Burmese Subtitle

Animation

Pets United (2019) 3.9
Pets United (2019) စက်​ရုပ်​​တွေနဲ့ လည်​ပတ်​​နေတဲ့ ရိုဘိုလို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်…. တစ်မြို့လုံးသက်မဲ့တွေနဲ့လုပ်ရှားသလိုဖြစ်နေတဲ့ ဒီနေရာမှာ လေလွင့်ခွေးလေး ရော်ဂျာအတွက် အတော်အဆင်မပြေလှ….လေလွင့်ခွေးတွေ လိုက်ဖမ်းတဲ့ စက်ရုပ်ရဲတွေရန်ကိုရှောင်ရ အသက်ဆက်ဖို့ အစာရှာရတာလည်းခက်လှကိုး… ဒီလိုအချိန်မှာ မြို့တော်ဝန်ဟာ ရိုဘိုမြို့ကနေ လူတွေအားလုံးကိုပြောင်းရွှေ့ဖို့အမိန့်ထုတ်လိုက်တယ်… ဒါ့ကြောင့် ရိုဘိုမြို့က အိမ်မွေးတိရစ္ဆာန်တွေ တော်တော်များများ အိမ်ခြေမဲ့တွေဖြစ်ကုန်ကြတယ်… မြို့တော်ဝန်မှာ မသာမာမှုပေါင်းများစွာရှိနေနိုင်တာကို ခန့်မှန်းမိတဲ့ ရော်ဂျာတို့ အဖွဲ့တွေဟာမထူးဇာတ်ခင်းပြီး မြို့တော်ဝန်ရဲ့လျှို့ဝှက်ချက်တွေနဲ့ အဖျက်အမှောင့်တွေကို စုံစမ်းပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး…. Review Credit
3.9
IMDB: 3.9/10 1,606 votes
movie

Pets United (2019)

2019
Web-DL 1080p 6CH
Bolt (2008) 6.8
Bolt (2008) ဒီဇာတ်ကားလေးကတော့ ကာတွန်းချစ်သူတွေကို အတော်စွဲဆောင်နိုင်ခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်က သရုပ်ဆောင်ဖြစ်တဲ့ Bolt ဆိုတဲ့ ခွေးလေးတစ်ကောင်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအရဆိုရင် အဲ့ဒီခွေးလေးဟာ သိပ္ပံဇာတ်လမ်းရုပ်ရှင်တစ်ခုမှာ သူ့ရဲ့သခင်မဖြစ်သူ Penny ဆိုတဲ့ ကောင်မလေးနဲ့အတူ သရုပ်ဆောင်နေရတာဖြစ်ပြီး Bolt ဟာ သရုပ်ဆောင်နေရတာကို အမှန်တကယ်ထင်မှတ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Bolt တစ်ကောင် မတော်တဆဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ အပြင်ကိုရောက်သွားပါတော့တယ်။ သူ့ကိုယ်သူ ရုပ်ရှင်ထဲကအတိုင်း စွမ်းအားရှင်ခွေးတစ်ကောင်လို့ထင်နေတဲ့ Bolt ကတော့ အလွဲလွဲအမှားမှားတွေနဲ့ကြုံတွေ့ရပါတော့တယ်။ အပြင်လောကကိုရောက်သွားတဲ့ Bolt ဟာ သူ့ရဲ့သခင်မဆီကို ပြန်ဖို့ကြိုးစားရင်းနဲ့ ဘာတွေကြုံတွေ့ရမယ် ဘာတွေ သိလာရမယ်ဆိုတာတော့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအရသာပေါ့မှာစိုးတဲ့အတွက် ဒီလောက်ပဲညွှန်းပါရစေ ) IMDb rating 6.9/10 ထိ ရရှိထားပြီး Bolt အဖြစ် John Travolta ၊ Penny အဖြစ် Miley Cyrus တို့က အသံ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် ပရိတ်သက်ကြီးအကြိုက်တွေ့စေမယ့်ကာတွန်းဇာတ်ကားတစ်ကားဖြစ်ပါကြောင်းပြောကြားရင်းနဲ့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့ Review ...
6.8
IMDB: 6.8/10 188,128 votes
movie

Bolt (2008)

2008
BluRay 1080p 6CH
Epic (2013) 6.7
Epic (2013) 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Epic Animation Film ဟာ IMDb Rating မှာ 6.7 ရထားပြီး Rotten Tomatoes ကတော့ 64% ရရှိထားပါတယ်… အသံသရုပ်ဆောင်တွေအဖြစ် ကမ္ဘာကျော် Pop အဆိုတော် Beyoncé နဲ့ Colin Farrell တို့အပြင် အခြား သရုပ်ဆောင်တွေများစွာကနေ ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မေရီကက်သရင်းလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ သူ့အဖေ ရယ်..သူ့ရဲ့ခွေးလေးတို့နဲ့အတူ..တောအုပ်အနီးက သစ်သားအိမ်လေးထဲမှာ နေထိုင်ကြပါတယ်..သူ့အဖေ ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်းဘ ဟာ  သစ်တောထဲမှာ နေထိုုင်တဲ့ သစ်ရွက်လူသားလေးတွေတပ်ဖွဲ့အကြောင်းကို နှစ်ပေါင်းများစွာလေ့လာနေတဲ့ သူပါ..တစ်နေ့မှာတော့ ပရော်ဖက်ဆာ ဟာ တော ထဲကိုထွက်သွားရင်းနဲ့ ပြန်မလာလို့ သမီးဖြစ်သူ မေရီကက်သရင်းက အနောက်ကနေလိုက်သွားရင်းနဲ့ သူ့မှာထူးဆန်းတဲ့ အရာတခုနဲ့ကြုံတွေ့ပြီး အလွန်သေးငယ်တဲ့ သစ်ရွက်လူသားအရွယ်အဖြစ် သူကိုယ်တိုင် ပြောင်းလဲသွားတဲ့အခါ…ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားကြပါ Review Credit
6.7
IMDB: 6.7/10 99,069 votes
movie

Epic (2013)

2013
BluRay 1080p 6CH
The Lego Movie 2: The Second Part (2019) 6.6
The Lego Movie 2: The Second Part (2019) အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကို အကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။ အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့ သဘောကောင်းတဲ့သူလေးဆိုတော့ ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့ စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာ ဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား သူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကို ဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။ Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေက တော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင် ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ Review Credit
6.6
IMDB: 6.6/10 53,384 votes
movie

The Lego Movie 2: The Second Part (2019)

2019
BluRay 1080p 6CH
The Lego Movie (2014) 7.7
The Lego Movie (2014) သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီး ညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်… တစ်နေ့မှာတော့ သူဟာ  ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်… ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက် သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်… အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးေဆောင်နိုင်မယ်ဆိုတာတွေ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ… ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီး လူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားပါတယ်… Review Credit
7.7
IMDB: 7.7/10 321,813 votes
movie

The Lego Movie (2014)

2014
BluRay 1080p 6CH
How to Train Your Dragon: The Hidden World (2019) 7.5
How to Train Your Dragon: The Hidden World (2019) နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ နဂါးမုဆိုးတစ်ယောက်ပေါ်လာတယ်။ အဲအတွက် Hiccup ဟာ သူတို့ချစ်တဲ့ နဂါးတွေကို လူတွေလိုက်ရန်မပြုနိုင်တဲ့၊ နဂါးတွေပဲနေကြတဲ့ Hidden World ကို ပို့ပြီး ကယ်တင်ဖို့ ရင်နာနာနဲ့ ကြိုးပမ်းကြရပါတော့တယ်။ Review (Minor Spoiler alert) Dean Deblois ရဲ့ How to Train your Dragon ဇာတ်ကားတွေထဲမှာ အခုကားဟာ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ ဇာတ်သိမ်းဆိုတဲ့နေရာမှာလည်း အသိမ်းမတော်ရင် ...
7.5
IMDB: 7.5/10 98,831 votes
movie

How to Train Your Dragon: The Hidden World (2019)

2019
BluRay 1080p 6CH
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ...
7.8
IMDB: 7.8/10 300,028 votes
movie

How to Train Your Dragon 2 (2014)

2014
BluRay 1080p 6CH
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့ အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
8.1
IMDB: 8.1/10 654,957 votes
movie

How to Train Your Dragon (2010)

2010
BluRay 1080p 6CH
Hotel Transylvania 3: Summer Vacation (2018) 6.3
Hotel Transylvania 3: Summer Vacation (2018) သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို ...
6.3
IMDB: 6.3/10 55,083 votes
movie


2018
BluRay 1080p 6CH
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) 2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက် 2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကို တင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကို အားလုံးပဲမျှော်လင့်နေကြမှာပါ။ ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။ Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။ Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့ သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။ Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူး Movie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainment ...
6.7
IMDB: 6.7/10 104,614 votes
movie

Hotel Transylvania 2 (2015)

2015
BluRay 1080p 6CH
Hotel Transylvania (2012) 7.1

Hotel Transylvania (2012)

2012
BluRay 1080p 6CH
Alvin and the Chipmunks: The Road Chip 5
Alvin and the Chipmunks: The Road Chip 2015 ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ.ဇာတ်ကားဟောင်းလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားလေးပါ။အမေရိကန် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့Mike Mitchellရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်လည်းဖြစ်ပါတယ်။Comedy type နဲ့ family type ပုံစံလေးကို mixed ထားတဲ့ ဇာတ်အိမ်ပုံစံလေးပါ။ဗဟုသုတလည်းရ ရီလည်းရီရတဲ့ ဇာတ်ကားလေးပါ။ကလေး၊လူကြီး အရွယ်မရွေး ကြည့်ဖို့အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ထင်ပါတယ်။သီချင်းဆိုတတ် ကတတ်တဲ့ ရှဥ့်ကလေးတွေဆိုရင်တော့မှတ်မိလောက်မှာပါ အရင်အပိုင်းမှာတော့ ဒီရှဥ့်ကလေးတွေက သီချင်းဆိုပြီး နာမည်ကျော်ကြားလာပြီဆိုတာသိပြီးဖြစ်မှာပါ။ ဒီအပိုင်းမှာတော့ ရှဥ့်ကလေးတွေက သူတို့ရဲ့ မွေးစားဖေဖေ ဒေ့ဗ်တစ်ယောက် စန်မန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို သဘောမတူဘဲ လက်ထပ်ခွင့်တောင်းမှာကို လိုက်ဖျက်ဆီးမယ့် အကြောင်းတွေ ဘယ်လိုဖြစ်လာမလဲ ?အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ညီအစ်ကိုသုံးယောက် ဘယ်လို ပညာပြကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါ။
5
IMDB: 5/10 16,406 votes
movie

Alvin and the Chipmunks: The Road Chip

2015
BluRay 1080p 6CH
Alvin and the Chipmunks: The Squeakquel 4.5

Alvin and the Chipmunks: The Squeakquel

2009
BluRay 1080p 6CH
Alvin and the Chipmunks 5.2
Alvin and the Chipmunks Alvin and The Chipmunks က ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။Live action, computer animated ပုံစံဇာတ်ကားဖြစ်ပြီး ဂီတနဲ့ ဟာသဇာတ်မြူးလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အမေရိကန်ရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Tim Hillကရိုက်ကူးပေးခဲ့တာပါ။အရမ်းကိုအောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ၂၀၀၈ ခုနှစ်ရဲ့ ရောင်အားအကောင်းဆုံး DVD ရဲ့ နံပါတ် ၇ စာရင်းလည်းဝင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၁ သန်းနဲ့အထက် ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ တောအုပ်ကြီးတစ်ခုရဲ့ သစ်ပင်တစ်ပင်ပေါ်မှာနေထိုင်ကြတဲ့ အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ဆိုတဲ့ ချစ်မန့်ခ် ညီအစ်ကိုသုံးကောင်က သူတို့နေထိုင်တဲ့ သစ်ပင်ဟာ ခုတ်လှဲခံရပြီး လော့ဒ်အိန်ဂျလိမြို့ကို သယ်ဆောင်ခံခဲ့ရပါတယ်။အကြောင်းကတော့ ဂျက်တေးသံသွင်းရဲ့ ခရစ်စမတ်သစ်ပင်အတွက်ပါ။ အောင်မြင်တဲ့ တေးရေးဆရာတစ်ယောက် ဖြစ်အောင် အမြဲကြိုးစားနေတဲ့ ဒေ့ဗ် စဗလီ,ချစ်မန့်ခ် ဆိုပေမယ့် လူစကားပြောတတ်တဲ့ ချစ်မန့်ခ် လေးသုံးကောင်နဲ့ ဒေ့ဗ် ...
5.2
IMDB: 5.2/10 75,262 votes
movie

Alvin and the Chipmunks

2007
BluRay 1080p 6CH
Scoob! 5.8
Scoob! 2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။ စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ် လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ ...
5.8
IMDB: 5.8/10 9,306 votes
movie

Scoob!

2020
Web-DL 1080p 6CH
I Want to Eat Your Pancreas 7.9
I Want to Eat Your Pancreas အထက်တန်းကျောင်းသူလေးဖစ်တဲ့ ပန်းကရိယရောဂါခံစားနေရတဲ့ Sakuraဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် သူမရဲ့ရောဂါခံစားရကတည်းကသူ့ဘဝစာမျက်နှာအဖြစ် ဒိုင်ယာရီလေးတစ်အုပ်ကို သူရေးခဲ့တယ် တစ်နေ့မှာတော့ ဆေးရုံတစ်ခုမှာ သူမစာအုပ်လေး ပြုတ်ကျရာကနေ ကောင်လေးတစ်ယောက်က သူ့စာအုပ်ကိုကောက်ရပြီး မတော်တဆဖတ်မိသွားတယ် စာအုပ်ကောက်ရတဲ့သူက Haruki ဆိုတဲ့ အတန်းဖော် တစ်ယောက်ဖြစ်ပါတယ်(စာအုပ်တွေစိတ်၀င်စားတဲ့ကောင်လေးတစ်ယောက်ပေါ့)သူငယ်ချင်းအပေါင်းသင်းသိပ်မရှိပဲခပ်အေးအေးနေတဲ့harukiဘ၀လေးsakuraနဲ့‌တွေ့မှတန်ဖိုးရှိတဲ့အရာတွေကိုရရှိပြီးSakuraလေးကိုစိုးရိမ်တတ်လာတယ် အဲ့သလိုနဲ့ Sakura ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့ Haruki ရဲ့ တုံ့ပြန်မှုကဘာလဲ Sakura က သူ့လျှို့ဝှက်ချက်haruki‌အ‌ေပါ်ပေါက်ကြားသွားတဲ့အခါ ပုံမှန်ဘဝလေးကိုဆက်ထိန်းထားဖို့ Haruki နဲ့တူတူ ဘယ်လိုဖြတ်သန်းသွားလဲဆိုတာနဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်... ချန်ခဲ့တဲ့သူထက်ကျန်ခဲ့သူကဘလောက်ထိလွမ်းရမလဲပေါ့? နောက်ဆုံးHarukiပို့ခဲ့တဲ့messageလေးတစ်စောင်ကရောက်သွားခဲ့တဲ့အထိပေါ့......[I want to eat your pancreas💬] အားလုံးသိ့ပြီးတဲ့ကားလေးဖြစ်ချင်လဲဖြစ်မယ် Animeစိတ်၀င်စားတဲ့သူတွေအဖီးတလိုင်းတွေအတွက်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ #Crd MH ဒီ Anime ကိုတော့ ကျွန်တော်တို့ Burmese Subtitles နဲ့ Summer Anime Best Friend [SABF] တို့ ပူးပေါင်းတင်ဆက်ထားပါတယ်
7.9
IMDB: 7.9/10 4,141 votes
movie

I Want to Eat Your Pancreas

2018
BluRay 1080p 6CH
Porco Rosso 7.7
Porco Rosso Porco Rosso ဆိုတာ ကျိန်စာသင့်ပြီးတော့ လူကနေ ဝက်ဘဝကိုရောက်သွားတဲ့သူ။ ကျိန်စာဘယ်လိုသင့်တယ် ဘာကြောင့်သင့်တယ်ဆိုတာကိုလည်းမသိရ။ သူ့ရဲ့လူဘဝကနာမည်က Marco Pagot ၊ ပထမကမ္ဘာစစ်အတွင်းမှာ လေသူရဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တွင်းမှာပဲသူ့ရဲဘော်ရဲဘက်တွေ ကျဆုံးတာကိုမျက်ဝါးဝါးထင်ထင် မြင်ခဲ့ရပြီးနောက်မှာတော့ အငြိမ်းစားယူသွားပြီး ကြေးစားလူဆိုးဖမ်းတစ်ယောက်အဖြစ်နဲ့သာရပ်တည်ပါတော့တယ်။ အေဒြီယက်တစ်ပင်လယ်ကြီးရဲ့ကောင်းကင်မှာ အနီရောင်လေယာဉ်ကိုစီးနင်းပြီး လူဆိုးတွေကိုချေမှုန်းနေတဲ့ Porco ဟာ အဲဒီပတ်ဝန်းကျင်မှာ ကျတ်စားကြတဲ့ ဝေဟင်ဓားပြတွေအတွက် အိပ်မက်ဆိုးကြီးသဖွယ်ဖြစ်လာပါတယ်။ အဲဒီအိပ်မက်ဆိုးအန္တရာယ်ကောင်ကြီး Porco ကိုရပ်တန့်ဖို့အတွက် ဝေဟင်ဓားပြတွေအားလုံးစုပေါင်းပြီး Curtis ဆိုတဲ့ အမေရိကန်ကြေးစားလေသူရဲတစ်ဦးကို အခကြေးငွေပေးပြီး ငှားရမ်းလိုက်တဲ့အချိန်မှာတော့.......။ Crd Heroes For Myanmar ဒီ Anime ကိုတော့ ကျွန်တော်တို့ Burmese Subtitles နဲ့ Summer Anime Best Friend [SABF] တို့ ပူးပေါင်းတင်ဆက်ထားပါတယ်
7.7
IMDB: 7.7/10 72,114 votes
movie

Porco Rosso

1992
BluRay 1080p 6CH
Onward (2020) 7.5
Onward (2020) Onward (2020) ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ Credit Review
7.5
IMDB: 7.5/10 28,183 votes
movie

Onward (2020)

2020
Web-DL 1080p 6CH