Burmese Subtitle

4K HDR

Kingsman: The Golden Circle (2017) 6.8
Kingsman: The Golden Circle (2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ...
6.8
IMDB: 6.8/10 199,066 votes
movie

Kingsman: The Golden Circle (2017)

2017
4K HDR
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) အထူးစံစမ်း စစ်ဆေးရေးအဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ Kingsman အဖွဲ့ဟာ စစ်ဆင်ရေးတစ်ခုမှာ မထင်မှတ်ဘဲ စစ်ဆင်ရေးတစ်ခုမှာ Kingsman အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရပါတယ်။ ဒါကြောင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီဟဒ် ဟာ သေဆုံးသွား တဲ့ အဖွဲ့ဝင်တစ်ဦးစီကို ဝမ်းနည်းကြောင်း ပြောပြပြီးတော့ တံဆိပ်ပြာလေးတစ်ခုကို ပေးခဲ့ပါတယ်။ အမေဖြစ်သူကလက်မခံခဲ့တဲ့အတွက် သူ့သားလေးဖြစ်တဲ့အဂ်ဆီကိုပေးလိုက်ပါတယ်။ ကာလအတန်ကြာလာတဲ့အခါ အဂ်ဆီရဲ့ပထွေး တပည့်တွေကို တန်ပြန်လုပ်ဖို့ဆိုပြီး သူ့တပည့်ကားကိုယူပြီးမောင်းရာမှ ရဲစခန်းကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲကြုံနေတဲ့ အဂ်ဆီ တစ်ယောက် သူ့ကိုပေးခဲ့တဲ့ ဆုတံဆိပ်ပြားလေးကို မှတ်မိပြီး အကူအညီတောင်းလိုက်တဲ့အခါ.... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
7.7
IMDB: 7.7/10 587,233 votes
movie

Kingsman: The Secret Service (2014)

2014
4K HDR
Pacific Rim: Uprising (2018) 5.7
Pacific Rim: Uprising (2018) ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁ဝနှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့ အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက် နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင် သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့ ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင် လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့့ပေါ်ပေါက်လာတယ်။ ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ......ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်)
5.7
IMDB: 5.7/10 66,378 votes
movie

Pacific Rim: Uprising (2018)

2018
4K HDR
Pacific Rim (2013) 6.9
Pacific Rim (2013) ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ခြေကနေပြီးတစ်ခြားကမ္ဘာကနေဂြိုလ်သားမျိုးနွယ်စုတွေက ကမ္ဘာကိုဝင်ရောက် တိုက်ခိုက်ရာကနေပြီးဇတ်အိမ်တည်ထားပါတယ်။ဒီလိုမျိုးတိုက်ခိုက်တဲ့သတ္တဝါတွေကို ကိုင်ဂျူလို့ခေါ်ကြတယ် ကိုင်ဂျူတွေကိုတန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက်လူသားများဟာနိုင်ငံအသိီးသီးစုပေါင်းပြီးတော့ရေဂါလို့ခေါ်တဲ့ စက်ရုပ်ကြီးများကိုဖန်တီးပြီးတော့တန်ပြန်ခုခံတိုက်ခိုက်ပါတော့တယ်။အချိန်ကြာလာတဲ့အမျှကိုင်ဂျူတွေဟာ မိနစ်ပိုင်းလောက်သာခြားပြီးတစ်ကောင်ပြီးတစ်ကောင် ပစိဖိတ်သမုဒ္ဒရာကနေထွက်လာပါတော့တယ်၊ ဒီတော့လူသားမျိုးတွေဘဲပျက်သုဉ်းသွားမလား ၊ ကိုင်ဂျူတွေကိုဘဲခုခံတိုက်ခိုက်နိုင်မလားဆိုတာကိုဇတ်လမ်း ထဲမှာတစ်ဝကြီးကြည့်ရှုခံစားနိုင်ပါသည်။ Quality ကိုလည်း Blu-ray ကိုမှ4K 1080p  နှင့် 720p ကိုထားပေးထားပါတယ်။
6.9
IMDB: 6.9/10 463,485 votes
movie

Pacific Rim (2013)

2013
4K HDR
Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒီဇာတ်ကားလေးကတော့ ပ ဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ၀ိုင်းလ်ဒါ) ပ ဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပ ဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ...
6.5
IMDB: 6.5/10 242,401 votes
movie

Now You See Me 2 (2016)

2016
4K HDR
Now You See Me (2013) 7.3
Now You See Me (2013) နာမည်ကြီးတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ဝင် ရေအောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) ...
7.3
IMDB: 7.3/10 587,236 votes
movie

Now You See Me (2013)

2013
4K HDR
Ready Player One (2018) 7.6
Ready Player One (2018) ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ဒါပေမယ့် အီစတာ ဥကိုရရှိနိုင်ဖို့အတွက် အဓိက သော့ ၃ ချောင်းကို ရအောင် ရှာဖွေနိုင်ရမှာဖြစ်ပါတယ် … ဒီကစားပွဲအတွင်းမှာ ကိုယ်စိတ်ကူးယဉ်တာတွေမှန်သမျှကို တကယ်အကောင် အထည်ဖော်နိုင်အောင် ...
7.6
IMDB: 7.6/10 208,766 votes
movie

Ready Player One (2018)

2018
4K HDR
Avatar (2009) 7.8
Avatar (2009) Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… (စာတန်းထိုးကို ကျွန်တော်ကိုယ်တိုင်ပဲ ကိုးကားဘာသာပြန်ထားခြင်းဖြစ်ရာ လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းကြိုတင်ဝန်ခံထားချင်ပါတယ်…) Avatar က ၁၆၃ မိနစ် (၂ နာရီနဲ့ ၄၃ မိနစ်) ကြာတဲ့ဇာတ်ကား။ နည်းနည်းလေး ပျင်းဖို့ကောင်းအောင်ကြည့်ရတာကလွဲလို့ ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင် လောက်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ ဇာတ်ကားက မင်းသားမင်းသမီးတွေကလည်း ထိပ်တန်းတွေလည်း မဟုတ်ပါဘူး။ ဒါရိုက်တာကသာ တိုက်တန်းနစ်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုရတော့ ကမ္ဘာပေါ်မှာ သူကဘုရင်လို့ ကြွေးကြော်ခဲ့ဖူးတဲ့အထိ နာမည်ကြီးတဲ့သူပါ။ ဇာတ်ကားကတော့ ဇာတ်ကျောရိုး ရိုးပေမယ့် မြင်ကွင်းတွေက နေ့စဉ်ဘဝမှာ မတွေးမိတဲ့ နေရာတစ်ခုကို ခေါ်သွားတာကတော့ အသေအချာပါပဲ။ ကမ္ဘာမဟုတ်တဲ့နောက်တစ်နေရာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနေတဲ့ကမ္ဘာအပြင်ဘက်က ပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့ မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့ လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။ သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ...
7.8
IMDB: 7.8/10 1,105,194 votes
movie

Avatar (2009)

2009
4K HDR
Alita: Battle Angel (2019) 4K HDR 7.3
Alita: Battle Angel (2019) 4K HDR ပရိသတ်ကြီးသိတဲ့အတိုင်းပါပဲခင်ဗျာ ဒါရိုက်တာကြီး James Cameron ဆိုတာ ရုပ်ရှင်လောကမှာ Titanic,The Terminator,Avatar ဆိုတဲ့ဇာတ်ကားတွေနဲ့အောင်မြင်မှုတွေတသီကြီးရယူထားပြီး လက်တွေ့ဘဝမှာလည်း သမုဒ္ဒရာထဲကအနက်ဆုံးဖြစ်တဲ့ မာရီယာနာချောက်ကြီးရဲ့ လူသားတွေရောက်ရှိဖူးသမျှထဲမှာ အနက်ဆုံးနေရာကိုလည်းရောက်ရှိခဲ့ဖူးသူပါ ကဲဒီလိုအောင်မြင်မှုတွေရရှိထားသူတစ်ယောက်က ဒီကားမှာလည်းနောက်ထပ် အကြီးအကျယ်အောင်မြင်မှုတစ်ခုရရှိလေဦးမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားရမှာတစ်ခုတည်းနဲ့ဒီကားကတန်နေပါပြီ ပရိသတ်ကြီးလည်း ဇာတ်ကားလေးကိုဘယ်လိုမြင်ပါသလဲ စာကြွင်းအနေနဲ့ကတော့ Live Action တွေဆို အမြဲတမ်း Fail နေတဲ့ Hollywood Movie တွေကဒီတစ်ကြိမ်မှာကော fail ပါသလား comment ထဲမှာချန်ထားပေးခဲ့ပါခင်ဗျာဆွေးကြနွေးကြငြင်းခုံကြရအောင်ဗျာသြော်ဒါနဲ့ Alita ဆိုတာ 1990 ဒီဇင်ဘာလတည်းကရေးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ပြစာအုပ်ကိုမှီညှိမ်းထားတာနော် Credit Review
7.3
IMDB: 7.3/10 220,268 votes
movie

Alita: Battle Angel (2019) 4K HDR

2019
4K HDR
Fast & Furious Presents: Hobbs & Shaw 6.5
Fast & Furious Presents: Hobbs & Shaw [Unicode] Plot Virus တစ်ခုကြောင့် လူသားအားလုံး အသက်အန္တာရယ်ရှိလာတဲ့အခါမှာတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Luke Hobbs နဲ့ Deckard Shaw တို့နှစ်ယောက်ပူးပေါင်းပြီး Virus ကိုရှာ၊ ကမ္ဘာကြီးကို ကယ်တင်ဖု့ိဖြစ်လာပြန်ပါတော့တယ်။ Review Fast and Furious Presents: Hobbs & Shaw ဟာ FF franchise ရဲ့ ပထမဆုံး Spinoff ကားတစ်ကားဖြစ်လာပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံတွေအရ နောက်ဆို Fast and Furious Universe လိုမျိုးတွေသွားလာနိုင်သလို Hobbs & Shaw လည်း 2 တွေ 3 တွေ ထပ်လာနိုင်ချေရှိနေပါတယ်။ H&S ကို trailer မှာကတည်းက နည်းနည်းသတိထားမိတာက Fast and Furious နဲ့ မတူလောက်ဘူးဆိုတာပါ။ တကယ်လည်း ရုပ်ရှင်ဟာ action ပိုင်းမှာ အရမ်းကြမ်းသလောက် ပြသချိန်အများစုဟာ ...
6.5
IMDB: 6.5/10 149,806 votes
movie

Fast & Furious Presents: Hobbs & Shaw

2019
4K HDR
G.I. Joe: Retaliation 5.8
G.I. Joe: Retaliation ဇာတ်လမ်းအကျဉ်း -------------------- G.I Joe အဖွဲ့ကြီးက သမ္မတကြီးထောက်ခံအားပေးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ နျူကလီးယားစစ်ဆင်ရေးတစ်ခုအပြီးအပြန်မှာ G.I Joe အဖွဲ့ဝင်တွေရှောင်တခင်တိုက်ခိုက်ခံ ရပါတယ်။ဒါ့အပြင်သမ္မတကြီးကလည်း G.I Joe အဖွဲ့ဝင်တွေသေဆုံးပြီဟုယူဆပြီးတော့ G.I Joe အဖွဲ့ကိုဖျက်သိမ်းလိုက်ပါတယ်။ဒါပေမယ့် စစ်ဆင်ရေးထဲမှာ အသက်ရှင်ကျန်ရစ် နေတဲ့ Roadblock, Lady Jaye, Snake Eye, Flint တို့က ဒီလိုအဖြစ်အပျက်ကိုစပြီးတော့ စုံစမ်းပါတော့တယ်။ တစ်ဖက်မှာလည်း Cobra commander ကိုဖမ်းစီးထားတဲ့အကျဉ်းထောင် ကိုဖောက်ပြီးတော့ Cobra commander ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ Joe ရဲ့လက်ကျန်အဖွဲ့ တွေ ဘယ်လိုမျိုးဖြေရှင်းမယ်ဆိုတာကိုတော့ ... ဇာတ်လမ်းထဲမှာဘဲဆက်လက်အားပေးကြပါ
5.8
IMDB: 5.8/10 170,007 votes
movie

G.I. Joe: Retaliation

2013
4K HDR
G.I. Joe: The Rise of Cobra 5.8
G.I. Joe: The Rise of Cobra ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုး တစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ် ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ ...
5.8
IMDB: 5.8/10 195,639 votes
movie

G.I. Joe: The Rise of Cobra

2009
4K HDR
Maleficent: Mistress of Evil (2019) 6.7
Maleficent: Mistress of Evil (2019) Maleficent ရဲ့ အဆက် ဒုတိယမြောက်ကား ဖြစ်ပါတယ်.... ပထမအပိုင်းတုန်းက ကြည့်လိုက်ရတဲ့ အတိုင်းပဲ ကျိန်စာတိုက်ထားတဲ့ ကလေးမလေးကို ချစ်မိသွားတဲ့ မယ်လိဖိဆင့် ဟာ အော်ရိုရာ လေးကို သမီးအရင်းလို မွေးစားခဲ့ပြီး မော့စ်ကို အုပ်ချူပ်တဲ့ ဘုရင်မ အဖြစ် သရဖူဆောင်းပေးခဲ့တာပါ... ဒီ ဒုတိယ အပိုင်းမှာတော့ မော့စ်တိုင်းပြည် နဲ့ မတည့်တဲ့ လူသားတွေတိုင်းပြည်က မင်းသားလေး ဖိလစ်က အော်ရိုယာ လေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ပါတယ်.... လူသားတွေ တိုင်းပြည်က ဘုရင်ကြီး နဲ့ ဘုရင်မကြီးက မယ်လိဖိဆင့် နဲ့ အော်ရိုရာ လေးကို ညစာ ဖိတ်ကျွေးတဲ့ညမှာပဲ လူသားတွေကို ကြည့်မရတဲ့ မယ်လိဖိဆင့် ဟာ ထပ်မံ ပြသနာရှာခဲ့သော အခါမှာတော့..... Credit Review
6.7
IMDB: 6.7/10 45,869 votes
movie

Maleficent: Mistress of Evil (2019)

2019
4K HDR
Maleficent (2014) 7.0
Maleficent (2014) Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီကားကတော့ Sleeping Beauty ...
7.0
IMDB: 7.0/10 306,741 votes
movie

Maleficent (2014)

2014
4K HDR
Terminator: Dark Fate (2019) 6.4
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။ Review Credit to CM
6.4
IMDB: 6.4/10 71,893 votes
movie

Terminator: Dark Fate (2019)

2019
4K HDR
It Chapter Two (2019) 6.7
It Chapter Two (2019) IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့ အဲဒါ ပြန်ပေါ်လာရင် ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။ ၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေက အသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကို အကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကို ကြည့်ကောင်းနေပါလိမ့်မယ်။ ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက် ပိုကြမ်းလာပါလိမ့်မယ်။ Credit Review
6.7
IMDB: 6.7/10 127,076 votes
movie

It Chapter Two (2019)

2019
4K HDR
Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie

Angel Has Fallen (2019)

2019
4K HDR