Burmese Subtitle

Biography

Harriet (2019) 6.3
Harriet (2019) ၁၈၄၀ ခုနှစ်မှာ လူဖြူ လူမည်း ခွဲခြားဆက်မှုတွေနဲ့ လူမည်းတွေအပေါ် ကျွန်အဖြစ် ပြုမူဆက်ဆံကြတာအားလုံး သိကြမှာပါ….Harriet Tubman ဆိုတဲ့ လူမည်းမိန်းကလေးတစ်ယောက်က ဒီလိုကျွန်အဖြစ်ဆွေစဉ်မျိုးဆက် ပြုခံနေရတဲ့သူတွေထဲ တစ်ယောက်အပါအဝင်ပေါ့…သူမဟာ ဒီလို ခါးသီးတဲ့ဘဝကို စိတ်ပျက်လို့ ကျွန်လုပ်ပေးနေရတဲ့ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်… သို့ပေမယ့် ကျွန်အဖြစ်ကျန်ခဲ့တဲ့ မိသားစုကို ပစ်မထားခဲ့ရက်လို့ အားနွဲ့သော မိန်းမသားဖြစ်လင့်ကစား အရင်းရှင်လက်နက်ကိုင် လူကြမ်းတွေကိုရင်ဆိုင်ပြီး ပြန်လည်သွားရောက်ကယ်ဆယ်ဖို့ ကြိုးစားပါတော့တယ်…ဒီရုပ်ရှင်ဇာတ်ကားဟာ လူမည်းအမျိုးသမီး Harriet Tubman အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်…သူမရဲ့ စစ်ဆင်ရေးအလား ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ပေါင်းများစွာပါခဲ့သလို ကယ်ခဲ့တဲ့ လူတွေများစွာကိုလည်းတွေ့ရပါလိမ့်မယ်…. Review Credit to CM
6.3
IMDB: 6.3/10 10,344 votes
movie

Harriet (2019)

2019
BluRay 1080p 6CH
Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) ဒီဇာတ်ကားလေးကတော့ စကော့တလန် ဘုရင်မ မာရီအကြောင်းကိုရိုက်ကူးထားတဲ့ကားလေးပါ စ​ကော့တလန်​က ဘုရင်​မ မာရီ နဲ့ အင်္ဂလန်​က ဘုရင်​မ အဲလိစဘက်​တို့ဟာ ညီအစ်​မဝမ်​းကွဲ​တွေပါ.. ညီအစ်​မ​တွေက အဆင်​​ပြေ​ပေမဲ့ ဘာသာ​ရေး​တွေအရ တိုက်​ခိုက်​ဖို့ဖြစ်​လာကြပါတယ်​.. စစ်​ပွဲ​တွေ ပြီးသွား​တော့ ဘုရင်​မ မာရီဟာ အိမ်​​ထောင်​ ကျပြီး သားတစ်​​ယောက်​ ​မွေးဖွားခဲ့ပါတယ်​.. သိပ်​မကြာခင်​မှာပဲ ဘုရင်​မရဲ့ ကြင်​ယာ​တော်​ဟာ လုပ်​ကြံခံရပါတယ်​.. အဲ့အချိန်​မှာပဲ ထီးနန်​းကို လိုချင်​တဲ့ သူတစ်​​ယောက်​ဟာ ဘုရင်​မ မာရီကို မသမာနည်​းနဲ့ သိမ်​းပိုက်​လိုက်​ပါတယ်​..အဲ့အခါမှာ​တော့ ဘုရင်​မကို အပျက်​မ ပြည်​့တန်​ဆာမ ဆိုပြီး ပြည်​သူ ပြည်​သား​တွေက ​တော်​လှန်​ကြပါတယ်​.. ကြုံ​တွေ့လာတဲ့ အခက်​အခဲ​တွေကို ဘုရင်​မ မာရီ ဘယ်​လို ​ဖြေရှင်​းမလဲဆိုတာ​တော့.. Review Credit to GC
6.3
IMDB: 6.3/10 32,522 votes
movie

Mary Queen of Scots (2018)

2018
BluRay 1080p 6CH
Stronger (2017) 6.9
Stronger (2017) ဒီဇာတ်ကားလေးကတော့ ၂၀၁၃ ခုနှစ်က ဘော်စတွန် မာရသွန်ပြိုင်ပွဲ မှာ ဗုံးပေါက်ကွဲမှုကြောင့် ခြေထောက် ၂ဖက်စလုံးဆုံးရံှုးလိုက်ရတဲ့ Jeff Bauman ဆိုတဲ့လူငယ်တစ်ယောက်အကြောင်းဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါ... ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ Jeff တစ်ယောက် မာရသွန်အပြေးပြိုင်ပွဲဝင်ရင်း မထင်မှတ်ထားဘဲပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး သတိပြန်လည်လာချိန်မှာတော့ ခြေထောက် ၂ချောင်းစလုံး မရှိတော့တဲ့အနေအထားမှာဖြစ်သွားခဲ့တယ်... ဒီအချိန်မှာအနီးနားပတ်ဝန်းကျင်ကလူတွေလည်း သူလို့အထူးမခြားနား ဒဏ်ရာအသီးသီးတွေရရှိခဲ့ပြီးတော့သူ့ကို ကယ်တင်သူပေးသူကိုလည်း တခြားကိုကူညီပေးဖို့ပြောခဲ့ပါသေးတယ်... ဒီလိုခြေထောက်၂ချောင်းစလုံးမရှှိတော့တဲ့ Jeff တစ်ယောက် ဘဝကြီးကိုဘယ်လိုရှေ့ဆက်လျှောက်ခဲ့လဲဆိုတာ BS ကပရိတ်သတ်ကြီး ကွာလတီအလန်းစားနဲ့ ရှုစားလိုက်ကြပါဗျာ IMDB 6.9 လက်ရှိချိန်ထိရရှိထားပြီးတော့ Biography ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး...  
6.9
IMDB: 6.9/10 36,646 votes
movie

Stronger (2017)

2017
BluRay 1080p 6CH
Ip Man (2008) 8.0
Ip Man (2008) တရုတ် ဝင်ချွမ်းသိုင်းပညာရှင် ဆရာယဲ့မန်း ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့သမိုင်းကြောင်းနောက်ခံ ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDB Rating 8 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- 1930 နဲ့ 1940 ဝန်းကျင် ဖိုးရှမ်းမြို့လေးတစ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုအခြေခံရိုက်ကူးပုံဖော်ထားပါ တယ်။ဒုတိယ ကမ္ဘာစစ်အတွင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ တရုတ် သိုင်းပညာနဲ့ လူမျိုးရေးမျိုးချစ်စိတ် ဓာတ်တက်ကြွအောင် လုပ်ဆောင်စေခဲ့တဲ့ ဆရာ ယဲ့မန်းရဲ့ ဇာတ်ကောင်ကို ဒါရိုက်တာ ဝီလီယံ ယဲ့က ပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားကအားလုံးနီးပါးကြည့်ဖူးပေမယ့် BS ရဲ့ထုံးစံအတိုင်းကွာလတီအလန်းဖြင့်တင်ဆက်ပေးလိုက်ပါတယ်) File Size – 1.65 GB Quality – Blu-Ray 1080p 6CH Running Time – 1hr 46min Format – mkv Genre – Action, Biography, Drama Subtitle – Myanmar (Hard Sub) Translator – Kyaw Kyaw Encoded By – K#/4nt_M1nn_K0
8.0
IMDB: 8.0/10 192,673 votes
movie

Ip Man (2008)

2008
BluRay 1080p 6CH
Ip Man 4: The Finale (2019) 7.3
Ip Man 4: The Finale (2019) IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ် တကယ်ကိုကောင်းလွန်းတဲ့ကောင်းပါပဲ.သိုင်းချစ်သူတွေကိုတော့အထွေအထူး အများကြီးညွှန်းနေစရာတောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့ IP Man ဟာ သူ့ရဲ့အမျိုးသမီးသေဆုံးပြီးတဲ့နောက် ကျန်ခဲ့တဲ့သားငယ်ကိုတစ်ယောက်တည်းထိန်းကျောင်းခဲ့ရတယ် သားဖြစ်သူကလည်း အဖေဗီဇအတိုင်းပဲ သိုင်းကိုအရူးအမူးဝါသနာပါပေမယ့် IP Man က မသင်ပေးခဲ့ပါဘူး..ဒီတော့ရန်တွေခဏခဏဖြစ်ကျောင်းထွက်ရတော့ သားဖြစ်သူအတွက် သင့်တော်မယ့်ကျောင်းကို ရှာဖို့အတွက် IP Man တစ်ယောက် အမေရိနိုင်ငံ ဆန်ဖရန်စစ်စကို မြို့ကိုခရီးဆန့်ရပါတော့တယ် အဲ့မှာ သူ့တပည့်ရင်းတစ်ယောက်ဖြစ်တဲ့ Bruce Lee နဲ့ပြန်လည်ဆုံတွေ့ပါတယ် အဲ့ဒီနောက်ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကိုယ်တိုင်သာဆက်လက်ခံစားကြပါ ဒီကားမှာ Bruce Lee ကို ရိုက်ကူးထားတာလည်း ကျွန်တော်သဘောကျမိပါတယ် Review Credit to CM
7.3
IMDB: 7.3/10 5,287 votes
movie

Ip Man 4: The Finale (2019)

2019
Web-Rip 1080p 6CH
The Irishman (2019) 8.0
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfellas, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacino ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် ...
8.0
IMDB: 8.0/10 237,548 votes
movie

The Irishman (2019)

2019
BluRay 1080p 6CH
A Beautiful Day in the Neighborhood (2019) 7.5
A Beautiful Day in the Neighborhood (2019) မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။ တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။ တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။ တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။ သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။ လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာ သူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊ သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။ သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ……. ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာ ထားရှိနေတဲ့ အမုန်းတရားတွေဆီကနေ ကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် ...
7.5
IMDB: 7.5/10 21,654 votes
movie

A Beautiful Day in the Neighborhood (2019)

2019
BluRay 1080p 6CH
Ford v Ferrari (2019) 8.2
Ford v Ferrari (2019) ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ...
8.2
IMDB: 8.2/10 120,017 votes
movie

Ford v Ferrari (2019)

2019
BluRay 1080p 6CH
The Resistance Banker (2018) 6.9
The Resistance Banker (2018) [Unicode] နာဇီတို့အုပ်စိုးထားတဲ့ အက်စတာဒမ်မြို့တော်ထဲမှ ဘဏ်ပိုင်ရှင်ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Walraven van Hall နဲ့Gijs van Hall တို့ဦးဆောင်ပြီး အခက်အခဲတွေကြားက ဒတ်ချ်တော်လှန်ရေးအဖွဲ့ကိုထောက်ပံ့ပုံ အန္တာရာယ်မျိုးစုံရင်ဆိုင်ရပုံ စစ်ပွဲနောက်ခံဖြစ်ရပ်မှန် ကို Director Joram Lürsen ကရိုက်ကူးပြီး Netflix ကတင်ဆက်ထားတာဖြစ်ပါတယ် IMDb 6.9 ရထားတဲ့အပြင် ရုပ်ရှင်ဆုတွေလည်းဆွတ်ခူးထားတဲ့ကားလေးဖြစ်တဲ့အတွက် ကျွန်တော်တို့ BS ကနေ သီတင်းကျွတ်ပိတ်ရက်အတွင်းကြည့်ရှုလို့ရအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် [Zawgyi] နာဇီတို့အုပ်စိုးထားတဲ့ အက်စတာဒမ်မြို့တော်ထဲမှ ဘဏ်ပိုင်ရှင်ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Walraven van Hall နဲ့Gijs van Hall တို့ဦးဆောင်ပြီး အခက်အခဲတွေကြားက ဒတ်ခ်ျတော်လှန်ရေးအဖွဲ့ကိုထောက်ပံ့ပုံ အန္တာရာယ်မျိုးစုံရင်ဆိုင်ရပုံ စစ်ပွဲနောက်ခံဖြစ်ရပ်မှန် ကို Director Joram Lürsen ကရိုက်ကူးပြီး Netflix ကတင်ဆက်ထားတာဖြစ်ပါတယ် IMDb 6.9 ရထားတဲ့အပြင် ရုပ်ရှင်ဆုတွေလည်းဆွတ်ခူးထားတဲ့ကားလေးဖြစ်တဲ့အတွက် ကျွန်တော်တို့ BS ကနေ သီတင်းကျွတ်ပိတ်ရက်အတွင်းကြည့်ရှုလို့ရအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်
6.9
IMDB: 6.9/10 5,576 votes
movie


2018
Web-DL 1080p 6CH
Sanju (2018) 7.9
Sanju (2018) [Unicode] ဇာတ်ကားတစ်ကား ကို နောက်တစ်ခေါက် ပြန်ကြည့်ရသည်က ကျွန်တော့်အတွက် သိပ်ရှားပါးခဲ့တယ်။ 3 idiots / Kal Ho Na Ho တို့လို ဇာတ်ကားတွေလို အခေါက်ခေါက် ပြန်လှည့်ကြည့်ရင်းမှ Sanju သည်လည်း အထပ်ထပ်ကြွေပြီး အခါခါ ဝေရတဲ့ ခံစားမှု မြောက်များစွာနဲ့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကောင်း တစ်ခုရဲ့ အရည်အသွေးဟာ ရိုက်ကူးမှုဆန်းသစ်ခြင်းကြောင့် သီးသန့်မဟုတ်ဘဲ ပရိသတ်ရဲ့စိတ်အစဉ်မှာ တစ်ခုခု ကျန်ရစ်တွေးမိစေတဲ့ ရွက်ကြွေလေးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အတ္ထုပ္ပတ္တိဇာတ်ကား တစ်ခုလို့ ထင်မှတ်ထားခဲ့ပေမယ့် ဒုတိယအကြိမ် ပြန်ကြည့်ခဲ့ရတဲ့အခါ အရင်ကထက် ပိုမို ထင်းလင်းလာခဲ့တယ်။ အဖေနဲ့သား နှစ်ဦးကြားက ဆက်ဆံရေးတစ်ခုဟာလည်း ဒီဇာတ်ကားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်မြဲခဲ့တယ်။ အဖေရဲ့ လောင်းရိပ်အောက်မှာ ရှင်သန်ခဲ့ရတဲ့သား ဆန်ဂျူး။ အပေါင်းအသင်းကြောင့် ဆေးစွဲ အရက်စွဲခဲ့တဲ့ ဆန်ဂျူး ။ အပေအတေ ဘဝမျိုးနဲ့ ကျရှုံးနေခဲ့တဲ့ ဆန်ဂျူး။ ဒီလို အခြေအနေမှာ ဖြစ်တည်နေခဲ့တဲ့ ဆန်ဂျူးကို ပြန်လည်ဖေးမခဲ့တာကတော့ ...
7.9
IMDB: 7.9/10 41,830 votes
movie

Sanju (2018)

2018
BluRay 1080p 6CH
Lone Survivor (2013) 7.5
Lone Survivor (2013) 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Lone Survivor ဇာတ်ကားကတော့ အကောင်းဆုံး စစ်ကားတွေထဲက တစ်ကားလို့ပြောရရင် မမှားဘူးပေါ့ဗျာ။ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဆိုတော့ သာမန်စစ်ကားနဲ့ ကြည့်ရတာမတူတော့ပဲ ခံစားမှုရသတွေပိုပေးနိုင်တဲ့စစ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းအနေနဲ့ ကတော့ ဘာမှသိပ်မရှိပေမဲ့ အဲ့ဒီဘာမှသိပ်မရှိတဲ့ ဇာတ်လမ်းကိုပဲ အကောင်းဆုံးတင်ဆက်ရိုက်ပြသွားနိုင်တာကတော့ အံ့သြလောက်ပါတယ်။ . ဒီဇာတ်ကားထဲမှာ Director က Closeup Shot တော်တော်များများကိုအသုံးပြုထားတာတွေ့ရပါတယ်။ နောက်ပြီးတော့ Low Angle Shot တွေသုံးပြီး စစ်သားတွေကိုရိုက်ပြထားတာကတော့ တော်တော်လေးကိုမိုက်တယ်။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားကိုဘာကြောင့် အရမ်းသဘောကျလဲဆိုတော့ Reality ဖြစ်လို့ပါ။ တစ်ချို့စစ်ကားတွေလို အဓိက စစ်သားတစ်ယောက်ပဲ စွန်းကြမ်း ၊ အဲ့ဒီတစ်ယောက်ကိုပဲ အဓိကထားရိုက်ပြထားတာမဟုတ်ပဲ Mark Wahlberg အပြင်သူ့ အဖွဲ့သား သုံးယောက်လုံးကိုပါ သေသေချာချာပေါ်လွင်အောင်ရိုက်ပြထားနိုင်ပါတယ်။ သူတို့ လေးယောက်ကြားက Chemistry ကလဲမဆိုးပါဘူး။ . ပြီးတော့ တိုက်ပွဲဖြစ်တဲ့အခန်းတွေဆိုရင်တော့ ရိုက်ပြထားတာတော်တော်ကိုကောင်းပါတယ်။ သူတို့ တွေ ...
7.5
IMDB: 7.5/10 247,945 votes
movie

Lone Survivor (2013)

2013
BluRay 1080p 6CH
Snowden (2016) 7.3
Snowden (2016) ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း ...
7.3
IMDB: 7.3/10 120,596 votes
movie

Snowden (2016)

2016
BluRay 1080p 6CH
Rocketman (2019) 7.6
Rocketman (2019) IMDb….7.5,,,,,Rotten….89%ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံးတစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း တစ်ခု ရရှိဖူးပြီး ကမ္ဘာ့အခွေရောင်းရမှုအရေအတွက်သန်း ...
7.6
IMDB: 7.6/10 47,529 votes
movie

Rocketman (2019)

2019
BluRay 1080p 6CH
Tolkien (2019) 7.0
Tolkien (2019) ပရိသတ်ကြီးကို biographical dramaကောင်းကောင်းလေးတစ်ကား.တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက အင်္ဂလိပ်စာရေးဆရာ J.R.R.Toklienရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ငယ်ရွယ်သော ကျောင်းသားလေး J.R.R Tolkienရဲ့ အချစ်ကိုတွေ့ရှိပုံ သူရဲ့ friendship..နောက်ပြီး World War I စစ်ပွဲအကြောင်းတွေပါ ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် သူဟာသူ့ရဲ့ငယ်စဉ်ဘဝအတွေ့အကြုံကိုအခြေခံပြီး "The Hobbit"နဲ့ "The Lord of The Ringsဆိုတဲ့ စာအုပ်၂အုပ်ကိုလည်း ထုတ်ဝေခဲ့ပါတယ် ဒီကားထဲမှာ Tolikenရဲ့ ငယ်စဉ်က မိဘမဲ့ဘဝ 1916ခုနှစ်Sommeစစ်ပွဲကြီးအတွင်းက သူ့ရဲ့အတွေ့အကြုံတွေ သူလိုမိဘမဲ့ Edith Bratt နဲ့Romanceတွေ သူတို့ရဲ့ အယူအဆ အတွေးအခေါ်တွေကလည်း ဇာတ်ကားရဲ့highlightတွေထဲကတစ်ခုဖြစ်တာမို့ Review Credit
7.0
IMDB: 7.0/10 5,482 votes
movie

Tolkien (2019)

2019
BluRay 1080p 6CH
Battle for Sevastopol (2015) 7.2
Battle for Sevastopol (2015) IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘ၀ဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ...
7.2
IMDB: 7.2/10 8,570 votes
movie

Battle for Sevastopol (2015)

2015
BluRay 1080p 6CH
127 Hours (2010) 7.6
127 Hours (2010) ဒီရုပ်ရှင်ကားဟာ Survival ကားကြိုက်တတ်သူတွေအတွက်တော့ တကယ့်ကိုလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပါ ဒါပေမဲ့ ပုံမာန် စိတ်လှုပ်ရှားစရာ survivalကားဆိုတာထက်တော့ အများကြီးပိုပါတယ် ဒီရုပ်ရှင်ဟာကျနော်တို့ကိုတွေးစရာတွေတသီတတန်း ကြီးပေးသွားပါလိမ့်မယ် လူဆိုတာ ဆုံးရှုံးရမှ အောက်မေ့ တတ်တဲ့အမျိုးတဲ့.... ဟုတ်ပါတယ် လူအတော်များများဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးမထားတတ်ကြဘူး သူတို့ကိုယ်သူတို့ အရမ်း ကံဆိုးတာပဲလို့ ထင်နေတတ်ကြတယ် တကယ်တမ်း ဆုံးရှုံးရပြီဆိုတော့မှ ... သူတို့ ဘယ်လောက်ကံကောင်းခဲ့ တယ်ဆိုတာ သိပြီး နောင်တတွေရတတ်ကြတယ်လေ Aron အခုတော့ ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ Aron Ralston .... စွန့်စား ရတာမှန်သမျှ အကုန်ကြိုက်တဲ့သူ ခရီးခဏခဏ ထွက်လေ့ရှိပြီး ဘဝကို ပျော်ပျော် ဖြတ်သန်းတဲ့သူ လေ ဒါပေမဲ့ မိသားစုနဲ့ အဆင်မပြေဘူး...... သူအမေ့ကိုမုန်းတယ် အမေက အတ္တကြီးတဲ့သူလို့သူမြင်တယ် အမေ ကသူ့လုပ်သမျှကိုအကုန်လိုက် ပိတ်ပင်နေတဲ့ သူလို့ထင်နေတယ် ဒါပေမဲ့...... "ငါသာအမေ့ဖုန်းကို ကိုင်ခဲ့ရင် ဒီလိုမျိုး ဖြစ်နေမှာမဟုတ်ဘူး"တဲ့ တောင်ကြားထဲမှာ လက်ညပ်ပြီး ထွက်မရဘဲ သေတော့မှာသိနေတဲ့ သူတစ်ယောက်ရဲ့အတွေးပေါ့ သူအားလုံးကို အထင်လွဲခဲ့တာတွေ တဖြည်းဖြည်းနားလည်လာတယ် "ငါအားလုံးကိုပြန်လိုချင်တယ်" တဲ့ မရတော့တာသိနေပေမဲ့ အောက့်မေ့နေတယ်လေ..... ဒီဇာတ်ကားဟာ လူမသိသူမသိ ...
7.6
IMDB: 7.6/10 315,222 votes
movie

127 Hours (2010)

2010
BluRay 1080p 6CH
The Favourite (2018) 7.6
The Favourite (2018)   ဒီဇာတ်ကားလေးမှာတော့Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့ အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ် အင်္ဂလန်ရာဇ၀င်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ IMDb rating 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံး Academy Nomiation ၀င်ခဲ့ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အ၀တ်အစားဒီဇိုင်း စတာတွေအတွက် Nomination ဆု (၁၀) ခုထိ ၀င်ထားပြီး Best Actress ဆုကို မင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာ အင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့ အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာက အကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီး ပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
7.6
IMDB: 7.6/10 114,631 votes
movie

The Favourite (2018)

2018
BluRay 1080p 6CH
Pelé: Birth of a Legend (2016) 7.2
Pelé: Birth of a Legend (2016) Pele ဆိုရင် ဘောလုံးဝါသနာပါသူတိုင်း သိကြတယ် အခုဒီကားလေးကတော့ Peleရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ Pele ရဲ့ဘဝရုံးကန်မူတွေ စတာတွေကိုတွေ့မြင်ရပါမယ် သင်ဟာဘောလုံးကစားတာ ဝါသနာပါတယ်ဆိုရင် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားပါ အညွှန်း ............ ၁၉၅၀ ကမ္ဘာ့ဖလား ဘရာဇီးတို့ရဲ့ အိပ်မက်ဖလားကြီး ဗိုလ်လုပွဲရောက်တော့ တစ်နိုင်ငံလုံးတိတ်ဆိတ်ပြီး ပွဲကိုကြည့်နေကြတယ် ပွဲပြီးရလဒ်က မကောင်းခဲ့တော့ အိပ်မက်ကြီး လွဲခဲ့ကြတယ် တစ်နိုင်ငံလုံးရဲ့ အိပ်မက်ပေါ့ Pele ရဲ့အဖေက ငိုပြီးပြန်ထွက်လာခဲ့တယ် အဲ့အချိန်မှာ Pele ကသူ့အဖေကို ကတိပေးခဲ့တယ် အဲဒီနောက်မှာတော့.... File Size – 1.63GB Quality – Blu-Ray 1080P 6CH Running Time – 1h 47min Format – mkv Genre – Biography, Drama, Sport Translator – Sai Wunna Encoded By – Burmese Subtitle Team
7.2
IMDB: 7.2/10 12,612 votes
movie

Pelé: Birth of a Legend (2016)

2016
BluRay 1080p 6CH
Once Upon a Time in China III (1993) 6.8
Once Upon a Time in China III (1993) Once Upon a Time in China II (1993) IMDb6.8/10  ရထားသော ဒါရိုက်တာ  Hark Tsui ရိုက်ကူးထား၍ Yiu-ming Leung, Elsa Tang တို့က ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားကာ သရုပ်ဆောင် Jet Li, Rosamund Kwan, Biao Yuen တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure, Biography ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….၁၉ ရာစုနှစ်နှောင်းပိုင်းက ကန်တန်ကို အခြေအတည်၍ ဒီသိုင်းရုပ်ရှင်ဟာဒဏ္ဍာရီလာသိုင်းသူရဲကောင်း ဝန်ဖေဟုန်(၁၈၄၇-၁၉၂၄) ဟာ တရုတ်ကို ကျူးကျော်လာတဲ့ နိုင်ငံခြားအင်အားစုများ (အင်္ဂလိပ်၊ ပြင်သစ် နဲ့ အမေရိကန်)တို့ကို ဆန့်ကျင့်တိုက်ခိုက်ခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားခြင်းဖြစ်သည် ဇာတ်လမ်းအပြည့်အစုံကို ဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါခင်ဗျာ….
6.8
IMDB: 6.8/10 5,868 votes
movie

Once Upon a Time in China III (1993)

1992
BluRay 1080p 6CH