Burmese Subtitle
Batman Collection
Batman & Robin 3.7
Batman & Robin [Unicode] ဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… Batman & Robin ဇာတ်ကားဟာ DC Comics ဇာတ်ကောင် Batman နဲ့ Robin ကိုအခြေခံပြီး ထုတ်လုပ်ခဲ့တဲ့ 1997 ခုနှစ်ထွက် အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပဲဖြစ်ပါတယ်…. ဒီကားဟာ Warner Bros ရဲ့စတုတ္တမြောက်နဲ့နောက်ဆုံးအရစ်ကျ ထုတ်လုပ်မှု့လည်းဖြစ်ခဲ့ပါတယ်.. ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Schumacher နဲ့  Akiva Goldsman တို့ကပူးတွဲရိုက်ကူးခဲ့ပါတယ်… နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Arnold Schwarzenegger, George Clooney Chris O’Donnell, Alicia Silverstone နဲ့ Uma Thurman တို့နဲ့ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်… ဒီကားမှာ မစ္စတာ ရေခဲအဖြစ်သရုပ်ဆောင်တဲ့ ကျွန်တော်အသိများတဲ့ အာနိုးဟာဖြင့် သူ့မိန်းမကို ပြန်လည်ကယ်တင်ဖို့ ဘာမဆိုလုပ်ချင်နေတဲ့ ဒေါက်တာတစ်ဦးပါ… သူ့မိန်းမကိုပြန်လည်ကယ်တင်ဖို့အတွက်လုပ်ရာကနေ နောက်ပိုင်းမှာတော့ မကောင်းမှု့ဘက်ကိုဦးတည်သွားခဲ့ပါတယ်.. နောက်ထပ် ဗီလိန်တွေကတော့ မတော်မဆထိခိုက်မှု့ဖြစ်လာရာကနေ အစွမ်းရှိလာနဲ့ လှပတဲ့ အဆိပ်မယ်နဲ့ Bane တို့ပဲဖြစ်ပါတယ်…. ဒီကားထဲမှာ Batman နဲ့ Robin တို့နားလည်မှု့လွဲရာကနေပြီးတော့ သူ့ရဲ့ဝတ်စုံကိုပြန်လည်အားဖြည့်ဖို့ စိန်တွေကို လိုက်လံခိုးယူနေတဲ့ မစ္စတာရေခဲတို့တွေ့ဆုံခဲ့ကြပါတယ်… နောက်ဆုံးမှာတော့ မစ္စတာရေခဲဟာ အဆိပ်မယ် ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ Batman နဲ့ Robin တို့ကို တိုက်ခိုက်မှု့များကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်…. Review Credit to CM [Zawgyi] ဒီကားေလးဟာ ...
3.7
IMDB: 3.7/10 228,019 votes
movie
Batman & Robin
1997
BluRay 1080p 6CH
Batman Forever 5.4
Batman Forever [Unicode] ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက စျေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ စျေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်… ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိ်တ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်… အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ Bruce Wayneကိုး။ မဆိုးလှပါဘူး ကျွန်တော့်ကိုအထင်ကြီးတဲ့လူပေါသားဗျ။ ဘဝဆိုတာ ဒီလိုပဲပေါ့ ဒီလောက်နဲ့ပဲ ...
5.4
IMDB: 5.4/10 229,402 votes
movie
Batman Forever
1995
BluRay 1080p 6CH
Batman Returns 7
Batman Returns [Unicode] Batman Returns က Tim Burton director လုပ်ခဲ့တဲ့ Batman သုံးကားထဲ တစ်ကား အပါအဝင်ပါ။Gotham မြို့ရဲ့ ရေဆိုးမြောင်းတွေထဲမှာ ပင်ဂွင်းလူတစ်ကောင် ရှိနေတယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လာချိန်..Max shreck အမည်ရတဲ့ ဂေါ်သမ်မျက်နှာဖုံးသူဋ္ဌေးတစ်ယောက်ဟာ တစ်မြို့လုံးက စွမ်းအင်တွေကို စုတ်ယူမဲ့ Power Generator တစ်ခု လုပ်ဖို့ ကြံစည်နေချိန်..လူလေးစား ပင်ဂွင်းဟာ Max ရဲ့ အကြံတွေကို သိပြီး Max နဲ့ ပေါင်းပြီး.. မြို့တော်ဝန်လုပ်ဖို့ ကြံခဲ့တယ်။max သူ့အကြံကို သိသွားတဲ့..Selena ကို နှုတ်ပိတ်သတ်ဖို့ ကြံခဲ့တယ်။Selena မသေပဲ Catwoman ဖြစ်သွားတဲ့အခါ Batman အနေနဲ့ ဗီလိန်သုံးကောင် ကိုယ်တစ်ကောင် နွဲဖို့ ဖြစ်လာခဲ့ပါတယ်။တစ်ဖက်တစ်လမ်းကလည်း Bruce wayne အနေနဲ့ Selena နဲ့ ချစ်ကြိုက်မိတဲ့အခါ……။ ဆက်ဖြစ်လာဦးမဲ့ Batman ရဲ့ စွန့်စားခန်းတွေကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။Gotham ကြည့်တဲ့ Oswald Cobblepot ရဲ့ fanတွေအတွက် ပင်ဂွင်း Adult ကို ခံစားရမဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ထူးခြားချက်အနေနဲ့ Catwoman ရဲ့ Nine Live ...
7
IMDB: 7/10 266,019 votes
movie
Batman Returns
1992
BluRay 1080p 6CH
Batman 7.5
7.5
IMDB: 7.5/10 328,736 votes
movie
Batman
1989
BluRay 1080p 6CH