Burmese Subtitle

1955

The Dam Busters (1955) 7.4
The Dam Busters (1955) The Dam Buster ***************** အချိန်ကား ၁၉၄၃ခုနှစ်။ နာဇီဂျာမနီတို့၏ လေကြောင်းအင်အားမှာ စစ်ကြီးအစလောက် အင်အားမထွားနိုင်တော့သော်လည်း ရံဖန်ရံခါဆိုသလို ဗြိတိန်မြို့တော် လန်ဒန်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ ဗြိတိန်လေတပ်အနေဖြင့်ရန်သူဂျာမန်ပစ်မှတ်များအား ပြန်လည်ဗုံးကြဲတိုက်ခိုက်နေပြီဖြစ်သော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေး။ ဗြိတိန်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြည်သူတို့ စိတ်အားတက်ကြွစေကာ ရန်သူဂျာမန်တို့ကိုလည်း အရှိုက်ထိုးမိစေသလို ဖြစ်စေမည့် တစ်ချက်ခုတ် နှစ်ချက်ပြတ် စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲရန် အားသန်လျက် ရှိပေသည်။ ထိုသို့ရန်သူ့အရှိုက်ကို ထိုးမိစေသလို ဖြစ်စေမည့် ပစ်မှတ်များကား မရှိမဟုတ်၊ ရှိပေသည်။ ဂျာမန်လက်နက်စက်ရုံများ လျှပ်စစ်ဓာတ်အားအတွက် မှီခိုနေရသော ရေကာတာကြီးများကို ဖြိုလိုက်လျှင် ရန်သူ့စွမ်းအင်အရင်းအမြစ်ကို ရိုက်ချိုးနိုင်ရုံမျှမက ရေကြီးရေလျှံဖြစ်စေကာ ဂျာမန်ပြည်သူတို့၏ စိတ်ဓာတ်ကိုလည်း ရိုက်ချိုးနိုင်ပေလိမ့်မည်။ ခက်နေသည်ကား အဘယ်သို့သော လက်နက်ခဲယမ်းမျိုးကို သုံးမည်နည်းဆိုသော မေးခွန်းပင်ဖြစ်သည်။ အင်ဂျင်နီယာအတတ်ပညာတွင် ဆရာတစ်ဆူဟု ဆိုရမည့် ဂျာမန်အင်ဂျင်နီယာတို့၏လက်ရာဖြစ်သော ရေကာတာကြီးများ၏ ခိုင်ခံ့မှုမှာ မာကျောတောင့်တင်းလှသည်ဖြစ်ရာ လက်ရှိသုံးနေသည့် ပေါင်ငါးရာဗုံးများမှာ ပန်းနဲ့ပေါက်သကဲ့သို့ ...
7.4
IMDB: 7.4/10 9,452 votes
movie

The Dam Busters (1955)

1955
BluRay 1080p 6CH