Burmese Subtitle

Horror

Laxmii (2020) 2.3
Laxmii (2020) ဒီဇာတ်ကားကတော့ 2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kanchana ဇာတ်ကားလေးကို Remake ပြန်လုပ်ထားတဲ့ဇာတ်ကားပါပဲ မြန်မာနိုင်ငံမှာဆိုရင်လည်း Kanchana ကို Remake ပြန်လုပ်ထားတဲ့ တာတေကြီး ဇာတ်ကားလိုပေါ့ဗျာ... ဒီဇာတ်ကားတွေကိုတော့ အားလုံးပဲကြည့်ဖူးမယ်လို့ထင်ပါတယ် အရှေ့က ဇာတ်ကားတွေမကြည့်ခဲ့ဖူးရင်လည်း ဒီဇာတ်ကားလေးကိုကြည့်ပြီး အရှေ့က ဇာတ်ကားတွေရဲ့ ဇာတ်အိမ်တွေကို တန်းသိသွားစေမှာပါ... ဇာတ်လမ်းရဲ့အညွှန်းကတော့ တစ္ဆေ သရဲတွေကို အယုံအကြည်မရှိတဲ့ အာဆစ်တစ်ယောက် မမျှော်လင့်ပဲ အငြိုးကြီးစွာ သေဆုံးခဲ့တဲ့ လက်ရှမီး ဆိုတဲ့ ဝိဉာဉ် တစ်ခု ဝင်ပူးပြီးတော့ သူရဲ့ လက်စားချေမှုတစ်ခုအတွက် ကြိုးစာခဲ့ရာမှာတော့... လက်ရှမီးဆိုတာ ဘယ်သူလဲ... ဘယ်လိုမျိုး သေဆုံးခဲ့ရတာလဲ... စတဲ့ စတဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဇာတ်ကားထဲမှာအားလုံးပဲ ဝင်ရောက်စီးမျှောဖို့ ဆက်လက်ရှုစားလိုက်ရအောင်ပါ...
2.3
IMDB: 2.3/10 46,387 votes
movie

Laxmii (2020)

2020
Web-DL 1080p HDR
The Room (2019) 6
The Room (2019) ကိတ် နဲ့ မတ် တို့ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့အိမ်ကြီးသို့ ပြောင်းရွှေ့နေပြီးတဲ့နောက် ထူးဆန်းတဲ့ လျှို့ဝှက် အခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အိမ်ကြီးထဲက အဲ့ဒီအခန်းရှေ့မှာ သူတို့ လိုချင်တဲ့ အရာမှန်သမျှ တောင်းဆိုနိုင်တယ်ဆိုတာ သိလာခဲ့ကြတယ် တန်ဘိုးရှိ မူရင်း ပန်းချီကားတွေ ဒေါ်လာသန်းပေါင်းများစွာနဲ့ စိန်တွေ အကောင်းစား အဝတ်စားတွေ စားသောက်စရာတွေ သူတို့လိုအပ်သမျှ အားလုံးကို ချက်ချင်းတောင်းဆို အကောင်အထည်ဖော်ပြီး အိမ်ကြီးထဲမှာ ပျော်ရွှင်စွာ နေထိုင် စားသောက်ခဲ့ကြတယ် သူတို့ လိုအပ်သမျှ အရာအားလုံးက အိမ်ကြီးထဲမှာပဲ လိုအပ်သလိုအသုံးပြုနိုင်ပြီး အိမ်အပြင်ဖက် အနည်းငယ်ရောက်သွားရင် တောင်းဆိုရယူထားတဲ့ အရာမှန်သမျှဟာ တဖြည်းဖြည်း အိုဟောင်းသွားပြီး မြေမှုန်အဖြစ် ပျောက်ကွယ်သွားတာကို ယောက်ျားဖြစ်တဲ့ မတ် က သိခဲ့ရတယ် တစ်နေ့ကျတော့ မိန်းမဖြစ်သူ ကိတ်က သူတို့မတတ်နိုင် မရရှိခဲ့တဲ့ အရမ်း လိုချင်နေတဲ့ ကလေးကို ပေးဖို့ အခန်းကို တောင်းဆိုလိုက်တယ် ကလေးရပြီး နောက်ရက်မှာ လေကောင်းလေသန့် ရှုရှိုက်ဖို့အတွက် ကလေးကို ပွေ့ချီပြီး အိမ်အပြင်ထွက်လိုက်တဲ့အချိန်မှာ ယောက်ျားဖြစ်တဲ့ မတ်က ချက်ချင်းပဲ ကလေးကို အိမ်အတွင်း အမြန်ပြန်ခေါ်လိုက်တယ် ကလေး ကလည်းမွေးကာစ ကလေးအဖြစ်ကနေ မူလတန်းအရွယ် ကလေးအဖြစ် ချက်ချင်းဆိုသလို့ ပျောင်းလဲသွားတော့တယ် အဲ့ဒီနောက်မှာတော့ ...... အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyaw Swar Winn Thant (ဘစွာ) ပဲဖြစ်ပါတယ်။
6
IMDB: 6/10 13,483 votes
movie

The Room (2019)

2019
BluRay 1080p 6CH
Brahms: The Boy II (2020) 4.6
Brahms: The Boy II (2020) နာမည်ကြီးခဲ့တဲ့ ဟော်ရာရုပ်ရှင် The boy က ဒုတိယမြောက်ရုပ်ရှင် ထပ်ထွက်လာပါပြီ။ ဒီအပိုင်းမှာတော့ ကံဆိုးသွားတာ ရှောင်နဲ့ လိုင်ဇာ တို့ စုံတွဲနဲ့ သူတို့ရဲ့ သား ဂျု ပါပဲ။ လိုင်ဇာဟာဖောက်ထွင်းသူတွေနဲ့ ညဘက်မှာ ရင်ဆိုင်ရင်း သေလုမြောပါး တိုက်ခိုက်ခံလိုက်ရပါတယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ဂျု လေးကတော့ စကားမပြောနိုင်တော့ဘဲ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် သူတို့မိသားစု စိတ်ဒဏ်ရာတွေ ဖြေဖျောက်ဖို့ မြို့နဲ့ဝေးရာက ဂလန်ဗြူးအိမ်ကြီးမှာ လာပြီးနေထိုင်ခဲ့ကြတယ်။ အဲဒီအိမ်မှာပဲ ဂျုဟာ ထူးဆန်းတဲ့အရုပ်တစ်ရုပ်ကို တွေ့ခဲ့ပြီး အရုပ်နဲ့ အတူ စပြီး စကားတွေ ပြန်ပြောလာနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ထူးဆန်းပြီး ရက်စက်တဲ့အဖြစ်တွေ အိမ်ထဲမှာ ဆက်တိုက်ဖြစ်လာတဲ့အခါ… Review Credit
4.6
IMDB: 4.6/10 10,663 votes
movie

Brahms: The Boy II (2020)

2020
BluRay 1080p 6CH
The Boy (2016) 6
The Boy (2016) ဂရီတာအီဗန်စ် ဟာ အမေရိကန်အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး ကလေးထိန်းအလုပ်ဖြင့် အင်္ဂလိပ်ရွာငယ်လေးတစ်ရွာကိုပြောင်းရွှေ့လာသူပါ.သူမအလုပ်လုပ်ရမဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူမတွေ့လိုက်ရတာက ထူးဆန်းတဲ့လင်မယားနှစ်ယောက်ရယ် သူမထိန်းရမှာ ကလေးတစ်ယောက်လို့ထင်ပေမဲ့ တကယ့်ကလေးမဟုတ်ပဲ ကလေးငယ်လေးအတိုင်းပုံတူလုပ်ထားတဲ့အရုပ်လေးတစ်ရှပ်ပဲဖြစ်ပါတယ်. အဲ့ဒီနောက်မှာသူမ ကို အိမ်ကြီးရှင်လင်မယားနှစ်ယောက်ဟာ သူမကို စည်းကမ်းပေါင်းမြောက်များစွာနဲ့ အတူအရုပ်ကလေးကိုပါထားခဲ့ကာ ခရီးရှည်ထွက်သွားကြပါတော့တယ်. အဲ့ဒီနောက် ဂရီတာ တစ်ယောက် ဘရန်ဟ် ဆိုတဲ့ကလေးရုပ်လေးနဲ့အတူအိမ်ကြီးထဲမှာအဆင်ပြေနိုင်ပါ့မလား. အိမ်ကြီးကိုရောက်ပြီးမှ ရင်းနှီးသိကျွမ်းခဲ့တဲ့ မယ်ကွန်လ် ဆိုတဲ့ သူကရော သူမ ယုံကြည်ရသူဖြစ်နိုင်ပါ့မလား. သူမရဲ့ နောက်ကြောင်းကအတိတ်ဆိုးကရော ဘယ်လိုလဲ ဘာတွေဆက်ဖြစ်မှာလဲ အိမ်ကြီးရှင်လင်မယားကရော ပြန်လာမှာလား အဲ့ဒီလိုလျှို့ဝှက်သည်းဖို ဖြစ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိချင်ရင် ဒီ ဇာတ်ကားလေးကိုသာဒေါင်းလုတ်ဆွဲကြည့်လိုက်ကြပါတော့ လို့တိုက်တွန်းပါရစေ Review Credit
6
IMDB: 6/10 79,354 votes
movie

The Boy (2016)

2016
BluRay 1080p 6CH
The Darkest Hour (2011) 4.9
The Darkest Hour (2011)   ဒီဇာတ်ကားလေးကတော့ IMDb rating 4.9 ရထားတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရှ့ရင်းနဲ့ လူတစ်ယောက်ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေကိုတွေ့ရမှာပါမော်စကိုမြိုု့ကို အလည်ရောက်လာတဲ့ အမေရိကန်နိုင်ငံက ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးနှစ်ယောက်တို့ Clubတစ်ခုမှာစုံရာက စကြနောက်ကြရင်းနဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ လူတစ်ရောက်ရဲ့ကံကြမ္မဆိုတာ ဆန်းကျယ်လွင်းလှပါတယ် အကြောင်းကတော့ ရုရှားနိုင်ငံကို ကမ္ဘာမြေကြီးရဲ့ဒဏ်ခတ်မှူ့လို့ပဲပြောရမလား မမြင်နိုင်တဲ့ စွမ်းရှင်အကောင်တွေရောက်ရှိလာပြီးတိုက်ခိုက်ခဲ့လို့လူတွေအများပြားကတ်ဘေးစိုက်ခဲ့ရပါတယ်။ ဒီအကောင်တွေဟာ ထိတွေ့ကိုင်သွယ်လို့မရသလို နှိမ်းမဲ့နည်းလမ်းတွေလဲမသိကြသေးသာမို့ လူတွေအတော်များများ ဒုက္ခရောက်သေကြေပျက်စီးခဲ့ကြရပါတယ်။ ဒီဒုက္ခတွေမှာ သူတို့လဲအလူးအလဲခံကြရင်း အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ အရမ်းစိတ်oင်စားစရာကောင်းတာမို့ ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေဗျ…   အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားပါသည်
4.9
IMDB: 4.9/10 57,463 votes
movie

The Darkest Hour (2011)

2011
BluRay 1080p 6CH
The Boat (2018) 5.6
The Boat (2018) မော်လတာနိုင်ငံရဲ့ လှပသောနွေရာသီ နေ့တစ်နေ့မှာ တံငါသည်လူငယ် တစ်ယောက်ဟာ သူရဲ့ လှေလေးနဲ့ ငါးမျှားရန် ပင်လယ်ထဲ ထွက်လာခဲ့တယ် ရုတ်တရက် ရာသီဥတု ပြောင်းလဲပြီး မြူထူထပ်စွာမမြင်ရသည်အထိ ဖြစ်ပေါ်လာခဲ့တယ် အမှောင်ထုထဲမှာ သူဟာ အိုင်းလွပ်စ် လို့ခေါ်တဲ့ တောက်ပတဲ့အဖြူရောင် ရွက်လှေကို တွေ့လိုက်မိတော့ လှေပေါ်တက် စုံစမ်းကြည့်လိုက်တယ် ရွက်လှေပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ ပြန်ဆင်မယ်လုပ်တဲ့အခါ အလာတုန်းက ရွက်လှေမှာ သေချာချည်ထားခဲ့တဲ့ သူ့ရဲ့လှေလေးဟာ မရှိတော့ဘူး ဒါနဲ့ အဲ့ဒီ ရွက်လေပေါ်မှာပဲ ... ရေဒီယိုနဲ့ ဗလက်တာဆိပ်ကမ်းထိန်းချုပ်ရေးကို အကြောင်းကြားပြီးနောက် ဘာကြောင့် လူတစ်ဦးမှ မရှိတာကို စပ်စုရင်း သန့်စင်ခန်းထဲ ဝင်ကြည့်လိုက်တဲ့အခါ တံခါးက လော့ကျသွားတယ် ... အဲ့ဒီနောက်မှာတော့ ဒီရုပ်ရှင်ဟာ မမြင်ရတဲ့ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ လူငယ်တစ်ယောက်ရဲ့ကြုံတွေ့လာတဲ့ ထိတ်လန့်မှု မြင်ကွင်းများ အခက်အခဲများ၊ အတွေ့အကြုံနဲ့ ဇွဲရှိမှုတို့ကို အသုံးချရင်း တစ်ယောက်တည်း ဖြေရှင်းရပုံများကို မြင်တွေ့ရမှာပါ .... အညွန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Winn Thant ဖြစ်ပါတယ်ခင်ဗျ
5.6
IMDB: 5.6/10 2,524 votes
movie

The Boat (2018)

2018
BluRay 1080p 6CH
Retribution (2006) 6.4
Retribution (2006) Retribution (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို International Film Festival Rotterdam မှာ ဒီလိုကြေငြာထားတယ် "ထိတ်လန့်မှုကို မကြိုက်သူများအတွက် ထိတ်လန့်ခြင်း" အဓိကဇာတ်ကောင်ကတော့ တိုကျိုမြို့က စုံထောက်တစ်ယောက် ဟာ လူသတ်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ တူညီတဲ့ နည်းလမ်းရှိတာကြောင့် ကွင်းဆက်လူသတ်သမားပုံစံ ဖြစ်နေတယ်လို့ ယူဆမိတယ် ... ထို့နောက် စုံထောက်ဟာ ပထမဆုံးသားကောင် ဖြစ်ပုံရတဲ့အတွက် သရဲခြောက်ခြင်းကို စ, ခံရတယ် အဲ့ဒီနောက်မှာတော့ .............. ဒီဇာတ်ကားဟာ ရာဇ၀တ်မှုဖြေရှင်းခြင်းနဲ့ လူသတ်သမားကို ဖမ်းဆီးခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုများနဲ့ ရှာဖွေခြင်းမှတဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ပြကွက်များနဲ့ ပြည်စုံနေပါတယ် ဒါပေမယ့် အဓိပ္ပာယ်နားလည်ခြင်းကို အားလုံး မရစေပေမယ့် အဆုံးမှာတော့ ရှင်းပြထားပါတယ် အချို့သောသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရနိုင်သော်လည်း ဖြစ်နိုင်တာကတော့ ရုပ်ရှင်၏အဓိကအချက်ပါပဲ သာမန် အမေရိကန် ထိတ်လန့်မှုကို မျှော်လင့်နေသူတစ်ယောက် ဆိုရင်တော့ ဒီရုပ်ရှင်ကို သင်စိတ်ပျက်မိမှာတော့ အသေအချာပါ အကယ်၍ သင်ဟာ အချို့သော ခြောက်လှန့်မှုများအပါအ၀င် မှောင်မိုက်နေပြီး နက်နဲသောအရာအချို့ကို နှစ်သက်ပါက ဒီရုပ်ရှင်ကိုလည်း နှစ်သက်မယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ် ဘာသာပြန်ကတော့ Kyaw Swar Winn Thant (ဘစွာ) ဖြစ်ပါတယ်
6.4
IMDB: 6.4/10 2,496 votes
movie

Retribution (2006)

2006
Web-DL 1080p 6CH
The Hunt (2020) 6.5
The Hunt (2020) MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 57,554 votes
movie

The Hunt (2020)

2020
BluRay 1080p 6CH
The Maid (2020) 5.6
The Maid (2020) 2020ထွက် horror /thriller ထိတ်လန့်ခြောက်ခြားဖွယ် ကားလေးတစ်ကား တင်ဆက်ပေးပါရစေ. Imdbကလဲ 5.6ဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ ညွှန်းနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို ဂျွိုင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်. ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသော စည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ. ဂျွိုင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး. စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကို မြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ. ဂျွိုင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာ ဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်. ဂျွိုင်းဟာ အိမ်သူအိမ်သားတွေကို မေးကြည့်တော့ သူမြင်ခဲ့တဲ့ မိန်းမဟာ ဒီအိမ်ကနေ ဘယ်သူမှမပြောပဲ ထွက်သွားခဲ့တာပါဆိုတဲ့ အဖြေကလွဲပြီး တိတိကျကျမသိခဲ့ရပါဘူး. ဂျွိုင်းဟာ စပ်စုချင်စိတ်ကြောင့် စူးစမ်းရင်း အဲ့ဒီမိန်းမက ဘယ်သူဆိုတာ သိခဲ့ရပါတယ်. သူရဲ့သိရခြင်းတွေကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး. ဂျွိုင်း သိခဲ့ရတာက ဘာဖြစ်မလဲ? အဲ့ဒီမိန်းမက လူလား ဒါမှမဟုတ် နာနာဘာဝလား? ဒီစံအိမ်ကြီးမှာ ဘာတွေ ဖုံးကွယ်ထားတာရှိလဲဆိုတာကို မထင်မှတ်ထားတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတပုဒ်မလို့ ရုပ်ရှင်ချစ်သူတို့ ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. Review Credit Channel Myanmar
5.6
IMDB: 5.6/10 390 votes
movie

The Maid (2020)

2020
Web-DL 1080p 6CH
The Conjuring 2 (2016) 7.3
The Conjuring 2 (2016) Lorraine and Ed Warren travel to north London to help a single mother raising four children alone in a house plagued by malicious spirits. အခုလက်ရှိနိုင်ငံတကာမှာပြသနေပြီး Weekend Box Office စာရင်ထိပ်ဆုံးမှာရပ်တည်နေတဲ့ The Conjuring 2 အတွက် Preview ကိုဖော်ပြပေးလိုက်ပါတယ်။ 1977 မှာပါ။ ထူးခြားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းစစ်ဆေးနေတဲ့ Ed နဲ့ Lorraine Warren တို့ဟာ England မြောက်ပိုင်းက Enfield ကိုရောက်လာခဲ့ပါတယ်။ အဲမှာရှိတဲ့ ကလေး လေးယောက်အမေ Single mother တစ်ယောက်က သူ့အိမ်မှာ မကောင်းဆိုးဝါးကပ်နေတယ်လို့လာပြောပါတယ်။ Ed တို့နှစ်ယောက်ဟာ ကလေးအငယ်ဆုံးမှာ မကောင်းဆိုးဝါးပူးနေတယ်လို့ သွင်ပြင်တွေမြင်လာရတော့ ယုံကြည်လာခဲ့ပြီး ကလေးကိုကယ်တင်ဖို့လုပ်ရာက သူတို့ကိုယ်တိုင်ပါ မကောင်းဆိုးဝါးရဲ့ နောက်ပစ်မှတ်တွေ ဖြစ်လာပါတော့တယ်။ . အင်မတန်ကြောက်စရာကောင်းတယ်ဆိုပြီး နာမည်ကြီးလှတဲ့ ...
7.3
IMDB: 7.3/10 219,648 votes
movie

The Conjuring 2 (2016)

2016
BluRay 1080p 6CH
The Curse of La Llorona (2019) 5.5
The Curse of La Llorona (2019) Plot Social worker အမျိုးသမီးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ ကလေးတွေကို နှိပ်စက်ပြီး ဗီဒိုထဲ ထည့်ဖမ်းထားတယ်လို့ ထင်ရတဲ့ မိခင်တစ်ယောက်ကို ထိန်းသိမ်းပြီး ကလေးတွေကို ကယ်တင်ခဲ့တယ်ပေါ့၊ ကလေးအမေကတော့ သူလုပ်တာမဟုတ်ကြောင်း လာလာရိုနာ လာမှာစိုးလို့ဖြစ်ကြောင်း ပြောနေခဲ့ပေမဲ့ နားမလည်၊ နားမထောင်ခဲ့ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့သားသမီး ၂ ယောက်ကိုပါ ဒီ လာလာရိုနာ ဆိုတဲ့ သရဲမကြီး တစ်ယောက်က လာရောက်နှောင့်ယှက်လာတဲ့အခါမှာတော့ လာလာရိုနာ ဆိုတာ ဘယ်သူလဲ၊ သူဘာတွေနဲ့ ဘယ်လို တားဆီးပြီး သားသမီးတွေကို ကယ်တင်ရမလဲ။ ကြိုးပမ်းအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ Review ကောင်းတာလေးအရင်ပြောကြည့်မယ်ဆိုရင် လာလာရိုနာ ဟာ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ ရုပ်ရှင်စ လာကတည်းက အချိန်ဆွဲနေတာတွေ၊ မလိုအပ်ပဲ ရှည်နေတာတွေမျိုးမရှိဘဲ အရှိန်အဟုတ်အပြည့် သွားထားတယ်။ အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ တောက်လျှောက် ဆွဲဆောင်သွားနိုင်တယ်။ ခြောက်တာကလည်း လွှတ်ခြောက်တယ်။ Jump scare ...
5.5
IMDB: 5.5/10 16,664 votes
movie

The Curse of La Llorona (2019)

2019
BluRay 1080p 6CH
Annabelle Comes Home (2019) 6.0
Annabelle Comes Home (2019) [Unicode] ကျွန်တော် Annabelle:Comes Home ကိုreview မလုပ်သေးခင် အရုပ်ကလေးရဲ့နာမည် ကိုအသေချာမိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်က "အန်နာဘယ်လ်" ပါ။ တွေ့နေ ကြားနေရတဲ့တချို့တွေခေါ်သလို "အန်နာဘီလီ"တို့ "အန်နာဘဲလာ"တို့ မဟုတ်ပါဘူး။ အဲ့ဒီနာမည်က ဒီအရုပ်ကိုစတင်ဖန်တီးပြုလုပ်ခဲ့တဲ့Dollmaker "Mullins"ရဲ့ သမီးလေး "Annabelle Bee Mullins" ရဲ့ ရှေ့ဆုံးနာမည်ပါ။ အဲ့အကြောင်းကို နောက်နောင်များမှာအလျင်းသင့်လျှင်သင့်သလိုဖော်ပြပေးသွားပါဦးမယ်။ ဆိုတော့ကာ အခု Annabelle:Comes Home ဆီကိုသွားဖို့အတွက် Conjuring Universe အကြောင်းကို နည်းနည်းလေးပြောပြချင်တယ်။ C U မှာ ပထမဦးဆုံးအစပြုတဲ့ဇာတ်ကားက 1952 က Romania နိုင်ငံရဲ့ Saint Cartha ဘုန်းတော်ကြီးကျောင်းမှာ သီလရှင်တစ်ပါးသေဆုံးမှုနဲ့ ဇာတ်လမ်းစတဲ့ The NUN ပဲ ဖြစ်ပါတယ်။ အဲ့ဇာတ်ကားရဲ့ အဆုံးမှာ လယ်သမားMaurice Frenchie ဆီကို spiritပူးကပ်ပါသွားတာကိုအားလုံးသိကြမှာပါ။ အဲ့ဒီအဆက်ဟာ နှစ်၂ဝကြာပြီးတဲ့နောက် Edနဲ့Lorraine Warrenတို့နှစ်ယောက်က ...
6.0
IMDB: 6.0/10 30,216 votes
movie

Annabelle Comes Home (2019)

2019
BluRay 1080p 6CH
The Conjuring 7.5
The Conjuring ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူး ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ် ရှိဆဲပါ။ ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေ ကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင် အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရ သည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တ ကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ ...
7.5
IMDB: 7.5/10 432,815 votes
movie

The Conjuring

2013
BluRay 1080p 6CH
Annabelle: Creation (2017) 6.6
Annabelle: Creation (2017) ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။ အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် ...
6.6
IMDB: 6.6/10 75,247 votes
movie

Annabelle: Creation (2017)

2017
BluRay 1080p 6CH
The Nun (2018) 5.6
The Nun (2018) ဒီကနေ့ကဏ္ဍမှာတော့ ပရိသတ် တွေအတွက် အမေရိကန်သဘာဝ လွန် သည်းထိတ်ရင်ဖို ဇာတ် ကားလေး ဖော်ပြလိုက်ပါတယ်။ ၁၉၅၂ ကာလ ရိုမေးနီးယား က Carta ရှေးဟောင်းဘုရား ကျောင်းမှာ ရှေးဟောင်းလက်ရာ တွေ ရှာဖွေနေတဲ့ သီလရှင်နှစ်ပါး ဟာ မမြင်နိုင်တဲ့ ပရလောကသား ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ စစ္စတာဗစ်တိုးရီးယားဟာ ပြတင်း ပေါက်ကနေ ခုန်ချထွက်ပြေးခဲ့ပေ မယ့် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ တဲ့ပုံစံနဲ့ သေဆုံးသွားခဲ့ပါတယ်။ သီလရှင်နှစ်ပါးကို ဗာလက်ဆိုတဲ့ မကောင်းဆိုးဝါးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဗစ်တိုးရီးယားရဲ့ အလောင်းကို မနက်လင်းခါမှ ဘုရားကျောင်းကို ပစ္စည်းတွေ သယ်ပို့ပေးတဲ့ ဖရန်ချီဆိုသူက ရှာတွေ့ ခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့ သေဆုံးမှု ကို စုံစမ်းဖော်ထုတ်ဖို့ဆိုပြီး ဗာတီ ကန်ကနေ ဘုန်းတော်ကြီး ဖာသာ ဘာကီကို စေလွှတ်ခဲ့ပြီး သီလရှင် ငယ်လေး အိုင်ရင်းလည်း ပါသွားခဲ့ ပါတယ်။ ...
5.6
IMDB: 5.6/10 56,087 votes
movie

The Nun (2018)

2018
BluRay 1080p 6CH
Insidious: The Last Key (2018) 5.7
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲ အဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါ ဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင် ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့် ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီး သူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကို င်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ် အဲလိစ် ရဲ့ ငယ်ဘဝ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍ လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့ သွားရောက် ကူညီဖြစ်ရင်း ငယ်ဘဝ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ…… Review Credit
5.7
IMDB: 5.7/10 50,776 votes
movie

Insidious: The Last Key (2018)

2018
BluRay 1080p 6CH