Burmese Subtitle
History
The Lady 7.1
The Lady IMDB Rating 7.1 ရရှိထားတဲ့ မြန်မာသမိုင်းကြောင်းဇာတ်လမ်းကို ဒါရိုက်တာ Luc Besson ကစိတ်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။ အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာ ဘဲအခြေကျပြီးတော့ အင်္ဂလန်မှာဘဲ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲဆက်လက်ရှု စားပေးပါခင်ဗျာ။
7.1
IMDB: 7.1/10 9,990 votes
movie
The Lady
2011
BluRay 1080p 6CH
The Battle: Roar to Victory (2019) 5.5
The Battle: Roar to Victory (2019) The Battle: Roar to Victory (2019) ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကို အခြေပြုရိုက်ကူးထားတာပါ….. ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးက ရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်…. သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်… ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကို ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ…. ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေ ကိုအသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို အားရစရာကြီးတွေပါ… ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ…. ပြောက်ကျားစစ်ဟန်တွေရယ်…အရေးကြီးခေါင်းဆောင်တွေကို စနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ …ဂျပန်စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့…. တော်တော်ကြီးကို မိုက်ပါတယ်… နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်က ဓားချက် သေနတ်ချက်အောက် မှာ အသက်ပျောက်သွားတဲ့ ဂျပန်တွေရဲ့ပုံကိုလည်း ထင်သာမြင်သာအောင် ပြထားတာက အားရစရာကြီးတွေပါပဲ……. ခံစားကြည့်လိုက်ပါဦး… သရုပ်ဆောင်တွေက နာမည်ကြီးသရုပ်ဆောင်တွေကြီးပါတဲ့အပြင် ပြသချိန် ၂ နာရီကျော်မှာလည်း အီသွားတာကိုမရှိသလောက်ပါပဲ… Review Credit CM
5.5
IMDB: 5.5/10 246 votes
movie
The Battle: Roar to Victory (2019)
2019
BluRay 1080p 6CH
Kingdom (2019) 6.7
Kingdom (2019) 2019 ထွက် ဂျပန်ကား Kingdom (2019) ပါ။ ရှေးခေတ် စစ်ပွဲတွေကို အခြေခံထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့ သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ…… ဒီကားက ဓားသိုင်းကား ကောင်းကောင်း ငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။ Review Credit
6.7
IMDB: 6.7/10 937 votes
movie
Kingdom (2019)
2019
BluRay 1080p 6CH
Midway (2019) 6.7
Midway (2019) Midway (2019) သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။ ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။ ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ် ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။ ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။ စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။ Review Credit to CM
6.7
IMDB: 6.7/10 32,312 votes
movie
Midway (2019)
2019
BluRay 1080p 6CH
Rurouni Kenshin: Origins (2012) 7.5
Rurouni Kenshin: Origins (2012) ကဲဗျာဒီတစ်ခါတော့ IMDb Rating 7.6 ရထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ပရိတ်သတ်ကြီး သိတဲ့ အတိုင်းပဲ ဂျပန် ဆာမူရိုင်းကားလေးဖြစ်ပြီး ဆာမူရိုင်းခေတ်ကနေ ခေတ်သစ်ကိုပြောင်းလဲတဲ့ အခါမှာ ဘုရင့်တပ်မတော်မှာ အရင် ကတည်းက လိုအပ်ရင် စစ်မှုထမ်းလေ့ရှိတဲ့ ဆာမူရိုင်းတွေနဲ့ ခေတ်ပြောင်းလဲမှုကိုလက်ခံကြတဲ့ သူတွေအကြားမှာ တဖက်နဲ့ တဖက် ငဋိပက္ခဖြစ်ကြတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ် ဗျာ ဇာတ်လမ်းက အဟောင်းဖြစ်ပြီး မြန်မာစာတန်းထိုးနဲ့ မဟုတ်တောင် ဒီတိုင်း အင်္ဂလိပ်စာတန်းထိုးနဲ့ တော့ကြည့်ဖူးကြမယ့် ကားလေးမို့ သိပ်မညွှန်းတော့ပါဘူးနော် Review Credit to CM
7.5
IMDB: 7.5/10 18,482 votes
movie
Rurouni Kenshin: Origins (2012)
2012
BluRay 1080p 6CH
The Princess and the Matchmaker (2018) 6.4
The Princess and the Matchmaker (2018) ဒီတစ်ခေါက် ပရိတ်သတ်တွေကို တင်ဆက်ပေးချင်တာကတော့ အရမ်းရီရပြီးတော့ romance ဆန်ဆန်ကိုရီးယား အချစ်ဇာတ်ကားလေး တစ်ကားပါပဲ…..   အရင်က တင်ဖူးတဲ့ ကြည့်ဖူးတဲ့ ဇတ်ကား ဖြစ်လောက်တယ်ဆိုပေမဲ့… ထပ်ပြီးတင်ပေးလိုက်တယ်နော်။   ဇာတ်လမ်းအညွှန်းကတော့ ဂျိုဆွန်းခေတ်မှာ နက္ခတ်ဗေဒင်အရမ်း ထွန်းကားပြီး မင်းသမီးလေးကို ဘုရင်ကြီးက ဇာတာတွက်ချက်ပြီး ကြင်ယာတော် ရှာခဲ့တဲ့အချိန်မှာ …..   မင်းသမီးလေးကလည်း သူလက်ထပ်ရမယ့်ကြင်ယာတော်ကိုမြင်ချင်လို့ နန်းတော့ကထွက်သွားခဲ့တယ်   ဇာတာတွက်တာ အရမ်းတော်တဲ့ ဆိုးဒိုးယွန်းနဲ့ မင်းသမီးလေးနဲ့ တွေ့ဆုံပုံတွေ….   နန်းတွင်းအရှုပ်တော်ပုံ တို့ကို ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်…   အရမ်းပြောပြရင် spoil သလိုဖြစ်မှာစိုးလို့ အမြန်သာ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်…. အညွှန်းနဲ့ဘာသာပြန်သူကတော့ Panda ပဲဖြစ်ပါတယ်...
6.4
IMDB: 6.4/10 307 votes
movie
The Princess and the Matchmaker (2018)
2018
BluRay 1080p 6CH
Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) ဒီဇာတ်ကားလေးကတော့ စကော့တလန် ဘုရင်မ မာရီအကြောင်းကိုရိုက်ကူးထားတဲ့ကားလေးပါ စ​ကော့တလန်​က ဘုရင်​မ မာရီ နဲ့ အင်္ဂလန်​က ဘုရင်​မ အဲလိစဘက်​တို့ဟာ ညီအစ်​မဝမ်​းကွဲ​တွေပါ.. ညီအစ်​မ​တွေက အဆင်​​ပြေ​ပေမဲ့ ဘာသာ​ရေး​တွေအရ တိုက်​ခိုက်​ဖို့ဖြစ်​လာကြပါတယ်​.. စစ်​ပွဲ​တွေ ပြီးသွား​တော့ ဘုရင်​မ မာရီဟာ အိမ်​​ထောင်​ ကျပြီး သားတစ်​​ယောက်​ ​မွေးဖွားခဲ့ပါတယ်​.. သိပ်​မကြာခင်​မှာပဲ ဘုရင်​မရဲ့ ကြင်​ယာ​တော်​ဟာ လုပ်​ကြံခံရပါတယ်​.. အဲ့အချိန်​မှာပဲ ထီးနန်​းကို လိုချင်​တဲ့ သူတစ်​​ယောက်​ဟာ ဘုရင်​မ မာရီကို မသမာနည်​းနဲ့ သိမ်​းပိုက်​လိုက်​ပါတယ်​..အဲ့အခါမှာ​တော့ ဘုရင်​မကို အပျက်​မ ပြည်​့တန်​ဆာမ ဆိုပြီး ပြည်​သူ ပြည်​သား​တွေက ​တော်​လှန်​ကြပါတယ်​.. ကြုံ​တွေ့လာတဲ့ အခက်​အခဲ​တွေကို ဘုရင်​မ မာရီ ဘယ်​လို ​ဖြေရှင်​းမလဲဆိုတာ​တော့.. Review Credit to GC
6.3
IMDB: 6.3/10 32,522 votes
movie
Mary Queen of Scots (2018)
2018
BluRay 1080p 6CH
Apollo 11 (2019) 8.2
Apollo 11 (2019) Apollo11(2019)ကတော့ ဒါရိုက်တာ Todd Douglas Miller မှတည်းဖြတ်၊ ထုတ်လုပ်ပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် 2019 American Documentary ကားတစ်ကားဗျ ဒီကားကို ၁၉၆၉ Apollo 11 mission ရဲ့ နှစ်၅၀ပြည့်အထိန်းမှတ်အဖြစ်ထုတ်လွှင့်ခဲ့ဆိုတော့ ဘယ်သရုပ်ဆောင်တစ်ဦးတစ်ယောက်မှတော့မပါဘူးဗျ အကြောင်းရာကလဲ ကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်တယ် လပေါ်ကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့ အာကသယာဥ်မှူး ၃ယောက် အကြောင်းလေးဆိုတော့ စိတ်၀င်စားဖို့တော့ အင်မတန်ကောင်းတယ်ဗျ အရင်ကကျနော် Documentary Type တွေကြည့်လေ့ကြည့်ထမရှိပေမယ့်ခုတကြိမ်တော့ စိတ်၀င်စားတာနဲ့ ကြည့်မှ ပထမဆုံးခြေလှမ်းချခွင့်ရတဲ့သူရဲ့ အတွေးထဲ အယ့်ဒီချိန်မှာဖြစ်ပျက်နေမယ့် ရင်တွင်းခံစားချက်ကို ခံစားမိခြင်လာတာတော့အမှန်ဘဲဗျာ သူတော်တော်ပီတိဖြစ်နေမှာမလွဲဧကန်ဘဲဗျာ ကြည့်ကြည့်ပါ ဇာတ်ကားတွက် ပေးလိုက်ရတဲ့ အချိန် ၂ နာရီနဲ့တန်တဲ့ ပီတိမျိုးကို ခံစားရမှာပါ. ဘက်ခ်အန်ဒရင်း၊ နီးလ်အမ်းစထရောင်း နှင့် မိုက်ကယ်ကောလင်း ဆိုတဲ့ ၃ဦးကျတာ့ Apollo Program နဲ့ လကမ္ဘာပေါ်ခြေချခွင့်ရခဲ့သူ ၃ ဦးပေါ့နော် နော်ပြီး ခု Documentary လေးထဲမှာ ထိုပုဂ္ဂိုလ် ၃ဦးလုံးကို မြင်ခွင့်ရမှာဆိုတော့ ဒီ Documentary လေးကလက်မလွှတ်သင့်တဲ့အရာတခုပေါ့ဗျာ ကျနော့လိုဇာတ်ကားချေးများတဲ့သူတောင်ကြည့်တဲ့ ...
8.2
IMDB: 8.2/10 15,516 votes
movie
Apollo 11 (2019)
2019
BluRay 1080p 6CH
Enemy at the Gates (2001) 7.6
Enemy at the Gates (2001) [Unicode] Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက််တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပိီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်…..မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် … စိန့်ပိီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ သူ့ကို နှိမ်နင်းဖို့အတွက် ဗိုလ်မှူးကိုနင် ဆိုတဲ့ ၀ါရင့်လက်ဖြောင့်သမားတယောက်စေလွှတ်လိုက်တဲ့အခါမှာ ပညာ သမ္ဘာအတွေ့အကြုံ သာလှတဲ့ ဗိုလ်မှူးကိုနင်ရဲ့အောက်မှာ ရုရှားကောင်လေးဘယ်လောက်တောင် စိတ်ဒုက္ခရောက်မလဲ သူ့မိတ်ဆွေတွေရောဘယ်လောက်တောင်ဆုံးရှုံးရမယ်လဲ ဆိုတာ…… ကိုတော့ ဆက်လက်အားပေးခံစားကြပါအုံး။ Review Credit to CM [Zawgyi] IMDb rateing 7.4 ရှိတဲ့ Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်…..မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် … စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ သူ့ကို နှိမ်နင်းဖို့အတွက် ဗိုလ်မှူးကိုနင် ...
7.6
IMDB: 7.6/10 227,744 votes
movie
Enemy at the Gates (2001)
2001
BluRay 1080p 6CH
The Attacks Of 26-11 (2013) 6.8
6.8
IMDB: 6.8/10 4,292 votes
movie
2013
Web-DL 720p
Emperor (2012) 6.5
Emperor (2012)
2012
BluRay 1080p 6CH
Red Cliff Part II (2009) 7.6
Red Cliff Part II (2009) ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။(ဘာသာမပြန်နိင်ဘူးနော် မပူဆာကြေး :P)။ တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောက်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ စွန်းကျင်း နဲ့ စွန်းစီ ...
7.6
IMDB: 7.6/10 21,675 votes
movie
Red Cliff Part II (2009)
2009
BluRay 1080p 6CH
Bridge of Spies (2015) 7.6
Bridge of Spies (2015) Bridge of Spies (2015) --------------------- ဒိုနိုဗန် --- "ရူဒေါ့ဖ် ခများ စိတ်မပူဘူးလားဗျ" ရူဒေါ့ဖ် --- "ထူးသွားမှာလား ? " -------- ၁၉၅၀ များဝန်းကျင်ဆိုတာ စစ်အေးကာလပေါ့။ ရုရှားဆိုဗိယက် ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အဖက်ဖက်က အားပြိုင်မှုတွေနဲ့အတူ လောကကြီးတစ်ခုလုံးဟာ ဆူညံနေတဲ့ အချိန်ဆိုလည်းမမှားပြန်ဘူး။ စစ်ရေးကအဆုံး နည်းပညာအလယ် ယဉ်ကျေးမှုအနုပညာအဆုံး အဖက်ဖက်က ပြိုင်ဆိုင်နေကြတာဘဲဖြစ်တယ်။ ဒီထဲမှာ အကြမ်းဆုံးကတော့ နှစ်ဖက်နိုင်ငံရဲ့ သူလျှိုအဖွဲ့အစည်းတွေဖြစ်တဲ့ CIA နှင့် KGB တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အတော်ကို အခရာကျတယ်ဆိုရမယ်။ တစ်ဖက်နဲ့တစ်ဖက်ဟာ တနိုင်ငံနဲ့ တနိုင်ငံကို စုံထောက်တွေ သူလျှိုတွေ စပိုင်တွေ စေလွှတ်ထားလိုက်ကြတာ ဆယ်စုနှစ်ပေါင်းများစွာအကြာမှာ သူတို့တွေဟာ တဖက်နိုင်ငံရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ စုံးစုံးနှစ်ဝင်ရောက်နေခဲ့ကြပြီလည်းဖြစ်တယ်။ ၁၉၅၇ ခုနှစ် စစ်အေးကာလရဲ့ အရှိန်အမြင့်ဆုံးကာလတစ်ခုလည်းဖြစ် သူလျှိုစစ်ဆင်ရေးတွေ အရှိန်တက်နေတဲ့ အချိန်မှာတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုရှားသူလျှို ရူဒေါ့ဖ်အေဗယ်လ်ကို ဖမ်းမိခဲ့တယ်။ သူလျှိုတာဆိုတယ် သူလျှိုရုပ်မပေါက် သူလျှိုလေသံမထွက်။ ဒါ့အပြင် သူဟာ ပန်းချီတွေနဲ့ဘဲ လုံးပမ်းနေတဲ့ ...
7.6
IMDB: 7.6/10 264,899 votes
movie
Bridge of Spies (2015)
2015
BluRay 1080p 6CH
The Favourite (2018) 7.6
The Favourite (2018)   ဒီဇာတ်ကားလေးမှာတော့Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့ အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ် အင်္ဂလန်ရာဇ၀င်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ IMDb rating 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံး Academy Nomiation ၀င်ခဲ့ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အ၀တ်အစားဒီဇိုင်း စတာတွေအတွက် Nomination ဆု (၁၀) ခုထိ ၀င်ထားပြီး Best Actress ဆုကို မင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာ အင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့ အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာက အကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီး ပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
7.6
IMDB: 7.6/10 114,631 votes
movie
The Favourite (2018)
2018
BluRay 1080p 6CH
Once Upon a Time in China and America (1997) 6.4
Once Upon a Time in China and America (1997) Once Upon a Time in China and America (1997) IMDb6.4/10  ရထားသော ဒါရိုက်တာ  Hark Tsui ရိုက်ကူးထား၍ Yiu-ming Leung, Elsa Tang တို့က ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားကာ သရုပ်ဆောင် Jet Li, Rosamund Kwan, Biao Yuen တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure, Biography ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….၁၉ ရာစုနှစ်နှောင်းပိုင်းက ကန်တန်ကို အခြေအတည်၍ ဒီသိုင်းရုပ်ရှင်ဟာဒဏ္ဍာရီလာသိုင်းသူရဲကောင်း ဝန်ဖေဟုန်(၁၈၄၇-၁၉၂၄) ဟာ တရုတ်ကို ကျူးကျော်လာတဲ့ နိုင်ငံခြားအင်အားစုများ (အင်္ဂလိပ်၊ ပြင်သစ် နဲ့ အမေရိကန်)တို့ကို ဆန့်ကျင့်တိုက်ခိုက်ခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားခြင်းဖြစ်သည် ဇာတ်လမ်းအပြည့်အစုံကို ဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါခင်ဗျာ….
6.4
IMDB: 6.4/10 3,204 votes
movie
Once Upon a Time in China and America (1997)
1997
BluRay 1080p 6CH
Black Hawk Down Extended (2001) 7.7
Black Hawk Down Extended (2001) ဒီဇာတ်ကားဟာ 1993 ခုနှစ် ဆိုမာလီယာ နိုင်ငံရဲ့ ပြည်တွင်းအစိုးရမငြိမ်သက်မှုနဲ့ ငတ်မွတ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်စစ်တပ်ကနေပြီး အစာရေစာတွေကို Black Hawk ရဟတ်ယာဉ်များနဲ့အသုံးပြုပြီးစောင့်ကြည့်နေခဲ့ရာကနေပြီးစတင်ထားပါတယ် ။ ဆိုမာလီယာ အစိုးရ ဝန်ကြီးတွေကို ရှောင်တခင်ဝင်ဖမ်းဖို့ စစ်ဆင်ရေးတစ်ခုမှာ Black Hawk ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး စစ်ဆင်ရေးအချိန်ကြာမြင့်ရာက နေပြီးတော့ ဆိုမာလီယာ ရဲ့ပြည်တွင်းစစ်ထဲမှာ ကြားညှပ်နေပါတော့တယ်။ ဒီဇာတ်ကားဟာ စစ်ကားကြိုက်တတ်တဲ့သူတွေအတွက် သိပြီးသားဇာတ်ကား ဖြစ်မှာပါ၊ File Size – 3.32 GB Quality – 4K HDR 6CH Running Time – 2h 32min Format – mkv Genre – Drama, History, War Translator – Aung Myint Oo
7.7
IMDB: 7.7/10 340,144 votes
movie
Black Hawk Down Extended (2001)
2001
Extended 4K HDR 6CH
Gone with the Wind (1939) 8.2
Gone with the Wind (1939) Gone With The Wind (1939) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား " လေရူးသုန်သုန် " ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကား ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ 94% နဲ့ imdb မှာ 8.2ရထားတဲ့ကား မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကား စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က ၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ် စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အရွဲ့တိုက်ချင်တဲ့စိတ် ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . . အကောင်းဆုံး ...
8.2
IMDB: 8.2/10 263,797 votes
movie
Gone with the Wind (1939)
1939
BluRay 1080p 6CH
13 Hours: The Secret Soldiers of Benghazi 7.3
13 Hours: The Secret Soldiers of Benghazi 13 Hours: The Secret Soldiers of Benghazi (2016) ====================================== ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ 13 Hours ဆိုတဲ့ စာအုပ်တစ်အုပ်ကို ပြန်လည် အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထဲ ရန်ကုန်မှာ ရုံတင်ပြသတော့မယ့် 13 Hours: The Secret Soldiers of Benghazi ဇာတ်လမ်းဟာ ကမ္ဘာကျော် ဒါရိုက်တာကြီး Michael Bay ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားတဲ့ နိုင်ငံရေး အက်ရှင် ဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လစ်ဗျားနိုင်ငံ ၊ ဘင်ဂါဇီ မြို့ မှာ အခြေစိုက်တဲ့ အမေရိကန် သံတမန် အဆောက်အဦး ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ ...
7.3
IMDB: 7.3/10 103,104 votes
movie
13 Hours: The Secret Soldiers of Benghazi
2016
BluRay 1080p 6CH
The Great Battle (2018) 7.0
The Great Battle (2018) ၂၀၁၈ ထွက်​ ကိုရီးယားရာဇဝင်​ကား​ကောင်း​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးဦးမယ်​​နော် ဇာတ်​ကားနာမည်​​လေးက The Great Battle ပါ မင်းကြီးဂျူမုံတည်​​ထောင်​ခဲ့တဲ့ ဂိုဂု​လျောပြည်​ကို တရုတ်​ထန်​ဘုရင်​ ကျူး​ကျော်​ခဲ့တဲ့ အ​ကြောင်းကို စစ်​တိုက်​ပုံမျိုးစုံ ​ဝေ​ဝေဆာဆာနဲ့ ရိုက်​ကူးထားတဲ့ ရာဇဝင်​ကား​ကောင်း​လေးပါ ဂိုဂု​လျောက စစ်​သူကြီးယွန်းဟာ အန်​စီခံတပ်​အုပ်​ချုပ်​​ရေးမှူး ယန်​မန်​ချွန်​ရဲ့ အမိန့်​မနာခံမှုကို အပြစ်​​ပေးဖို့အတွက်​ သူ့ဆီကို သူလျှို​တွေ ​စေလွှတ်​​ပေါင်း မနည်းပါဘူး အန်​စီမြို့သား ဆာမူကို ​စေလွှတ်​လိုက်​ချိန်​မှာ​တော့ ဆာမူဟာ အုပ်​ချုပ်​​ရေးမှူးယန်​ရဲ့ ​ခေါင်း​ဆောင်​ပီသမှု​တွေကို မြင်​​တွေ့ရပြီး လုပ်​ကြံမှု မ​အောင်​မြင်​ခဲ့ပါဘူး တိုက်​ပွဲ​ပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်​ခိုက်​​အောင်​မြင်​ခဲ့တဲ့ တရုတ်​ထန်​စစ်​တပ်​ဟာ အန်​စီခံတပ်​ကို တိုက်​ဖို့ လာတဲ့အခါ ယန်​မန်​ချွန်​ရဲ့ ပါးနပ်​မှု လက်​ရုံးရည်​ နှလုံးရည်​ပြည့်​ဝမှု​တွေ​ကြောင့်​ လွယ်​လွယ်​နဲ့ မ​အောင်​မြင်​ခဲ့ပါဘူး ၃ လ​လောက်တိုက်​ပွဲဝင်​ရတာကို တိုက်​ခန်းခိုက်​ခန်း မြိုင်​မြိုင်​ဆိုင်​ဆိုင်​နဲ့ ရိုက်​ကူးထားလို့ ကြည့်​ရတန်​တဲ့ ရာဇဝင်​ကား​ကောင်းတစ်​ကားပါ ဒီ့အပြင်​ အချစ်​ အလွမ်း နဲ့ တိုင်းပြည်​ချစ်​စိတ်​​တွေကိုပါ ​ပေါ်လွင်​​အောင်​ ရိုက်​ပြထားလို့ ရသမျိုးစုံကို ​ပေးစွမ်းနိုင်​တဲ့ ဇာတ်​ကား​လေးပါလို့ ...
7.0
IMDB: 7.0/10 1627 votes
movie
The Great Battle (2018)
2018
BluRay 1080p 6CH