BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Operation Mincemeat (2022)မြန်မာစာတန်းထိုး
ဒီတစ်ခါမှာတော့ BS Fan တွေအတွက် အသစ်ထွက်ရှိထားတဲ့ စစ်ပွဲ Drama အမျိုးအစားဖြစ်တဲ့
Operation Mincemeat ဆိုတဲ့ Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်ကားလေးကတော့ ၁၉၄၃ ခုနှစ် မဟာမိတ်တပ်တွေ ဆစ်စလီကိုထိုးဖောက်ဖို့စစ်ဆင်ရေးကို ဟစ်တလာရဲ့
နာဇီတပ်တွေမသိအောင်ဖုံးကွယ်ဖို့လုပ်ခဲ့တဲ့လှည့်စားမှုစစ်ဆင်ရေးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးဖြစ်ပါတယ်
၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းကာလ၊ဟစ်တလာရဲ့ နာဇီတပ်တွေဟာ ဥရောပမှာ ခြေကုပ်ယူထားနိုင်တဲ့အချိန်ပေါ့။
ဒါကြောင့် ဗြိတိန်တပ်တွေ ဥရောပထဲဝင်နိုင်ဖို အကောင်းဆုံးလမ်းက စစ္စလီကျွန်းပဲ ရှိနေပါတော့တယ်။ဒါကိုသိတဲ့ ဟစ်တလာကလည်း
ကမ်းခြေမှာ သူ့တပ်ဖွဲတွေ အသင့်စောင့်ခိုင်းထားတယ် အဲ့ဒါကြောင့်ဆစ်စလီကိုကျူးကျော်မယ့်အကြံကိုအာရုံလွှဲသွားပြီးတော့
ဂရိကိုကျူးကျော်မယ်ဆိုတဲ့သတင်းမှားကိုယုံကြည်စေဖို့အတွက်ကြံစည်ရပါတော့တယ် သူတို့ရဲ့အစီအစဉ်ကတော့ ဂရိကို
ကျူးကျော်မယ်ဆိုတဲ့အချက်အလက်တွေပါတဲ့စစ်သားအလောင်းတစ်လောင်းကို ဆစ်စလီကျွန်းကိုမျောလိုက်ဖို့ဖြစ်ပါတယ်
ဒါပေမယ့်ခက်ခဲတဲ့အပိုင်းတွေကရှိနေပါသေးတယ် ရင်ခေါင်းခွဲစိတ်ရလဒ်မှာရေနစ်သေတယ်လို့ပေါ်အောင်ဘယ်လိုလုပ်မလဲ စာရွက်စာတမ်းတွေ
ဂျာမနီတွေလက်ထဲအတိအကျရောက်အောင် ဘယ်လိုလုပ်မလဲအသေးစိတ်လွန်းတဲ့နာဇီတွေလှည့်စားမှုမှာ ထောင်ချောက်ကျသွားအောင်
အကွက်ကျကျဘယ်လိုကြံစည်မလဲ ဆိုတဲ့အပိုင်းတွေရှိနေပါသေးတယ် ဒီဇာတ်လမ်းမှာတော့ Operation Mincemeat ကို ဗြိတိန်ထောက်လှမ်းရေးတစ်ဦးဖြစ်တဲ့ မွန်တဂူက အကောင်အထည်ဖော်ဖို ကြိုးစားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။
သမိုင်းနောက်ခံဇာတ်လမ်းတွေ နှစ်သက်တတ်သူတွေအဖို ကြည့်ရှုရအောင် တင်ဆက်ပေးလိုက်ပါတယ်။
Reviewed and translated by – Soe Min Naing
Download | Server | Quality | Size |
---|---|---|---|
Download | GDrive | 720p | 1.00 GB |
Download | GDrive | 720p | 1.00 GB |
Download | OneDrive | 720p | 1.00 GB |
Download | Mega | 720p | 1.00 GB |
Download | Mediafire | 720p | 1.00 GB |
Download | TeraBox | 720p | 1.00 GB |
Download | GDrive | 1080p | 2.85 GB |
Download | GDrive | 1080p | 2.85 GB |
Download | OneDrive | 1080p | 2.85 GB |
Download | Mega | 1080p | 2.85 GB |
Download | Mediafire | 1080p | 2.85 GB |
Download | TeraBox | 1080p | 2.85 GB |