Burmese Subtitle
Web-DL 1080p 6CH
Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) ပရိတ်သတ်တို့စောင့်မျှော်နေကြတဲ့ WW84 ကို တင်ဆက်ပေးလိုက်ပါတယ် 2017 တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားကတော့ ပထမကမ္ဘာစစ် အချိန်ကာလအတွင်းကို ရိုက်ထားတာပါ အခု ဇာတ်ကားထဲမှာတော့ စစ်ပွဲတွေ ပြီးဆုံးသွားပြီး နောက် ဒိုင်ယာနာက ၁၉၈၄ ခုနှစ် အချိန်ကာလမှာ ‌ပုံမှန်ဘဝ လေးမှာ ပြတိုက်မှာ အလုပ်လုပ်လိုက် ရာဇဝတ်သားတွေကို ဆော်လိုက်နဲ့ အေးဆေးပဲနေထိုင်နေပါတယ် တစ်နေ့ FBI က ဒိုင်ယာနာ အလုပ်လုပ်တဲ့ ပြတိုက်ဆီကို မှောင်ခိုဈေးကွက်တစ်ခုကနေ သိမ်းဆည်းရရှိထားတဲ့ ရှေး‌ခေတ် ကျောက်တံုးေလးတစ်တံုး ကို သုတေသန ပြုဖို့ဆိုပြီး ပို့လိုက်ပါတယ် အဲဒီကျောက်တုံးလေးက ဒီဇာတ်ကားရဲ့ အဓိကဇာတ်အိမ်ပေါ့နော် ‌ဒီကားက အရင် ထွက်ခဲ့တဲ့ကားတွေ နဲ့ မတူတာ‌ေတာ့ ‌အသေအချာပဲ ပရိတ်သတ်တို့ ကြည့်တဲ့အခါအရသာပျက်နေမှာဆိုးတဲ့ အတွက် အရမ်းတော့ပြောမနေတော့ ဘူး အခုပဲ down ကြည့်လိုက်ကြတော့နော် Review ...
6.8
IMDB: 6.8/10 10,037 votes
movie
Wonder Woman 1984 (2020)
2020
Web-DL 1080p 6CH
Behind the Line: Escape to Dunkirk (2020) 7.2
Behind the Line: Escape to Dunkirk (2020) Action, Drama, War အမျိုးအစားဖြစ်ပါတယ်။ rating 7.5 ရထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အပြီး ဒန်းကတ်ခ် ကို သွားဖို့ ကြိုးစားနေတဲ့ ဗြိတိသျှစစ်သားအုပ်စုက ပြင်သစ်ကိုဖြတ်ကျော်ရန်ကြိုးစားနေစဉ် ဖမ်းဆီးခံလိုက်ရတယ်။ စစ်သားတွေထဲမှာ ကျော်ကြားတဲ့ လက်ဝှေ့ကစားသမား ဒန်နီဖန်နီဂန် ပါဝင်နေပါတယ်။ ရက်စက်သော အရာရှိက သူ့ရဲ့ လူနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒန်နီကို ဖိအားပေးခဲ့တယ်။ အဲ့အချိန်မှာပဲ ဒန်နီ နဲ့ အပေါင်းအပါဟာ စခန်းကနေ ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်း ရှာကြပါတယ်။ သူတို့ကို ဘယ်လိုမှ ရက်စက်ကြမ်းတမ်းတဲ့ အရာရှိက လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒန်နီတို့ စည်းလုံးညီညွှတ်စွာနဲ့ ကြိုးစားပြီး အစီအစဉ်တွေ နည်းလမ်းတွေ ရှာကြတဲ့အခါမှာ တကယ်ပဲ သူတို့ ထွက်ပြေးလွတ်မြောက်ပြီး အိမ်ပြန်နိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Translated By Yoon Pann Eain
7.2
IMDB: 7.2/10 1,109 votes
movie
Behind the Line: Escape to Dunkirk (2020)
2020
Web-DL 1080p 6CH
The Swordsman (2020) 6.5
The Swordsman (2020) ခုတင်ဆက်ပေးမဲ့ကားလေးကတော့ IMDB rating 6.7/10ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။2020 September 23မှာထွက်ရှိခဲ့ပြီးMaincastတွေအနေနဲ့ Jung Hyuk Joe Taslim Kim Htun Sooတို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဂျိုဆွန်းနိုင်ငံဟာ အရင်မင်းကြီးကိုနန်းချပြီးစဉ်ကတည်းက တဖြည်းဖြည်းဆုတ်လျော့လာပါ‌ေတာ့တယ်။တစ်ခြားအိမ်နီးချင်းနိုင်ငံတွေကိုမျက်နာချိုသွေးပြီးတောင်းဆိုသမျှလိုက်လျောနေရတဲ့အနေအထားရောက်နေပါတယ်။ အစကကျွန်တွေကိုတောင်းဆိုရာကနေတစ်ဆင့် မူးမတ်သားသမီးတွေအထိတောင်းဆိုလာနိုင်ချေရှိမှန်းခန့်မှန်းမိတဲ့ မူးမတ်တွေဟာ သူတို့သားသမီးတွေမပါစေဖို့အရေးကို အခြားမတတ်နိုင်တဲ့မိသားစုတွေရဲ့သားသမီးကို အစားထိုးပို့ပေးဖို့ကြံစဉ်ကြပါတော့တယ်။အဲထဲမှာမှ တောင်ပေါ်မှာ မျက်မမြင်အဖေနဲ့အတူနေထိုင်တဲ့ သမီးလေးထယ်အွန်းပါ အစားထိုးခံပါသွား‌ကြောင်း ဖခင်သိသွားတဲ့အခါ သမီးလေးကိုမရမကလိုက်ကယ်ပါတော့တယ်။ အဲ့ဒီအဖေက ဘယ်သူလဲ။ သူ့နောက်ကြောင်းကဘာတွေကိုဖုံးကွယ်ထားတာလဲဆိုတာကို screen time 1:40ကျော်လေးတဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Review & Translated by ozone
6.5
IMDB: 6.5/10 280 votes
movie
The Swordsman (2020)
2020
Web-DL 1080p 6CH
Pets United (2019) 3.9
Pets United (2019) စက်​ရုပ်​​တွေနဲ့ လည်​ပတ်​​နေတဲ့ ရိုဘိုလို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်…. တစ်မြို့လုံးသက်မဲ့တွေနဲ့လုပ်ရှားသလိုဖြစ်နေတဲ့ ဒီနေရာမှာ လေလွင့်ခွေးလေး ရော်ဂျာအတွက် အတော်အဆင်မပြေလှ….လေလွင့်ခွေးတွေ လိုက်ဖမ်းတဲ့ စက်ရုပ်ရဲတွေရန်ကိုရှောင်ရ အသက်ဆက်ဖို့ အစာရှာရတာလည်းခက်လှကိုး… ဒီလိုအချိန်မှာ မြို့တော်ဝန်ဟာ ရိုဘိုမြို့ကနေ လူတွေအားလုံးကိုပြောင်းရွှေ့ဖို့အမိန့်ထုတ်လိုက်တယ်… ဒါ့ကြောင့် ရိုဘိုမြို့က အိမ်မွေးတိရစ္ဆာန်တွေ တော်တော်များများ အိမ်ခြေမဲ့တွေဖြစ်ကုန်ကြတယ်… မြို့တော်ဝန်မှာ မသာမာမှုပေါင်းများစွာရှိနေနိုင်တာကို ခန့်မှန်းမိတဲ့ ရော်ဂျာတို့ အဖွဲ့တွေဟာမထူးဇာတ်ခင်းပြီး မြို့တော်ဝန်ရဲ့လျှို့ဝှက်ချက်တွေနဲ့ အဖျက်အမှောင့်တွေကို စုံစမ်းပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး…. Review Credit
3.9
IMDB: 3.9/10 1,606 votes
movie
Pets United (2019)
2019
Web-DL 1080p 6CH
Table No. 21 (2013) 7.1
Table No. 21 (2013) ခရီးသွား ကံစမ်းမဲပေါက်ပြီး မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဖီဂျီကိုရောက်လာတဲ့ စုံတွဲတစ်တွဲဟာ .... မထင်မှတ်ပဲ ဖီဂျီက အပန်းဖြေစခန်းပိုင်ရှင်ရဲ့ ဖိတ်ကြားခြင်းကို ခံရတယ်။ နောက်ပြီး ပိုင်ရှင်က ဝက်ဆိုက်ဂိမ်းတစ်ခုကို ကစားဖို့ ထပ်မံဖိတ်ခေါ်ခဲ့တယ် ဒါနဲ့ စုံတွဲ တစ်တွဲဟာ စားပွဲနံပတ် ၂၁ ဆိုတဲ့ ဂိမ်းတစ်ခုမှာ ပါဝင်ကစားခဲ့ကြတယ် ... ဆုကြေးက ရူပီး ၂၁ ကုဋေ မေခွန်း ၈ ခု၊ အဖြေ ၈ ခု၊ တာဝန် ၈ ခု ဂိမ်းကို ကစားကြရင်း တဖြည်းဖြည်း သူတို့အတွက် ပြန်ထွက်လို့မရတဲ့ အခြေနေကိုရောက်လာခဲ့တယ် အဲ့ဒီနောက်မှာတော့ ..... အညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Win Thant ပဲဖြစ်ပါတယ်ခင်ဗျာ
7.1
IMDB: 7.1/10 11,125 votes
movie
Table No. 21 (2013)
2013
Web-DL 1080p 6CH
Roald Dahl’s The Witches (2020) 5.4
Roald Dahl’s The Witches (2020) မင်းသမီးချော Anne Hathaway ပါဝင်သရုပ်ဆောင်ထားပြီး မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ စုန်းမတွေက ကလေးတွေကို အရမ်းမုန်းကြပါတယ် အဲ့တာကြောင့်မို့ သူတို့ကို အမြဲဖျက်ဆီးဖို့ ကြံစည်နေကြပါတယ် တစ်နေ့မှာတော့ စုန်းမတွေရဲ့ခေါင်းဆောင် စုန်းမချုပ်ကြီးက ကလေးတွေအကုန်လုံးကို ကြွက်အဖြစ်ပြောင်းဖို့ အကြံရခဲ့ပါတယ် တခြားတစ်ဖက်မှာလည်း မိဘတွေကိုဆုံးရှုံးလိုက်ရပြီး အဖွားနဲ့နေနေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် အဲ့ကောင်လေးက စုန်းမတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ကောင်လေးနဲ့ သူ့အဖွားဘယ်လိုရင်ဆိုင်ကြမလဲ Anne Hathaway ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းဗီလိန်ပီသလွန်းတယ်လို့ မှတ်ချက်တွေပေးခံနေရတာပါ ကောင်လေးက ကြွက်အဖြစ်ပြောင်းသွားမလား တခြားကလေးတွေကိုရော ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားလိုက်ကြပါဦးရှင် Credit Review
5.4
IMDB: 5.4/10 12,599 votes
movie
Roald Dahl’s The Witches (2020)
2020
Web-DL 1080p 6CH
Deliver Us from Evil (2020) 6.8
Deliver Us from Evil (2020) Deliver Us from Evil(2020) NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား…. အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်…. ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်….. နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့ အပြိုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်… အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့ လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ… Review Credit
6.8
IMDB: 6.8/10 659 votes
movie
Deliver Us from Evil (2020)
2020
Web-DL 1080p 6CH
Retribution (2006) 6.4
Retribution (2006) Retribution (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို International Film Festival Rotterdam မှာ ဒီလိုကြေငြာထားတယ် "ထိတ်လန့်မှုကို မကြိုက်သူများအတွက် ထိတ်လန့်ခြင်း" အဓိကဇာတ်ကောင်ကတော့ တိုကျိုမြို့က စုံထောက်တစ်ယောက် ဟာ လူသတ်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ တူညီတဲ့ နည်းလမ်းရှိတာကြောင့် ကွင်းဆက်လူသတ်သမားပုံစံ ဖြစ်နေတယ်လို့ ယူဆမိတယ် ... ထို့နောက် စုံထောက်ဟာ ပထမဆုံးသားကောင် ဖြစ်ပုံရတဲ့အတွက် သရဲခြောက်ခြင်းကို စ, ခံရတယ် အဲ့ဒီနောက်မှာတော့ .............. ဒီဇာတ်ကားဟာ ရာဇ၀တ်မှုဖြေရှင်းခြင်းနဲ့ လူသတ်သမားကို ဖမ်းဆီးခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုများနဲ့ ရှာဖွေခြင်းမှတဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ပြကွက်များနဲ့ ပြည်စုံနေပါတယ် ဒါပေမယ့် အဓိပ္ပာယ်နားလည်ခြင်းကို အားလုံး မရစေပေမယ့် အဆုံးမှာတော့ ရှင်းပြထားပါတယ် အချို့သောသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရနိုင်သော်လည်း ဖြစ်နိုင်တာကတော့ ရုပ်ရှင်၏အဓိကအချက်ပါပဲ သာမန် အမေရိကန် ထိတ်လန့်မှုကို မျှော်လင့်နေသူတစ်ယောက် ဆိုရင်တော့ ဒီရုပ်ရှင်ကို သင်စိတ်ပျက်မိမှာတော့ အသေအချာပါ အကယ်၍ သင်ဟာ အချို့သော ခြောက်လှန့်မှုများအပါအ၀င် မှောင်မိုက်နေပြီး နက်နဲသောအရာအချို့ကို နှစ်သက်ပါက ဒီရုပ်ရှင်ကိုလည်း နှစ်သက်မယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ် ဘာသာပြန်ကတော့ Kyaw Swar Winn Thant (ဘစွာ) ဖြစ်ပါတယ်
6.4
IMDB: 6.4/10 2,496 votes
movie
Retribution (2006)
2006
Web-DL 1080p 6CH
The Maid (2020) 5.6
The Maid (2020) 2020ထွက် horror /thriller ထိတ်လန့်ခြောက်ခြားဖွယ် ကားလေးတစ်ကား တင်ဆက်ပေးပါရစေ. Imdbကလဲ 5.6ဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ ညွှန်းနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို ဂျွိုင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်. ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသော စည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ. ဂျွိုင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး. စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကို မြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ. ဂျွိုင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာ ဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်. ဂျွိုင်းဟာ အိမ်သူအိမ်သားတွေကို မေးကြည့်တော့ သူမြင်ခဲ့တဲ့ မိန်းမဟာ ဒီအိမ်ကနေ ဘယ်သူမှမပြောပဲ ထွက်သွားခဲ့တာပါဆိုတဲ့ အဖြေကလွဲပြီး တိတိကျကျမသိခဲ့ရပါဘူး. ဂျွိုင်းဟာ စပ်စုချင်စိတ်ကြောင့် စူးစမ်းရင်း အဲ့ဒီမိန်းမက ဘယ်သူဆိုတာ သိခဲ့ရပါတယ်. သူရဲ့သိရခြင်းတွေကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး. ဂျွိုင်း သိခဲ့ရတာက ဘာဖြစ်မလဲ? အဲ့ဒီမိန်းမက လူလား ဒါမှမဟုတ် နာနာဘာဝလား? ဒီစံအိမ်ကြီးမှာ ဘာတွေ ဖုံးကွယ်ထားတာရှိလဲဆိုတာကို မထင်မှတ်ထားတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတပုဒ်မလို့ ရုပ်ရှင်ချစ်သူတို့ ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. Review Credit Channel Myanmar
5.6
IMDB: 5.6/10 390 votes
movie
The Maid (2020)
2020
Web-DL 1080p 6CH
Enola Holmes (2020) 6.7
6.7
IMDB: 6.7/10 57,893 votes
movie
Enola Holmes (2020)
2020
Web-DL 1080p 6CH
#Alive (2020) 6.2
#Alive (2020) Unicode မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ…သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါtrailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် #Credit Zawgyi မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ…သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါtrailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် #Credit
6.2
IMDB: 6.2/10 15,928 votes
movie
#Alive (2020)
2020
Web-DL 1080p 6CH
Peninsula 5.5
Peninsula ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက်ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ်။ ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ။ အရင်က Train To Busanပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ်။ အခုကားကတော့အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။ Credit Review
5.5
IMDB: 5.5/10 9,676 votes
movie
Peninsula
2020
Web-DL 1080p 6CH
Greyhound 7.1
Greyhound အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ…ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ… သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်…. ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ….ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်…ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့….ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်….ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို ...
7.1
IMDB: 7.1/10 36,852 votes
movie
Greyhound
2020
Web-DL 1080p 6CH
Skyfire 5.2
Skyfire Action ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ တရုတ် အက်ရှင် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အညွှန်းအနေနဲ့ကတော့... တီအမ်နို ကျွန်းက အလွန်ကိုလှပတဲ့ ကျွန်းတစ်ကျွန်းပါ ပစိဖိတ်သမုဒ္ဒရာ နားက မီးတောင်တွေရှိတဲ့ ဒီကျွန်းလေးမှာ ဘူမိဗေဒပညာရှင်လေး Li Xiaomeng တစ်ယောက် မီးတောင် စောင့်ကြည့်လေ့လာရေး အတွက် သူ့အဖွဲ့နှင့်ရောက်ရှိနေခဲ့ပြီး မီးတောင်တွေရဲ့ အကြောင်းတွေ ကိုလေ့လာစူးစမ်းနေခဲ့ပါတယ်... ဒီဇာတ်ကားက မီးတောင်တွေ ကြားမှာ အလွန်ကိုသေသပ် ရိုက်ကူးတင်ဆက် ထားတဲ့ တရုတ်ရုပ်ရှင်ရဲ့ လက်ရာကို BS မှာ အလန်းစားကွာလတီနဲ့ ကြည့်ရှုခံစားလိုက်ပါ  
5.2
IMDB: 5.2/10 134 votes
movie
Skyfire
2019
Web-DL 1080p 6CH
Scoob! 5.8
Scoob! 2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။ စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ် လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ ...
5.8
IMDB: 5.8/10 9,306 votes
movie
Scoob!
2020
Web-DL 1080p 6CH
Extraction (2020) 6.8
Extraction (2020) သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာအနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ။Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်းတိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်းပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။ Credit Review
6.8
IMDB: 6.8/10 72,683 votes
movie
Extraction (2020)
2020
Web-DL 1080p 6CH
Track Down to the Origin of Wuhan Corona Virus
Track Down to the Origin of Wuhan Corona Virus Track Down to the Origin of Wuhan Corona Virus Epoch သတင်းဌာနက တင်ပြထားတဲ့ ဒီ Documentary ရဲ့အမည်ကတော့ Track Down to the Origin of Wuhan Corona Virus ဖြစ်ပြီး အခုချိန်မှာ ကပ်ဆိုးကြီးတစ်ခုလို ဖြစ်နေတဲ့ ကော်ရိုနာ ဗိုင်းရပ်စ်ရဲ့ ကနဦးပေါက်ဖွားရာကို သတင်းထောက်တစ်ယောက်ရဲ့အမြင်နဲ့ ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီ Documentary မှာတော့ Covid-19 ဆိုတဲ့ ကော်ရိုနာဗိုင်းရပ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီက ဖန်တီးတာလို့ အထောက်အထားမျိုးစုံ၊ အချက်အလက်မျိုးစုံနဲ့ စွပ်စွဲထားပါတယ်။ ကျွန်တော်တို့တွေ ရိုးရာသကြ်န်ကိုတောင် မပျော်လိုက်ရအောင် ခြောက်လန့်ခဲ့တဲ့ Covod-19 ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ပေါက်ဖော်ကြီးရဲ့ လက်ရာလား? ဒီ Documentary မှာ ကော်ရိုနာဗိုင်းရပ်စ်ဟာ တရုတ်က ဖန်တီးတာလို့ ချက်နဲ့လက်နဲ့ စွပ်စွဲထားပြီး ...
IMDB: /10 votes
movie
Track Down to the Origin of Wuhan Corona Virus
2020
Web-DL 1080p 6CH
Shimla Mirchi (2020) 4.7
Shimla Mirchi (2020) Shimla Mirchi (2020) ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့် သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲ ဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ် သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ် အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက် နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ် သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ် အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ် သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ် အဲ့ဒိအဖြေကတော့ … “ငါ့အမေ နင့်ကို ချစ်နေတယ် အဗီး” တဲ့ ကဲ ဒီသုံးပွင်ဆိုဇာတ်မှာ ဘာတွေရှုပ်ကုန်တာလဲ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျာ Review Credit to CM
4.7
IMDB: 4.7/10 748 votes
movie
Shimla Mirchi (2020)
2020
Web-DL 1080p 6CH
The Invisible Man (2020) 7.2
The Invisible Man (2020) The Invisible Man (2020) February လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . . Review Credit
7.2
IMDB: 7.2/10 73,308 votes
movie
The Invisible Man (2020)
2020
Web-DL 1080p 6CH