Burmese Subtitle

Thriller

Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie

Angel Has Fallen (2019)

2019
4K HDR
London Has Fallen (2016) 5.9
London Has Fallen (2016) ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့…… လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (6.1/10) ရရှိထားတဲ့ Action, Crime, Thriller ဇာတ်ကားဖြစ်ပါတယ်။ review ကိုတော့ channel myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
5.9
IMDB: 5.9/10 144,886 votes
movie

London Has Fallen (2016)

2016
4K HDR
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့ အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။ Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲ သမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့ သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့ Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။ Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီး လေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ ကားကို သတိထား မောင်းနေပေမယ့်လဲ ...
6.5
IMDB: 6.5/10 256,703 votes
movie

Olympus Has Fallen (2013)

2013
4K HDR
The Man Standing Next (2020) 7
The Man Standing Next (2020) BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,560 votes
movie

The Man Standing Next (2020)

2020
BluRay 1080p 6CH
Now You See Me (2013) 7.3
Now You See Me (2013) နာမည်ကြီးတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ဝင် ရေအောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) ...
7.3
IMDB: 7.3/10 587,236 votes
movie

Now You See Me (2013)

2013
4K HDR
Greenland (2020) 6.3
Greenland (2020) ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်… နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်… သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိ ရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်…အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလို ကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့ စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်…ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်…သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာ မှားယွင်းလာတဲ့အခါမှာတော့….. ဒီကားဟာမင်းသားကြီး  Gerard Butler အဓိကသရုပ်ဆောင်ထားတဲ့ကားပါ ..ဇာတ်လမ်းစပြီး ၁၅မိနစ်လောက်ထဲက စကြမ်းပါတယ်..’ ရိုက်ချက်တွေ တော်တော်ကြီးမိုက်သလို သဘာဝဘေးဒဏ်ကြောင့် အသတ်ဘေးလုနေရတဲ့ ဒုက္ခသည်တွေကြားထဲကို ကိုယ်ပါရောက်နေသလိုခံစားရပါတယ်…ပြီးတော့အရေးကြုံရင် ထွက်ပေါ်လာတတ်တဲ့လူ့စိတ်တွေကိုလည်းပြထားသလို ဇာတ်လမ်းကလည်းမိုက်တဲ့အတွက် ဒီလို ဘေးဒဏ်ကားတွေကြိုက်တဲ့သူများအဖို့ နင်းကန်ကြည့်သင့်ပါတယ်… Review Credit
6.3
IMDB: 6.3/10 26,064 votes
movie

Greenland (2020)

2020
BluRay 1080p 6CH
After.Life (2009) 5.9
After.Life (2009) ချစ်သူနဲ့ စကားများပြီး မိုးရွာထဲ ကားမောင်းထွက်လာတဲ့ အလယ်တန်းပြ ကျောင်းဆရာမ အန်နာ တစ်ယောက် ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားပြီး အသုဘအခမ်းအနားအတွက် ပြင်ဆင်နေသူရဲ့ရှေ့မှာ ပြန်လည်နိုးထလာခဲ့တယ် ထိုသူက သူမကို သေသွားပြီလို့ပြောပေမယ့် စိတ်ရှုပ်ထွေးမှု ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ အသက်ရှင်လျက်ရှိနေသေးတယ်လို့ ခံစားနေရတဲ့ အန်နာ ဟာ သူမသေဆုံးတယ်ဆိုတာကို မယုံကြည်ဘူး နောင်တမလွန်ဘဝကူးကောင်းဖို့အတွက် အသုဘအခမ်းအနားပြင်ဆင်သူရဲ့ တကယ်သေပြီဆိုတဲ့ အာမခံချက်ရှိသော်လည်း သူမကိုယ်သူမ သေဆုံးတယ်လို့ ထပ်ပြီး လုံးဝမယုံကြည်ခဲ့ပြန်ဘူး ဒီလိုနဲ့ အန်နာတစ်ယောက် အသုဘအခမ်းအနားပြင်တဲ့အိမ်မှာ ပိတ်မိနေပြီး အာသုဘအခမ်းအနားပြင်ဆင်သူက လူသေတွေနဲ့ ဆက်သွယ်နိုင်စွမ်းရှိပြီး သူမကို ကူညီပေးနိုင်တဲ့ တစ်ယောက်ထဲသောသူ ဖြစ်တယ်ဆိုတာကို ယုံကြည်တစ်ဝက် မယုံကြည်တစ်ဝက် ဖြစ်လာခဲ့ပြီးနောက်မှာတော့ ...... ဒီရုပ်ရှင်ရဲ့အဓိကအကြောင်းရင်းက သေတဲ့အခါ ဘာဖြစ်လာမလဲ သေခြင်းနဲ့ သင်္ဂြိုဟ်ခြင်းတို့အကြား အကူးအပြောင်းကာလမှာ အတိတ်ကို ပြန်ပြောင်းသုံးသပ်ပြီး စဉ်းစားတွေးတော ဆင်ခြင်နိုင်စေမယ့် ရုပ်ရှင် ကားကောင်းတစ်ကား ဖြစ်တယ်/မဖြစ်ဘူး ဆိုတာကတော့ အဆုံးထိကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ပါလို့ .... အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyaw Swar Winn Thant (ဘစွာ) ပဲဖြစ်ပါတယ်
5.9
IMDB: 5.9/10 36,256 votes
movie

After.Life (2009)

2009
BluRay 1080p 6CH
The Boy (2016) 6
The Boy (2016) ဂရီတာအီဗန်စ် ဟာ အမေရိကန်အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး ကလေးထိန်းအလုပ်ဖြင့် အင်္ဂလိပ်ရွာငယ်လေးတစ်ရွာကိုပြောင်းရွှေ့လာသူပါ.သူမအလုပ်လုပ်ရမဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူမတွေ့လိုက်ရတာက ထူးဆန်းတဲ့လင်မယားနှစ်ယောက်ရယ် သူမထိန်းရမှာ ကလေးတစ်ယောက်လို့ထင်ပေမဲ့ တကယ့်ကလေးမဟုတ်ပဲ ကလေးငယ်လေးအတိုင်းပုံတူလုပ်ထားတဲ့အရုပ်လေးတစ်ရှပ်ပဲဖြစ်ပါတယ်. အဲ့ဒီနောက်မှာသူမ ကို အိမ်ကြီးရှင်လင်မယားနှစ်ယောက်ဟာ သူမကို စည်းကမ်းပေါင်းမြောက်များစွာနဲ့ အတူအရုပ်ကလေးကိုပါထားခဲ့ကာ ခရီးရှည်ထွက်သွားကြပါတော့တယ်. အဲ့ဒီနောက် ဂရီတာ တစ်ယောက် ဘရန်ဟ် ဆိုတဲ့ကလေးရုပ်လေးနဲ့အတူအိမ်ကြီးထဲမှာအဆင်ပြေနိုင်ပါ့မလား. အိမ်ကြီးကိုရောက်ပြီးမှ ရင်းနှီးသိကျွမ်းခဲ့တဲ့ မယ်ကွန်လ် ဆိုတဲ့ သူကရော သူမ ယုံကြည်ရသူဖြစ်နိုင်ပါ့မလား. သူမရဲ့ နောက်ကြောင်းကအတိတ်ဆိုးကရော ဘယ်လိုလဲ ဘာတွေဆက်ဖြစ်မှာလဲ အိမ်ကြီးရှင်လင်မယားကရော ပြန်လာမှာလား အဲ့ဒီလိုလျှို့ဝှက်သည်းဖို ဖြစ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိချင်ရင် ဒီ ဇာတ်ကားလေးကိုသာဒေါင်းလုတ်ဆွဲကြည့်လိုက်ကြပါတော့ လို့တိုက်တွန်းပါရစေ Review Credit
6
IMDB: 6/10 79,354 votes
movie

The Boy (2016)

2016
BluRay 1080p 6CH
Air Force One (1997) 6.5
Air Force One (1997) ဒီတစ်ခါ တင်ဆက်ပေးမယ့် တကယ့် Old but Gold တစ်ခုကတော့ Air Force One ပဲ ဖြစ်ပါတယ်။ ၁၉၉၇ က ထွက်ရှိခဲ့တဲ့ ဒီကားဟာ လာမယ့် ၂၀၁၇ မှာ ဆယ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဆယ်နှစ်သက်တမ်းရှိတဲ့ ဒီကားကို မကြည့်ဖူးသေးတဲ့သူတွေက ခေတ်မမီဘူးထင်မယ်ဆို အမှားကြီးမှားသွားပါလိမ့်မယ်။ လေယာဉ်ပေါ်မှာ သမ္မတကို ပြန်ပေးဆွဲတဲ့ကား ဆိုပြီး ရန်ကုန်က ရုပ်ရှင်ရုံမှာ လနဲ့ချီပြီး ၀င်ငွေစံချိန်ချိုးခဲ့တဲ့ ဒီကားဟာ ကမ္ဘာအနှံ့က Box Office မှာ ဒေါ်လာ ၃၁၅ သန်းကျော်နဲ့ ယနေ့တိုင် နာမည်ကြီးနေဆဲပါ။ Rating ကပ်စီးနည်းလွန်းလှတဲ့ ရုပ်ရှင်ဂုရုကြီး ရော်ဂျာအက်ဘာ့တ်ကတောင် “သူ လူတွေကို ကယ်မကယ်တော့ မပြောတတ်ဘူး။ ရုပ်ရှင်လောကကိုတော့ ကယ်သွားတာပဲ” လို့ ရယ်စရာ ပြောလိုက်ပါသေးတယ်။ ဇာတ်လိုက်ကျော်သမ္မတက အင်ဒီယာနာဂျုံးစ်ရုပ်ရှင်တွေနဲ့ စွန့်စားခဲ့တဲ့ ...
6.5
IMDB: 6.5/10 178,326 votes
movie

Air Force One (1997)

1997
BluRay 1080p 6CH
The Bad Guys: Reign of Chaos (2019) 6
The Bad Guys: Reign of Chaos (2019) မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကို ကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကို ကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့် ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကို လိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်…. ခံစားကြည့်ကြပါဦး… Review Credit
6
IMDB: 6/10 852 votes
movie

The Bad Guys: Reign of Chaos (2019)

2019
BluRay 1080p 6CH
The Art of the Steal (2013) 6.3
The Art of the Steal (2013) ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့ အရမ်းသဘောကျတယ်…ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်… ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ…ညီအကို(၂)ယောက်ဉီးဆောင်ပြီး အဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ…ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်… အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်…အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့ ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့… သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့…… Review-Credit
6.3
IMDB: 6.3/10 23,135 votes
movie

The Art of the Steal (2013)

2013
BluRay 1080p 6CH
Run All Night (2015) 6.6
Run All Night (2015) 2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ… မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ် Review - Credit
6.6
IMDB: 6.6/10 100,920 votes
movie

Run All Night (2015)

2015
BluRay 1080p 6CH
Table No. 21 (2013) 7.1
Table No. 21 (2013) ခရီးသွား ကံစမ်းမဲပေါက်ပြီး မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဖီဂျီကိုရောက်လာတဲ့ စုံတွဲတစ်တွဲဟာ .... မထင်မှတ်ပဲ ဖီဂျီက အပန်းဖြေစခန်းပိုင်ရှင်ရဲ့ ဖိတ်ကြားခြင်းကို ခံရတယ်။ နောက်ပြီး ပိုင်ရှင်က ဝက်ဆိုက်ဂိမ်းတစ်ခုကို ကစားဖို့ ထပ်မံဖိတ်ခေါ်ခဲ့တယ် ဒါနဲ့ စုံတွဲ တစ်တွဲဟာ စားပွဲနံပတ် ၂၁ ဆိုတဲ့ ဂိမ်းတစ်ခုမှာ ပါဝင်ကစားခဲ့ကြတယ် ... ဆုကြေးက ရူပီး ၂၁ ကုဋေ မေခွန်း ၈ ခု၊ အဖြေ ၈ ခု၊ တာဝန် ၈ ခု ဂိမ်းကို ကစားကြရင်း တဖြည်းဖြည်း သူတို့အတွက် ပြန်ထွက်လို့မရတဲ့ အခြေနေကိုရောက်လာခဲ့တယ် အဲ့ဒီနောက်မှာတော့ ..... အညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Win Thant ပဲဖြစ်ပါတယ်ခင်ဗျာ
7.1
IMDB: 7.1/10 11,125 votes
movie

Table No. 21 (2013)

2013
Web-DL 1080p 6CH
The Boat (2018) 5.6
The Boat (2018) မော်လတာနိုင်ငံရဲ့ လှပသောနွေရာသီ နေ့တစ်နေ့မှာ တံငါသည်လူငယ် တစ်ယောက်ဟာ သူရဲ့ လှေလေးနဲ့ ငါးမျှားရန် ပင်လယ်ထဲ ထွက်လာခဲ့တယ် ရုတ်တရက် ရာသီဥတု ပြောင်းလဲပြီး မြူထူထပ်စွာမမြင်ရသည်အထိ ဖြစ်ပေါ်လာခဲ့တယ် အမှောင်ထုထဲမှာ သူဟာ အိုင်းလွပ်စ် လို့ခေါ်တဲ့ တောက်ပတဲ့အဖြူရောင် ရွက်လှေကို တွေ့လိုက်မိတော့ လှေပေါ်တက် စုံစမ်းကြည့်လိုက်တယ် ရွက်လှေပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ ပြန်ဆင်မယ်လုပ်တဲ့အခါ အလာတုန်းက ရွက်လှေမှာ သေချာချည်ထားခဲ့တဲ့ သူ့ရဲ့လှေလေးဟာ မရှိတော့ဘူး ဒါနဲ့ အဲ့ဒီ ရွက်လေပေါ်မှာပဲ ... ရေဒီယိုနဲ့ ဗလက်တာဆိပ်ကမ်းထိန်းချုပ်ရေးကို အကြောင်းကြားပြီးနောက် ဘာကြောင့် လူတစ်ဦးမှ မရှိတာကို စပ်စုရင်း သန့်စင်ခန်းထဲ ဝင်ကြည့်လိုက်တဲ့အခါ တံခါးက လော့ကျသွားတယ် ... အဲ့ဒီနောက်မှာတော့ ဒီရုပ်ရှင်ဟာ မမြင်ရတဲ့ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ လူငယ်တစ်ယောက်ရဲ့ကြုံတွေ့လာတဲ့ ထိတ်လန့်မှု မြင်ကွင်းများ အခက်အခဲများ၊ အတွေ့အကြုံနဲ့ ဇွဲရှိမှုတို့ကို အသုံးချရင်း တစ်ယောက်တည်း ဖြေရှင်းရပုံများကို မြင်တွေ့ရမှာပါ .... အညွန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Winn Thant ဖြစ်ပါတယ်ခင်ဗျ
5.6
IMDB: 5.6/10 2,524 votes
movie

The Boat (2018)

2018
BluRay 1080p 6CH
Deliver Us from Evil (2020) 6.8
Deliver Us from Evil (2020) Deliver Us from Evil(2020) NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား…. အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်…. ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်….. နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့ အပြိုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်… အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့ လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ… Review Credit
6.8
IMDB: 6.8/10 659 votes
movie

Deliver Us from Evil (2020)

2020
Web-DL 1080p 6CH
Retribution (2006) 6.4
Retribution (2006) Retribution (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို International Film Festival Rotterdam မှာ ဒီလိုကြေငြာထားတယ် "ထိတ်လန့်မှုကို မကြိုက်သူများအတွက် ထိတ်လန့်ခြင်း" အဓိကဇာတ်ကောင်ကတော့ တိုကျိုမြို့က စုံထောက်တစ်ယောက် ဟာ လူသတ်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ တူညီတဲ့ နည်းလမ်းရှိတာကြောင့် ကွင်းဆက်လူသတ်သမားပုံစံ ဖြစ်နေတယ်လို့ ယူဆမိတယ် ... ထို့နောက် စုံထောက်ဟာ ပထမဆုံးသားကောင် ဖြစ်ပုံရတဲ့အတွက် သရဲခြောက်ခြင်းကို စ, ခံရတယ် အဲ့ဒီနောက်မှာတော့ .............. ဒီဇာတ်ကားဟာ ရာဇ၀တ်မှုဖြေရှင်းခြင်းနဲ့ လူသတ်သမားကို ဖမ်းဆီးခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုများနဲ့ ရှာဖွေခြင်းမှတဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ပြကွက်များနဲ့ ပြည်စုံနေပါတယ် ဒါပေမယ့် အဓိပ္ပာယ်နားလည်ခြင်းကို အားလုံး မရစေပေမယ့် အဆုံးမှာတော့ ရှင်းပြထားပါတယ် အချို့သောသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရနိုင်သော်လည်း ဖြစ်နိုင်တာကတော့ ရုပ်ရှင်၏အဓိကအချက်ပါပဲ သာမန် အမေရိကန် ထိတ်လန့်မှုကို မျှော်လင့်နေသူတစ်ယောက် ဆိုရင်တော့ ဒီရုပ်ရှင်ကို သင်စိတ်ပျက်မိမှာတော့ အသေအချာပါ အကယ်၍ သင်ဟာ အချို့သော ခြောက်လှန့်မှုများအပါအ၀င် မှောင်မိုက်နေပြီး နက်နဲသောအရာအချို့ကို နှစ်သက်ပါက ဒီရုပ်ရှင်ကိုလည်း နှစ်သက်မယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ် ဘာသာပြန်ကတော့ Kyaw Swar Winn Thant (ဘစွာ) ဖြစ်ပါတယ်
6.4
IMDB: 6.4/10 2,496 votes
movie

Retribution (2006)

2006
Web-DL 1080p 6CH
The Hunt (2020) 6.5
The Hunt (2020) MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 57,554 votes
movie

The Hunt (2020)

2020
BluRay 1080p 6CH
Lucy (2014) 6.4
Lucy (2014) လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ ...
6.4
IMDB: 6.4/10 436,388 votes
movie

Lucy (2014)

2014
BluRay 1080p 6CH