Burmese Subtitle

Movies

Kingsman: The Golden Circle (2017) 6.8
Kingsman: The Golden Circle (2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ...
6.8
IMDB: 6.8/10 199,066 votes
movie

Kingsman: The Golden Circle (2017)

2017
4K HDR
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) အထူးစံစမ်း စစ်ဆေးရေးအဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ Kingsman အဖွဲ့ဟာ စစ်ဆင်ရေးတစ်ခုမှာ မထင်မှတ်ဘဲ စစ်ဆင်ရေးတစ်ခုမှာ Kingsman အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရပါတယ်။ ဒါကြောင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီဟဒ် ဟာ သေဆုံးသွား တဲ့ အဖွဲ့ဝင်တစ်ဦးစီကို ဝမ်းနည်းကြောင်း ပြောပြပြီးတော့ တံဆိပ်ပြာလေးတစ်ခုကို ပေးခဲ့ပါတယ်။ အမေဖြစ်သူကလက်မခံခဲ့တဲ့အတွက် သူ့သားလေးဖြစ်တဲ့အဂ်ဆီကိုပေးလိုက်ပါတယ်။ ကာလအတန်ကြာလာတဲ့အခါ အဂ်ဆီရဲ့ပထွေး တပည့်တွေကို တန်ပြန်လုပ်ဖို့ဆိုပြီး သူ့တပည့်ကားကိုယူပြီးမောင်းရာမှ ရဲစခန်းကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲကြုံနေတဲ့ အဂ်ဆီ တစ်ယောက် သူ့ကိုပေးခဲ့တဲ့ ဆုတံဆိပ်ပြားလေးကို မှတ်မိပြီး အကူအညီတောင်းလိုက်တဲ့အခါ.... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
7.7
IMDB: 7.7/10 587,233 votes
movie

Kingsman: The Secret Service (2014)

2014
4K HDR
Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) ပရိတ်သတ်တို့စောင့်မျှော်နေကြတဲ့ WW84 ကို တင်ဆက်ပေးလိုက်ပါတယ် 2017 တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားကတော့ ပထမကမ္ဘာစစ် အချိန်ကာလအတွင်းကို ရိုက်ထားတာပါ အခု ဇာတ်ကားထဲမှာတော့ စစ်ပွဲတွေ ပြီးဆုံးသွားပြီး နောက် ဒိုင်ယာနာက ၁၉၈၄ ခုနှစ် အချိန်ကာလမှာ ‌ပုံမှန်ဘဝ လေးမှာ ပြတိုက်မှာ အလုပ်လုပ်လိုက် ရာဇဝတ်သားတွေကို ဆော်လိုက်နဲ့ အေးဆေးပဲနေထိုင်နေပါတယ် တစ်နေ့ FBI က ဒိုင်ယာနာ အလုပ်လုပ်တဲ့ ပြတိုက်ဆီကို မှောင်ခိုဈေးကွက်တစ်ခုကနေ သိမ်းဆည်းရရှိထားတဲ့ ရှေး‌ခေတ် ကျောက်တံုးေလးတစ်တံုး ကို သုတေသန ပြုဖို့ဆိုပြီး ပို့လိုက်ပါတယ် အဲဒီကျောက်တုံးလေးက ဒီဇာတ်ကားရဲ့ အဓိကဇာတ်အိမ်ပေါ့နော် ‌ဒီကားက အရင် ထွက်ခဲ့တဲ့ကားတွေ နဲ့ မတူတာ‌ေတာ့ ‌အသေအချာပဲ ပရိတ်သတ်တို့ ကြည့်တဲ့အခါအရသာပျက်နေမှာဆိုးတဲ့ အတွက် အရမ်းတော့ပြောမနေတော့ ဘူး အခုပဲ down ကြည့်လိုက်ကြတော့နော် Review ...
6.8
IMDB: 6.8/10 10,037 votes
movie

Wonder Woman 1984 (2020)

2020
Web-DL 1080p 6CH
A Tale of Legendary Libido (2008) 5.3
A Tale of Legendary Libido (2008) IMDb 5.3 ရထား ကိုရီးယား Fantasy/Comedy 18+ တကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက လိင်ဆက်ဆံ ခန်းတွေ ဖောခြင်သောခြင်း ပါဝင်နေတာမို့ မိသားစုနဲ့ ကြည့်ကြဖို့တော့ကြိုတင်ပြောထားပါရစေ ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက မိဘဖြစ်သူ တွေ မရှိတော့လို့ အစ်ကို ဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ ဗြောင် ဆိုတဲ့ကောင်လေး ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူနဲ့ မတူပဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေတဲ့ကောင်လေး ဒီလို နဲ့ တနေ့မှာ ကံကြမ္မာက လှည့်စားလာတော့ ရှေးနှစ်ပေါင်း များစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီး နဲ့ တွေ့ လိုက်တဲ့ အခါမှာတော့မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပြီး တစ်နေ့မှာတော့ စစ်မူထမ်းဖို့ တစ်အိမ်တစ်ယောက် ယောကျာ်း တွေ စစ်ထဲပါသွားရာမှာတော့ တစ်ရွာလုံးက မိန်းမတွေက အေးမြမူကို ရှာဖွေရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့……. Review Credit လိင်ဆက်ဆံခန်းတွေ ဖောခြင်းသောခြင်းပါနေတာမို့ မိသားစုနဲ့မကြည့်ကြဖို့ ထပ်ပြောလိုက်ပါရစေ …………..။
5.3
IMDB: 5.3/10 586 votes
movie

A Tale of Legendary Libido (2008)

2008
BluRay 1080p 6CH
The Man Standing Next (2020) 7
The Man Standing Next (2020) BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,560 votes
movie

The Man Standing Next (2020)

2020
BluRay 1080p 6CH
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်…အမှန်တွေရှိမယ်…ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ Review Credit
5.9
IMDB: 5.9/10 112,640 votes
movie

Dirty Grandpa (2016)

2016
BluRay 1080p 6CH
Pacific Rim: Uprising (2018) 5.7
Pacific Rim: Uprising (2018) ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁ဝနှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့ အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက် နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင် သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့ ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင် လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့့ပေါ်ပေါက်လာတယ်။ ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ......ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်)
5.7
IMDB: 5.7/10 66,378 votes
movie

Pacific Rim: Uprising (2018)

2018
4K HDR
Pacific Rim (2013) 6.9
Pacific Rim (2013) ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ခြေကနေပြီးတစ်ခြားကမ္ဘာကနေဂြိုလ်သားမျိုးနွယ်စုတွေက ကမ္ဘာကိုဝင်ရောက် တိုက်ခိုက်ရာကနေပြီးဇတ်အိမ်တည်ထားပါတယ်။ဒီလိုမျိုးတိုက်ခိုက်တဲ့သတ္တဝါတွေကို ကိုင်ဂျူလို့ခေါ်ကြတယ် ကိုင်ဂျူတွေကိုတန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက်လူသားများဟာနိုင်ငံအသိီးသီးစုပေါင်းပြီးတော့ရေဂါလို့ခေါ်တဲ့ စက်ရုပ်ကြီးများကိုဖန်တီးပြီးတော့တန်ပြန်ခုခံတိုက်ခိုက်ပါတော့တယ်။အချိန်ကြာလာတဲ့အမျှကိုင်ဂျူတွေဟာ မိနစ်ပိုင်းလောက်သာခြားပြီးတစ်ကောင်ပြီးတစ်ကောင် ပစိဖိတ်သမုဒ္ဒရာကနေထွက်လာပါတော့တယ်၊ ဒီတော့လူသားမျိုးတွေဘဲပျက်သုဉ်းသွားမလား ၊ ကိုင်ဂျူတွေကိုဘဲခုခံတိုက်ခိုက်နိုင်မလားဆိုတာကိုဇတ်လမ်း ထဲမှာတစ်ဝကြီးကြည့်ရှုခံစားနိုင်ပါသည်။ Quality ကိုလည်း Blu-ray ကိုမှ4K 1080p  နှင့် 720p ကိုထားပေးထားပါတယ်။
6.9
IMDB: 6.9/10 463,485 votes
movie

Pacific Rim (2013)

2013
4K HDR
Behind the Line: Escape to Dunkirk (2020) 7.2
Behind the Line: Escape to Dunkirk (2020) Action, Drama, War အမျိုးအစားဖြစ်ပါတယ်။ rating 7.5 ရထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အပြီး ဒန်းကတ်ခ် ကို သွားဖို့ ကြိုးစားနေတဲ့ ဗြိတိသျှစစ်သားအုပ်စုက ပြင်သစ်ကိုဖြတ်ကျော်ရန်ကြိုးစားနေစဉ် ဖမ်းဆီးခံလိုက်ရတယ်။ စစ်သားတွေထဲမှာ ကျော်ကြားတဲ့ လက်ဝှေ့ကစားသမား ဒန်နီဖန်နီဂန် ပါဝင်နေပါတယ်။ ရက်စက်သော အရာရှိက သူ့ရဲ့ လူနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒန်နီကို ဖိအားပေးခဲ့တယ်။ အဲ့အချိန်မှာပဲ ဒန်နီ နဲ့ အပေါင်းအပါဟာ စခန်းကနေ ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်း ရှာကြပါတယ်။ သူတို့ကို ဘယ်လိုမှ ရက်စက်ကြမ်းတမ်းတဲ့ အရာရှိက လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒန်နီတို့ စည်းလုံးညီညွှတ်စွာနဲ့ ကြိုးစားပြီး အစီအစဉ်တွေ နည်းလမ်းတွေ ရှာကြတဲ့အခါမှာ တကယ်ပဲ သူတို့ ထွက်ပြေးလွတ်မြောက်ပြီး အိမ်ပြန်နိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Translated By Yoon Pann Eain
7.2
IMDB: 7.2/10 1,109 votes
movie

Behind the Line: Escape to Dunkirk (2020)

2020
Web-DL 1080p 6CH
Hindi Medium (2017) 7.8
Hindi Medium (2017) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုဟ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan ကလည်း နမည်ကြီး အောင်မြင်တဲ့ မင်းသား တစ်ယောက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီဇာတ်ကားဆိုရင်လည်း IMDB 8/10 ထိရရှိထားပါတယ်။ #Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကေနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့ နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟ ...
7.8
IMDB: 7.8/10 22,891 votes
movie

Hindi Medium (2017)

2017
BluRay 1080p 6CH
The Swordsman (2020) 6.5
The Swordsman (2020) ခုတင်ဆက်ပေးမဲ့ကားလေးကတော့ IMDB rating 6.7/10ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။2020 September 23မှာထွက်ရှိခဲ့ပြီးMaincastတွေအနေနဲ့ Jung Hyuk Joe Taslim Kim Htun Sooတို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဂျိုဆွန်းနိုင်ငံဟာ အရင်မင်းကြီးကိုနန်းချပြီးစဉ်ကတည်းက တဖြည်းဖြည်းဆုတ်လျော့လာပါ‌ေတာ့တယ်။တစ်ခြားအိမ်နီးချင်းနိုင်ငံတွေကိုမျက်နာချိုသွေးပြီးတောင်းဆိုသမျှလိုက်လျောနေရတဲ့အနေအထားရောက်နေပါတယ်။ အစကကျွန်တွေကိုတောင်းဆိုရာကနေတစ်ဆင့် မူးမတ်သားသမီးတွေအထိတောင်းဆိုလာနိုင်ချေရှိမှန်းခန့်မှန်းမိတဲ့ မူးမတ်တွေဟာ သူတို့သားသမီးတွေမပါစေဖို့အရေးကို အခြားမတတ်နိုင်တဲ့မိသားစုတွေရဲ့သားသမီးကို အစားထိုးပို့ပေးဖို့ကြံစဉ်ကြပါတော့တယ်။အဲထဲမှာမှ တောင်ပေါ်မှာ မျက်မမြင်အဖေနဲ့အတူနေထိုင်တဲ့ သမီးလေးထယ်အွန်းပါ အစားထိုးခံပါသွား‌ကြောင်း ဖခင်သိသွားတဲ့အခါ သမီးလေးကိုမရမကလိုက်ကယ်ပါတော့တယ်။ အဲ့ဒီအဖေက ဘယ်သူလဲ။ သူ့နောက်ကြောင်းကဘာတွေကိုဖုံးကွယ်ထားတာလဲဆိုတာကို screen time 1:40ကျော်လေးတဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Review & Translated by ozone
6.5
IMDB: 6.5/10 280 votes
movie

The Swordsman (2020)

2020
Web-DL 1080p 6CH
Like Stars on Earth (2007) 8.4
Like Stars on Earth (2007) ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော် တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်… ဇာတ်လမ်းကတော့.. အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။ ပန်းချီဆွဲရတာကို ဝါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။ စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ ...
8.4
IMDB: 8.4/10 166,155 votes
movie

Like Stars on Earth (2007)

2007
BluRay 1080p 6CH
Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒီဇာတ်ကားလေးကတော့ ပ ဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ၀ိုင်းလ်ဒါ) ပ ဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပ ဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ...
6.5
IMDB: 6.5/10 242,401 votes
movie

Now You See Me 2 (2016)

2016
4K HDR
Now You See Me (2013) 7.3
Now You See Me (2013) နာမည်ကြီးတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ဝင် ရေအောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) ...
7.3
IMDB: 7.3/10 587,236 votes
movie

Now You See Me (2013)

2013
4K HDR
Tenet (2020) 7.7
Tenet (2020) Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ ...
7.7
IMDB: 7.7/10 168,933 votes
movie

Tenet (2020)

2020
BluRay 1080p 6CH
Greenland (2020) 6.3
Greenland (2020) ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်… နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်… သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိ ရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်…အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလို ကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့ စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်…ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်…သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာ မှားယွင်းလာတဲ့အခါမှာတော့….. ဒီကားဟာမင်းသားကြီး  Gerard Butler အဓိကသရုပ်ဆောင်ထားတဲ့ကားပါ ..ဇာတ်လမ်းစပြီး ၁၅မိနစ်လောက်ထဲက စကြမ်းပါတယ်..’ ရိုက်ချက်တွေ တော်တော်ကြီးမိုက်သလို သဘာဝဘေးဒဏ်ကြောင့် အသတ်ဘေးလုနေရတဲ့ ဒုက္ခသည်တွေကြားထဲကို ကိုယ်ပါရောက်နေသလိုခံစားရပါတယ်…ပြီးတော့အရေးကြုံရင် ထွက်ပေါ်လာတတ်တဲ့လူ့စိတ်တွေကိုလည်းပြထားသလို ဇာတ်လမ်းကလည်းမိုက်တဲ့အတွက် ဒီလို ဘေးဒဏ်ကားတွေကြိုက်တဲ့သူများအဖို့ နင်းကန်ကြည့်သင့်ပါတယ်… Review Credit
6.3
IMDB: 6.3/10 26,064 votes
movie

Greenland (2020)

2020
BluRay 1080p 6CH
The Social Dilemma (2020) 7.7
The Social Dilemma (2020) The Social Dilemma(2020) --------------------------------- အားလုံးဘဲ Covidကာလကြီးမှာ အိမ်ထဲမှာနေရတာ ပျင်းနေကြမှာပေါ့။ နေ့တိုင်းဖုန်းသုံးလိုက် စားလိုက်ဘဲ နေနေကြတာဆိုတော့ အားလုံးအတွက် ဗဟုသုတဖြစ်စေမဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ္ကားက ဇာတ်ကားဆိုတာထက် Document Movieပုံစံမျိုး ပိုသွားပါတယ်။ ကျွန်တော်တို့ရဲ့လက်ထဲမှာ အမြဲရှိနေတဲ့ ဖုန်းတွေ E Deviceတွေရဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရိုက်ကူးတင်ဆက်ပေးထားတာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် ကျွန်တော်တို့စိတ်ထဲမှာ တစ္ခုခုကို နားလည်သွားစေမှာသေချာလို့ ကျွန်တော်တို့က သေသေချာချာ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်တာဖြစ်လို့ အားလုံးအတွက် ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာသေချာပါတယ်။ အားလုံးဘဲ ခံစားကြည့်ရှု့ပေးကြပါအုံးခင်ဗျာ။ Translated By Tun Tauk
7.7
IMDB: 7.7/10 55,976 votes
movie

The Social Dilemma (2020)

2020
Web-Rip 1080p 6CH