Burmese Subtitle

Fast & Furious

Fast & Furious Presents: Hobbs & Shaw 6.5
Fast & Furious Presents: Hobbs & Shaw [Unicode] Plot Virus တစ်ခုကြောင့် လူသားအားလုံး အသက်အန္တာရယ်ရှိလာတဲ့အခါမှာတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Luke Hobbs နဲ့ Deckard Shaw တို့နှစ်ယောက်ပူးပေါင်းပြီး Virus ကိုရှာ၊ ကမ္ဘာကြီးကို ကယ်တင်ဖု့ိဖြစ်လာပြန်ပါတော့တယ်။ Review Fast and Furious Presents: Hobbs & Shaw ဟာ FF franchise ရဲ့ ပထမဆုံး Spinoff ကားတစ်ကားဖြစ်လာပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံတွေအရ နောက်ဆို Fast and Furious Universe လိုမျိုးတွေသွားလာနိုင်သလို Hobbs & Shaw လည်း 2 တွေ 3 တွေ ထပ်လာနိုင်ချေရှိနေပါတယ်။ H&S ကို trailer မှာကတည်းက နည်းနည်းသတိထားမိတာက Fast and Furious နဲ့ မတူလောက်ဘူးဆိုတာပါ။ တကယ်လည်း ရုပ်ရှင်ဟာ action ပိုင်းမှာ အရမ်းကြမ်းသလောက် ပြသချိန်အများစုဟာ ...
6.5
IMDB: 6.5/10 149,806 votes
movie

Fast & Furious Presents: Hobbs & Shaw

2019
4K HDR
Furious 7 7.2

Furious 7

2015
BluRay 1080p 6CH
Fast Five 7.3
Fast Five Fast and Furious ရဲ့ ပဥ္စမမြောက်ဇာတ်ကားဖြစ်ပါတယ်။ Imdb Ratings:7.3/10 ,Google User : 94% ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Fast Five (2011) သည် ဒါရိုက်တာ Justin Lin က ရိုက်ကူးထား၍ Chris Morgan, Gary Scott Thompson တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Vin Diesel, Paul Walker, Dwayne Johnson တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.. Dominic Toretto နဲ့ သူရဲ့အဖွဲတို့သည် အာဏာပြင်းလှသော ဘရာဇီးမူးယစ်ရာဇာ နှှု့် အန္တရာယ်များလှသော ဖက်ဒရယ်အေးဂျင့်တစ်ယောက်တို့၏ မျက်စေ့ရှေ့မှောက်မှာသူတို့ရဲ့လွတ်လပ်မှုကို ပြန်လည်ဝယ်ယူရန်အတွက် ပြိုင်ကားအစီအစဉ်များကို အကွက်ချစီမံ၍ လွတ်မြောက်အောက် ကြိုးစားကြပုံကို ဇာတ်လမ်းမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါလို့…. Reviewed By Win ...
7.3
IMDB: 7.3/10 343,847 votes
movie

Fast Five

2011
BluRay 1080p 6CH
The Fast and the Furious: Tokyo Drift 6
The Fast and the Furious: Tokyo Drift Fast & Furious ရဲ့တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Fast & Furious ရဲ့ Timeline အတိုင်းဆိုရင်တော့ Fast & Furious 6 အပြီးမှာဖြစ်ပွားခဲ့တာ ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ IMDB Rating 6.0, Google User 92% ရရှိထားတဲ့ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- Sean Boswell တစ်ယောက် Arizona ရဲ့ကျောင်းတစ်ကျောင်းမှာ Clay ဆိုတဲ့ လူချမ်းသာတစ်ယောက် နဲကားပြိုင်မောင်းရင်း မတော်တဆ Accident ဖြစ်ပြီးတော့ ကျောင်းပြောင်းတဲ့အပြင် Sean ရဲ့အမေဖြစ်သူက သူ့အဖေရှိတဲ့ ဂျပန် တိုကျိုကိုပို့ပေးလိုက်ပါတယ်။ ကားပြိုင်ဝါသနာအိုးလေးဖြစ်တဲ့ Sean တစ်ယောက် တိုကျိုမြို့ရဲ့ လမ်းမ ထက်မှာ သူပြိုင်နေကျ ကားပြိုင်နည်းနဲ့ ဝင်တိုးပါတော့တယ်။ခက်တာက တိုကျိုရဲ့ ကားပြိုင်နည်းမှာ Drift ဆွဲြ့ပီးကားပြိုင်ရတာဖြစ်တယ်ဆိုတာကို Sean တစ်ယောက်ပြိုင်ခါနည်းမှာသိသော အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲဆက်လက်ရှုစားပေးကြပါခင်ဗျာ။
6
IMDB: 6/10 232,912 votes
movie

The Fast and the Furious: Tokyo Drift

2006
BluRay 1080p 6CH
2 Fast 2 Furious (2003) 5.9
2 Fast 2 Furious (2003) Fast & Furious ရဲ့ ဒုတိယမြောက် ဇာတ်ကားလေးဘဲဖြစ်ပါတယ်။ အားလုံးလည်းသိပြီးသားဖြစ်မှာပါ IMDB 5.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- နှစ်ဖက်ခွလုပ်နေတဲ့ Brian တစ်ယောက်မမျှော်လင့်ဘဲ ကားပြိုင်ပွဲတစ်ခုမှာ အဖမ်းခံလိုက်ရပြီးတော့ FBI အေးဂျင့်တွေနဲ့ပြန်ပေါင်းရပြီးတော့ လျှို့ဝှက်စစ်ဆင်းရေးတစ်ခုကိုလုပ်ရပါတော့တယ်။ ဒီလိုနဲ့ သူရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ Roman Pearce ကထောင်ကျနေတာကြောင့် FBI နဲ့ပေါင်းပြီးလုပ်ရင် သူတို့ရဲ့ ပြစ်မှုတွေအကုန်ဖျက်ပေးမယ်ဆိုတဲ့အပေးအယူနဲ့လုပ်ခဲ့ကြပါတယ်။ ဘယ်လို လျှို့ဝှက်စစ်ဆင်းရေးတုန်းဆိုတော့ ငွေမဲတွေ တရားမဝင် လွှဲနေတဲ့ Carter Verone ကို ဖမ်းစီးဖို့အတွက်ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman Pearce တို့က အာ့မှာသူ့ရဲ့ ယာဉ်မောင်းအသွင် ယူပြီးတော့သတင်းတွေရရယူဖို့ကြိုးစားပေးရမှာပါ။ သူတို့ရဲ့ရှေ့မှာတော့ အေးဂျင့် Monica က Verone ရဲ့ ချစ်သူအသွင်ယူပြီးတော့ သတင်းတွေကို ဖြည်းဖြည်းချင်းပို့ပေးနေတဲ့သူတစ်ယောက် ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman တို့နှစ်ယောက် Verone ကိုဖမ်းဆီးပြီး ပြစ်မှုတွေကိုဖျက်နိုင်သွား မလား... ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲ ဆက်လက်အားပေးကြပါလို့တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားထဲမှာ ပြိုင်ကားအလန်းတွေလည်းပါဝင်တာမို့ ပြိုင်ကားချစ်ပရိတ်သတ်တွေကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်)
5.9
IMDB: 5.9/10 243,707 votes
movie

2 Fast 2 Furious (2003)

2003
BluRay 1080p 6CH
The Fast and the Furious (2001) 6.8
The Fast and the Furious (2001) ပြိုင်ကား ချစ်ပရိသတ်တွေအတွက် အခုတစ်ခါတော့ Old But Gold ဆိုတဲ့ယနေ့ခေတ်ထိ နာမည်ကြီးတဲ့ လက်ရှိ ဇာတ်ကား ၈ ကားထိထွက်ရှိထားတဲ့ Fast & Furious ရဲ့ပထမဆုံး ကားလေးနဲ့တင်ဆက်ပေးချင်ပါတယ်။ ကျန်ရှိနေတဲ့ ဇာတ်ကား ၇ ကားလုံးကိုလည်းဖြည်းဖြည်းစီတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါဗျာ။ ဇာတ်လမ်းအကျဉ်း -------------------- Domenic Toretto က Los Angeles ကလမ်းမထက်က ပြိုင်ကားဘုရင်တစ်ပါးပေါ့။ Brian ကတော့ Toretto နားကိုအကြောင်းတစ်ခုခုကြောင့်ချဉ်းကပ်လာတာဖြစ်ပါတယ်။ Brian ရဲ့နောက်မှာ FBI နဲ့ LAPD ကအဖွဲ့တွေက Truck ကားခိုးမှုအတွက်တိတ်တဆိတ် စုံစမ်းပြီးဖမ်းစီးဖို့အတွက် Toretto ရဲဲ့ လူယုံတစ်ယောက်ဖြစ်အောင်ဖန်တီးယူနေတာဘဲဖြစ်ပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းမှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့....ဇာတ်လမ်းထဲမှာဘဲ ဆက်လက်အားပေးကြပါခင်ဗျာ။
6.8
IMDB: 6.8/10 336,828 votes
movie

The Fast and the Furious (2001)

2001
BluRay 1080p 6CH