead (2004) ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်… ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်… အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်…။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ…။ တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိခဲ့ကြရင်…။ ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာကောင်းအောင်းကြည့်ရှု့ခံစားရမဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ Review Credit
7.3
IMDB: 7.3/10 227,992 votes
movie

Dawn of the Dead (2004)

2004
BluRay 1080p 6CH
Harry Potter and the Prisoner of Azkaban (2004) 7.9

Harry Potter and the Prisoner of Azkaban (2004)

2004
BluRay 1080p 6CH
The Bourne Supremacy (2004) 7.7
The Bourne Supremacy (2004) မတ်ဒေမွန် (Matt Damon) က စီအိုင်အေ အေးဂျင့်ဟောင်း ဂျေဆန်ဘွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ Jason Bourne ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ အစိမ်းသက်သက် သွားကြည့်ရင် တစ်လုံးမှ နားမလည်ပဲ သွက်သွက်ခါ သွားနိုင်စရာရှိပါတယ်။ ၁-ဂျေဆန်ဘွန်း ဘာကြောင့် အသက်လုပြေးနေရတာလဲ ? ၂-ဂျေဆန်ဘွန်းကို စီအိုင်အေ က ဘာကြောင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်သတ်ချင်နေရတာလဲ ? ၃-ဂျေဆန်ဘွန်း ပါဝင်ပတ်သက်ခဲ့ရတဲ့ အော်ပရေးရှင်းထရက်စတုန်း (Operation Treadstone) ရဲ့ လျှို့ဝှက်ချက် တွေကရော ဘာတွေလဲ ? ၄-အော်ပရေးရှင်းဘလက်ခ်ဘရိုင်ယာ (Operation Blackbriar) ကရော ဘယ်လို ဘယ်လိုစစ်ဆင်ရေးမျိုးလဲ ? ၅-တစ်ခါ အော်ပရေးရှင်းအောက်တ်ကမ်း (Operation Outcome) နဲ့ ပတ်သက်မိတဲ့ အေးဂျင့် အေရွန်ခရော့စ် ကပါ ဘာကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရတာလဲ ? ဒါတွေသိထားမှ ဒီဇာတ်လမ်းကို ကြည့်လို့ နားလည်မှာ။ ...
7.7
IMDB: 7.7/10 407,686 votes
movie


2004
BluRay 1080p 6CH
Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of Spotless Mind IMDB – 8.3/10 Rotten Tomatoes – 93% MKW – 5/5 -------------------------------------------------------- တစ်ကယ့် အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အပြင်မှာ ဖြစ်ခဲ့သလိုကို ယုံချင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားရဲ့ အဓိက သရုပ်ဆောင် နှစ်ယောက်က Jim Carrey နဲ့ Kate Winslet ပါ။ Kate Winslet ကို အားလုံး သိပြီးသားပါ။ မြန်မာပြည်မှာ နာမည်အကြီးဆုံး မင်းသမီးလို့တောင် ပြောလို့ရတယ်။ Titanic ရုပ်ရှင်နဲ့ အရမ်း နာမည်ကြီးခဲ့တယ်။ ကျွန်တော့်အဖို့တော့ Kate ဟာ ဒီကားမှာ Titanic ထက် အဆပေါင်းများစွာ ပိုကောင်းခဲ့တယ်။ တစ်ခါမှ မဆုံဖူးတဲ့ လူတစ်ယောက်ရဲ့ ထမင်းပန်းကန်ထဲက ကြက်ပေါင်ကြော်ကို ခွင့်တောင် မတောင်းပဲ ခပ်တည်တည်နှိုက်စားရဲတဲ့ အမျိုးသမီး . . ဒီနေ့မှ ...
8.3
IMDB: 8.3/10 822,751 votes
movie

Eternal Sunshine of the Spotless Mind (2004)

2004
BluRay 1080p 6CH
Kung Fu Hustle (2004) 7.8
Kung Fu Hustle (2004) မင်းကားကြီးစတီဖင်​​ချောင်​ရဲ့အလွန်​​ကောင်းမွန်​တဲ့ရုပ်​ရှင်​​လေးကို မိတ်​ဆက်​ပါရ​စေ။ ဒီဇာတ်​ကားဟာ ဟာသကားလည်းဖြစ်​သလို အက်​ရှင်​ကားလည်းဖြစ်​ပါတယ်​။ ဇာတ်​လမ်း​လေးက​တော့ ၁၉၄၀ဝန်းကျင်​ တရုတ်​ပြည်​တွင်​လူဆိုးလူမိုက်​ဂိုဏ်းအကြီးဆုံးမှာပုဆိနိဂိုဏ်းဖြစ်​ပါတယ်​။ မင်းသားစတီဖင်​​ချောင်​ဟာ အရမ်းကိုပဲပုဆိန်​ဂိုဏ်းကိုဝင်​ချင်​​နေ​ပေမဲ့ အဲ့ဂိုဏ်းဝင်​ဖြစ်​ဖို့အတွက်​လူသတ်​ဖူးရမှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​သူနဲ့သူ့သူငယ်​ချင်းဟာ လူအရမ်းရှုပ်​တဲ့ရပ်​ကွက်​တစ်​ခုကိုသွားပြီးလူမိုက်​သွားလုပ်​တယ်​။ အဲဒါလည်းမ​အောင်​မြင်​​တော့ မ​ကျေနပ်​ပဲ ပုဆိန်​ဂိုဏ်းကို​ခေါ်သွားတယ်​။ အရမ်းကြမ်းတမ်းတဲ့ပုဆိန်​ဂိုဏ်းရဲ့တိုက်​ခိုက်​မှု​တွေကို အဲ့ရပ်​ကွက်​မှာသာမန်​လူ​တွေလိုေ​န​နေတဲ့ Kung Fu Master ​တွေကခုခံတိုက်​ခိုက်​ခဲ့ပါတယ်​။ ဂိုဏ်း​ခေါင်း​ဆောင်​ကရှုံး​နေတယ့်​အတွက်​​ကြောင့်​အလွန်​​ကြောက်​စရာ​ကောင်းတဲ့ Beast လို့​ခေါ်တဲ့ Kung Fu Master တစ်​​ယောက်​ကို​ခေါ်လာပါတယ်​။ အရမ်းကြမ်းကြုတ်​ပြီး သိုင်းမှာလည်း​တော်​တယ့်​အတွက်​​ကြောင့်​ ရပ်​ကွက်​က သိုင်းဆရာ​တွေလည်းမခုခံနိုင်​​တော့ပါ။ အဲ့ချိန်​မှာ မင်းသားဟာ သူသာလျှင်​ Beast ကိုနိုင်​မယ့်​သူရဲ​ကောင်းဆိုတာကို​​​သိလာခဲ့တယ်​။ အရမ်းကိုရယ်​ရတဲ့ကားဖြစ်​ပြီး သိုင်းအကွက်​​တွေကလည်းအရမ်းကိုကြည့်​​ကောင်းပါတယ်​။ ဒီဇာတ်​ကားဟာ ၂၀၀၄ခုနစ်​မှာထွက်​ခဲ့ပြီး ကြည့်​တိုင်းမရိုးရတဲ့ကား​လေးပါ။ ပရိတ်​သတ်​​တွေလည်းကြိုက်​မယ်​လို့​မျှော်​လင့်​ပါတယ်​။ Review Credit to Original Translator - Aung Myint Oo Encoder - Robinn Hood
7.8
IMDB: 7.8/10 114,437 votes
movie

Kung Fu Hustle (2004)

2004
BluRay 1080p 6CH
The Notebook (2004) 7.9
The Notebook (2004) The Notebook အညွှန်း =========== ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ဘော်ဒါတိုင်း ကြည့်ဘူးကြမယ်လို့ ယုံကြည်မိပါတယ်။the notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီးnicholas sparks ရဲ့ ဝတ္ထု ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေးပြု နေတဲ့စာရေးဆရာကြီးဆိုလည်းမှားမယ်မထင်ပါဘူး။သူဝတ္ထု ကိုပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း သောက်သောက်လဲလူကြို က်များ အောင်မြင်တဲ့အတွက်ပါ။ယခု the notebook ဇာတ်ကားကလည်း ဆယ်ကျော်သက်တွေကြားမှာအရမ်းလူကြို က်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားအများစုက ရိုးရှင်းတဲ့ ဇာတ်အိမ်လေးတွေနဲ့ အချစ်ကိုဆွတ်ပျံ့ ကြည်နူးဖွယ်ဖြစ်အောင် ပုံဖော်တတ်ပါတယ်။အခြားအချစ်ကားတွေလိုရှု ပ်ထွေးတဲ့ဇာတ်အိမ် လိင်ကိစ္စအသားပေးထားတာမျိုး သူ့ဇာတ်ကားတွေထဲမှာ သိပ်ပြီးမတွေ့ရပါဘူး။မနှစ်ကထွက်ထားတဲ့ the best ofmeနဲ့ ယခု the notebookက ဇာတ်အိမ်တည်ဆောက်မှု က တူညီပါတယ်။ဒါပေမယ့် ပိုပြီး ကောင်းသွားတာက ယခု the notebook ဇာတ်ကားဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryan Gosling နဲ့ Rachel McAdams ...
7.9
IMDB: 7.9/10 466,116 votes
movie

The Notebook (2004)

2004
BluRay 1080p 6CH
Hellboy (2004) 6.9
Hellboy (2004) ငယ်ငယ်တုန်း က မှုန်တုန်ဝါးတား နဲ့ ကြည့်ခဲ့ရတဲ့ ကားလေးပေါ့ဗျာ။ ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဟာ စစ်ပွဲ အခြေအနေ ဆိုးရွားမှုတွေ နဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ သမရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေ နဲ့ စစ်နိုင်အောင် ကြိုးပမ်းဖို့ ကြံစည်ခဲ့ကြတယ်။ သူရ်လ် လို့ ခေါ်တဲ့ လောကီပညာရှင် (မှော်ဆရာ)ဂိုဏ်း နဲ့ ဆက်သွယ်ပူးပေါင်းပြီး တခြား လောကတစ်ခုရဲ့ ဝင်ပေါက် ကို ဖွင့်လှစ်လို့ သဘာဝ မဆန်တဲ့ သတ္တဝါတွေ အကူအညီ နဲ့ စစ်ပွဲကို အနိုင်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန် သမ္မတ ရုစဗဲ့ ရဲ့ လက်အောက် က သဘာဝလွန်ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ကနေ စစ်ဆင်ရေးတစ်ခုအနေနဲ့ သွားရောက်တားဆီးကြပေမဲ့ ဝင်ပေါက်ကို အချိန်မီ မပိတ်လိုက်နိုင်တဲ့ အတွက် ထူးဆန်းတဲ့ အနီရောင် ကောင်လေး တစ်ယောက် က ၎င်းဝင်ပေါက်ကနေ ...
6.9
IMDB: 6.9/10 279,776 votes
movie

Hellboy (2004)

2004
BluRay 1080p 6CH
National Treasure (2004) 6.9
National Treasure (2004) လက်ရှိလူတွေသုံးစွဲနေတဲ့ရတနာတွေဟာ လူ့သမိုင်းတစ်လျှောက်မှာ ရှာဖွေတွေ့ရှိခဲ့သမျှ ရတနာတွေရဲ့၁၀ ပုံ ၁ ပုံပဲ ရှိသေးတယ်လို့ ဆိုတယ်။ ရှေးလူတွေရှာဖွေတွေ့ရှိခဲ့တဲ့ ရတနာတွေဟာ စစ်ကြောင့် ကပ်ဘေးကြောင့် ရာသီဥတုကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေရသလို သိုဝှက်သိမ်းဆည်းခံထားရတာတွေလည်း ရှိတတ်တယ်။ လောဘစေရာ မနေသာလို့ ဒီရတနာတွေနောက် ခြေရာကောက်ပြီး လိုက်ရှာတဲ့ရတနာမုဆိုးတွေလည်း ခေတ်အဆက်ဆက် ပေါ်ခဲ့ကြတယ်။ ရတနာဆိုတဲ့ စကားလုံးမှာ ရွှေငွေကျောက်သံပတ္တမြားတွေ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေပါသလို ဘာသာရေးအရဦးထိပ်ထားစရာ အမွေအနှစ်တွေလည်း အကျုံးဝင်တယ်။ ဒီလိုနယ်ပယ်ကျယ်ပြန့်တဲ့ ဝေါဟာရနဲ့ သမိုင်းအရိပ်အောက်မှာစာရေးဆရာတွေ ဒါရိုက်တာတွေအတွက်တော့ ဖန်တီးချင်စရာ စိတ်ကူးယဉ်စရာ ဇာတ်လမ်းတွေ နှိုက်ထုတ်လို့မကုန်လောက်အောင်ပါပဲ။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Nicholas Cage ရဲ့ National Treasure ဆိုတဲ့ ရုပ်ရှင်ကားကို အတော်များများကြည့်ဖူးကြမှာသေချာတယ်။ ဝင်ငွေပိုင်းကော ဝေဖန်ရေးဆရာတွေရဲ့ ကလောင် ဖျားမှာကော အောင်မြင်လှတယ်လို့ မဆိုနိုင်ပေမယ့် ဒီကားကိုကြည့်မိတဲ့လူငယ်တွေဟာ အမေရိကန် ပြည်ထောင်စုသမိုင်းစာအုပ်တွေကို ပြန်လှန်ဖြစ်ကြတာဟာ ဖန်တီးသူတွေအတွက် အောင်မြင်မှုပဲ။ ကလေးတွေကလည်း ...
6.9
IMDB: 6.9/10 279,597 votes
movie

National Treasure (2004)

2004
BluRay 1080p 6CH
Troy (2004) 7.2
Troy (2004) Troy (2004) Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဘူးနားဝရှိကြပါလိမ့်မည်။ ထင်ရှားကျော်ကြားသော စစ်ပွဲတွေ အကြောင်းကို ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေ လက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီး ဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့ ၏ ထရွို င်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြု စိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့ နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။ လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ ထရွို င်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ...
7.2
IMDB: 7.2/10 439,046 votes
movie

Troy (2004)

2004
BluRay 1080p 6CH
Downfall (2004) 8.2
Downfall (2004) ဒီဇာတ်​လမ်းကိုမကြည့်​ဖူး​သေးရင်​​တောင်​ အစည်းအ​ဝေးခန်းကျဉ်း​လေးတစ်​ခုထဲမှာ ဟစ်​တလာကြီး ​အော်​ဟစ်​​ပေါက်​ကွဲ​နေတဲ့ အခန်းကို တခြားဟာသစာသား​တွေထည့်​ပြီး တင်​ကြတာကိုမြင်​ဖူး​တော့ရင်းနီး​နေကြမယ်​ထင်​ပါတယ်​။ ဇာတ်​လမ်းကိုကြည့်​ပြီးထားတဲ့လူအချို့က​ပြောတယ်​ ဒီ​နေရာမှာဘယ်​လိုစာသားထည့်​ထည့်​ သူတို့မရယ်​မိ​တော့ပါဘူးတဲ့ ကိုယ်​တိုင်​လည်း မကြည့်​ရ​သေးခင်​အထိ အဲ့ဒီစကားကိုအနည်းငယ်​ ပိုတယ်​ထင်​​ပေမယ့်​ အပြစ်​​တော့မဆိုမိပါဘူး။ ဒီလိုနဲ့​စောင့်​ကြည့်ဖို့ကြုံလာလို့ကြည့်​ပြီးသွားတဲ့အခါ သူတို့​ပြောတာ ပိုတယ်​လို့မထင်​​တော့ပဲ ဖြတ်​ညှပ်​ထည့်​ထားတဲ့ ဟာသစကား​တွေကို မမြင်​​တော့ပါဘူး ​သွေးပျက်​စွာ​အော်​ဟစ်​​နေတဲ့ ဟစ်​တလာကြီးရဲ့အတ္တကြီးမှု​တွေကိုသာမြင်​ပြီး ကြက်​သီး​တွေ​ထမိတဲ့အထိဖြစ်​လာတယ်​။ အရင်​က ဂျူး နဲ့ ဂျာမန်​ ဇာတ်​လမ်း​တွေကို အ​တော်​များများကိုကြည့်​ဖူး​ပေမယ့်​ ဂျူး​တွေဘက်​က ဇာတ်​နာမှုအများစုကို မျက်​ရည်​ဥ​လောက်​​အောင်​မြင်​ခဲ့ရတာများပါတယ်​။ အခုတစ်​ဖန်​ ဂျာမန်​​တွေရဲ့ဖြစ်​ရပ်​ကိုမြင်​ရတဲ့အခါလည်း စိတ်​ချမ်း​မြေ့စရာတစ်​စက်​မှကိုမရှိပါဘူး။ ယမ်း​ငွေ့ကြားထဲအတုံးအရုံးလဲပြိုကျ​နေတဲ့ ဘာလင်​မြို့သူမြို့သား​တွေ လူမမယ်​က​လေး​တွေနဲ့ ခိုကိုးရာမဲ့တဲ့သက်​ကြီးရွယ်​အိုပြည်​သူ​တွေဟာ ​မြေဇာပင်​အဖြစ်​နဲ့ အနာဂတ်​​ပျောက်​ခဲ့ရတယ်​။ ဒီလိုအဖြစ်​ဆိုး​တွေနဲ့ ကြုံ​တွေ့ရတဲ့ ရင်​နာစရာမြင်​ကွင်း​တွေကိုမြင်​​တွေ့ပြီးတဲ့အခါ ​သေချာပါတယ်​ အထက်​က​ပြောခဲ့သလို ဒီ​နေရာမှာ ဘယ်​လိုဟာသစာသားထည့်​ထည့်​ ရယ်​မိကြမှာမဟုတ်​​တော့ပါဘူး။ ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ ” Downfall”မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် ...
8.2
IMDB: 8.2/10 296,052 votes
movie

Downfall (2004)

2004
BluRay 1080p 6CH