Burmese Subtitle

Action

Abraham Lincoln: Vampire Hunter 5.9
Abraham Lincoln: Vampire Hunter အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျ ုပ်တို ့အင်အားချိနဲ ့ပြီး လွတ်လပ်မှုတွေ ဆုံးရှံူ း ရပြီဆိုရင် ဒါဟာကျ ုပ်တို ့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း) သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို ့၊ ရန်သတ္တရုပြုဖို ့ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျ ုိးဆက်တွေနဲ ့ကြုံတွေ ့ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ‘သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်’ ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန် ့ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို ့ဆိုလိုက်တာနဲ ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ ...
5.9
IMDB: 5.9/10 147,250 votes
movie

Abraham Lincoln: Vampire Hunter

2012
BluRay 1080p
Greyhound 7.1
Greyhound အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ…ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ… သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်…. ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ….ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်…ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့….ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်….ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို ...
7.1
IMDB: 7.1/10 36,852 votes
movie

Greyhound

2020
Web-DL 1080p 6CH
Uri: The Surgical Strike 8.3
Uri: The Surgical Strike "စစ်သားတစ်ယောက်အတွက်တော့ တိုင်းပြည်ဟာ ဘာသာရေးပြဋ္ဌာန်းချက်ပဲ ဖြစ်တယ် " ဒါ့ကြောင့် အသက်ပင်သေသေ အရိုးပင် ကျိုးကျိုး ဘာကိုမှ မမှု။ စစ်ဆင်ရေးတစ်ခုမှာ ငါတို့ကျဆုံးရင် သူရဲကောင်းဖြစ်မယ်။ ဒါမှမဟုတ် အိမ်ပြန်နိုင်တဲ့အခါကျရင်တော့ ကြိုဆိုသူတချို့ကို ပြန်ပြုံး နိုင်စေမယ်။ ငါတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ " အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ " အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ ယောကျ်ား ဘာသား ဟူ၍ တဇွတ်ထိုး ထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။ သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလို သေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ ဗီဟန် ဟာ ...
8.3
IMDB: 8.3/10 40,616 votes
movie

Uri: The Surgical Strike

2019
BluRay 1080p 6CH
Ocean’s Eight 6.3
Ocean’s Eight Stephen Soderberghရဲ့ Ocean’s trilogy ကို spin-offအဖြစ်​နဲ့ပြန်​ထွက်​ထားတဲ့ Ocean’s Eight ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီးပုံစံလဲ တူညီပါတယ်။ Danny Oceanဟာဒီဇာတ်​ကားထဲမှာ​သေသွားခဲ့တယ်​လို့ အရိပ်​အမြွက်​​ပြောကြားခဲ့ပါတယ်။အရင် Ocean ဇာတ်ကား တွေမှာတုန်းက အမျိုးသားဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေဖြင့်ရိုက်ကူးပုံဖော်ထားပြီးတော့ Ocean's Eight မှာတော့ အမျိုးသမီး ဒိတ်ဒိတ်ကြဲတွေက သရုပ်ဆောင်ပြီးရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... Danny Ocean ရဲ့ညီမဖြစ်​သူ Debbie Oceanဟာ​ထောင်​က​နေ ခံဝန်​လွှာနဲ့ထွက်​လာပြီး Met Galaပွဲ​တော်​မှ ​ဒေါ်လာသန်း၁၅၀တန်​ဖိုးရှိ လည်​ဘယက်​တစ်​ကုံးကို ခိုးယူဖို့အတွက်​ အရင်​ကပတ်​သတ်​ဖူးသူများကို လိုက်​လံစု ​ဆောင်း​တော့ပါတယ်​။Debbie Ocean တို့တစ်ဖွဲ့လုံး လည်ဆွဲကိုဘဲခိုးယူနိုင်မလား၊ ဘယ်လိုတွေတောင်ခိုးတာတွေလန်းတာကိုတော့ဇာတ်ကားထဲမှာဘဲဆက်လက်ကြည့်ရှုအားပေးကြပါခင်ဗျာ။ File Size – 1.7GB Quality – Blu-Ray 1080P 6CH Audio – AAC (Advanced Audio Codec) 6CH Running Time – 1h 50min Format – mkv Subtitle – Myanmar HardSub Genre – ...
6.3
IMDB: 6.3/10 57,125 votes
movie

Ocean’s Eight

2018
BluRay 1080p 6CH
Police Story (2013) 6.1
Police Story (2013) Police Story : LockDown ( 2013 ) -------------------------------------- 2013 ခုနှစ်က ထွက်ထားတဲ့ Police Storyဇာတ်ကားပဲဖြစ်ပါတယ်မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ်အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲဇာတ်လမ်းအညွှန်းလေးကတော့သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက်ဘားကိုရောက်တဲ့အချိန်မှာပဲ..မမျှော်လင့်ပဲပြန်ပေးဆွဲခံလိုက်ရတယ်.. တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်းရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့ Spoil မဖြစ် အောင် အညွှန်းကိုလျော့လိုက်ရပါတယ်ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
6.1
IMDB: 6.1/10 8,757 votes
movie

Police Story (2013)

2013
BluRay 1080p 6CH
First Strike (1996) 6.6
First Strike (1996) Jackie Chan's First Strike (1996) သည် IMDb 6.6 Rotten Tomatoes 55% Google User 89% ဒါရိုက်တာ Stanley Tong ရိုက်ကူးထား၍ Greg Mellott, Elliot Tong တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Jackie Chan, Jackson Lou, Annie Wu တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure, Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…. ဂျက်ကီချန်းရဲ့ Police Story ဇာတ်လမ်းတွဲထဲက ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး စစ်ပွဲကို ဦးတည်စေမယ့် ပျောက်ဆုံးနေတဲ့ နယူကလီးယားဗုံးကို လိုက်လံရှာဖွေ နေရာချထားဖို့ ကြိုးစားပုံကို အသည်းတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုနဲ့ စွန့်စားခန်းဟာသများကို ခံစားကြည့်ရှုလိုက်ကြပါဦး ဂျက်ကီချန်းချစ်သူအပေါင်းတို့………. Review Credit to Win ...
6.6
IMDB: 6.6/10 16,988 votes
movie

First Strike (1996)

1996
BluRay 1080p 6CH
Police Story 2 (1988) 7.2
Police Story 2 (1988) ဂျက်ကီချန်းရဲ့ ဒုတိယမြောက် ရဲအမှုထမ်းဇာတ်ကားဖြစ်ပါတယ်။ ပထမ ဇာတ်ကားမှာတုန်းက Chu Tao ကိုဖမ်းစီးနိုင်ခဲ့ပေမယ့် ဖမ်းစီးရာမှာ ပျက်စီးခဲ့တဲ့ တန်ကြေးတွေများပြားတာကြောင့် စုံထောက်  Chan Ka-Kui တစ်ယောက် ယာဉ်ထိန်းအဆင့်နဲ့ ကင်းလှည့်တဲ့အဆင့်ကိုရောက်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ Chu Tao ရဲ့ကျန်းမာရေးအခြေအနေကြောင့်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဇာတ်လမ်းကို အကွက်ကျကျ ချိတ်ဆက်ထားပါတယ်။ သူတို့ရဲ့နှောက်ယှက်မှုအပြီးမှာ Chan Ka-Kui တစ်ယောက် ရဲဝန်ထမ်းက နှုတ်ထွက် သည်အထိ ဖြစ်ခဲ့ပြီးတော့ ဈေးဝယ်စင်တာတစ်ခုမှာမမျှော်လင့်ဘဲ ဗုံး တစ်လုံး ပေါက်ကွဲမယ်လို့သတင်းရတာကြောင့်လိုက်လံရှာဖွေတဲ့အခန်းနဲ့ပြန်လည်အစပျိုးလိုက် ပါတယ်။ဈေးဝယ်စင်တာကြီးတစ်ခုလုံး လူတွေကိုရှင်းပြီးနောက်မှာ ရဲဝန်ထမ်းတွေက စနောက်တယ်ထင်နေပေမယ့် တကယ်တမ်း ဗုံးပေါက်သွားခဲ့ပါတယ်။ Chan Ka-Kui တစ်ယောက် ဒီအမှုကိုကောဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ BS ကပရိတ်သတ်ကြီး အနေနဲ့ ဆက်လက်ရှုစားအားပေးကြပါဦးခင်ဗျာ။ File Size – 1.94 GB Quality – Blu-Ray 1080p 6CH Running Time – 2hr 01min Format – mkv Genre – Action, Comedy, Crime Subtitle – Myanmar (Hard Sub) Translator – Oakar Encoded By – Htet ...
7.2
IMDB: 7.2/10 14,163 votes
movie

Police Story 2 (1988)

1988
BluRay 1080p 6CH
Police Story (1985) 7.6
Police Story (1985) ဂျက်ကီချန်းဆိုပြီးနာမည်ကြီးဖြစ်လာတဲ့ ဇာတ်ကားတွေထဲကတစ်ခုဘဲဖြစ်ပါတယ်။ ကိုယ်ပိုင် လေ့ကျင့်တယ်၊ ဒဏ်ရာတွေပြည့်နေတာတောင်မှ မလျော့တမ်းရိုက်ကူးခဲ့တယ် ဇာတ်လမ်းရဲ့ နောက်ဆုံးမှာ သူတို့ရဲ့ Behind The Scenes ကိုကြည့်ခြင်းအားဖြင့်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- ဟောင်ကောင်အထူးရဲတပ်ဖွဲ့တွေက မူးယစ်ရာဇာ Chu Tao ကိုဖမ်းစီးဖို့အတွက် ပြင်ဆင်နေပြီး စုံထောက် Chan Ka-Kui ကလည်း ဒီစစ်ဆင်ရေးထဲမှာပါဝင်ပါတယ်။ အကြောင်းအမျိုးကြောင့် လူဆိုးတွေ ရိတ်မိသွားပြီးတော့ အပြန်အလှန်ပစ်ခတ်မှုများဖြစ်သွားပြီးနောက်မှာတော့ Chan Ka-Kui တစ်ယောက်က Chu Tao ကိုဖမ်းမိခဲ့ပါတယ်။ လွယ်လွယ်နဲ့ဖမ်းလို့ရခဲ့ပေမယ့် ရှေ့နေရဲ့ကောင်း မှုကြောင့် Chu Tao တစ်ယောက် လူတော့လွတ်မြောက်လာခဲ့ပြီး ပိုင်ဆိုင်မှုတွေသာသိမ်းဆည်းခဲ့ ပါတယ်။ ဒီအဖြစ်ကို မကျေနပ်တဲ့ Cha Ka-Kui တစ်ယောက် Chu Tao ကိုဖမ်းစီးနိုင်မလား ဘယ်လိုအခက်အခဲတွေကြုံရမယ်ဆိုတာ BS ကပရိတ်သတ်ကြီး ရုပ်သံအကြည်လင်ဆုံးနဲ့ ပြန်လည်ကြည့်ရှုခံစားပေးကြပါခင်ဗျာ။ File Size – 1.6 GB Quality – Blu-Ray 1080p 6CH Running Time – 1hr 40min Format – mkv Genre – Action, Comedy, Crime Subtitle – Myanmar (Hard Sub) Translator – ...
7.6
IMDB: 7.6/10 23,399 votes
movie

Police Story (1985)

1985
BluRay 1080p 6CH
Skyfire 5.2
Skyfire Action ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ တရုတ် အက်ရှင် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အညွှန်းအနေနဲ့ကတော့... တီအမ်နို ကျွန်းက အလွန်ကိုလှပတဲ့ ကျွန်းတစ်ကျွန်းပါ ပစိဖိတ်သမုဒ္ဒရာ နားက မီးတောင်တွေရှိတဲ့ ဒီကျွန်းလေးမှာ ဘူမိဗေဒပညာရှင်လေး Li Xiaomeng တစ်ယောက် မီးတောင် စောင့်ကြည့်လေ့လာရေး အတွက် သူ့အဖွဲ့နှင့်ရောက်ရှိနေခဲ့ပြီး မီးတောင်တွေရဲ့ အကြောင်းတွေ ကိုလေ့လာစူးစမ်းနေခဲ့ပါတယ်... ဒီဇာတ်ကားက မီးတောင်တွေ ကြားမှာ အလွန်ကိုသေသပ် ရိုက်ကူးတင်ဆက် ထားတဲ့ တရုတ်ရုပ်ရှင်ရဲ့ လက်ရာကို BS မှာ အလန်းစားကွာလတီနဲ့ ကြည့်ရှုခံစားလိုက်ပါ  
5.2
IMDB: 5.2/10 134 votes
movie

Skyfire

2019
Web-DL 1080p 6CH
I Saw the Devil 7.8
I Saw the Devil နှလုံးအားနည်းသူတွေလုံးဝမကြည့်ကြပါနဲ့ "လူဆိုတာ တစ်ချိန်ကျရင် ကိုယ်အမုန်းဆုံးအရာ ပြန်ဖြစ်လာတာပါပဲ" I Saw The Devil ကို ကြည့်ရတဲ့အကြောင်းအရင်းရှိပါတယ်။ အဲဒါက Byung-Hun Lee နဲ့ Min-sik Choi တို့ပါလို့ပါ။ Min-sik Choi ဆိုတာသိတဲ့အတိုင်း နိုင်ငံတကာထိပ်တန်းစာရင်းဝင် ကိုရီးယားကားတွေမှာပါနေတဲ့ ဘဲကြီး။ သရုပ်ဆောင်ချက်တွေက အလန်း။ ဒါမယ့်အဲဒီအချိန်တုံးကလည်း Byung-Hun Lee ဆိုတာက ထိပ်တန်း မင်းသား တစ်လက်ဖြစ်နေပါပြီ။ မိန်းမကိုသတ်သွားတယ်။ အဲဒီသတ်သွားတဲ့ကောင်ကို ပြန်လိုက်သတ်တယ်။ ဇာတ်လမ်းကတော့ အဲလိုပါ။ ဒါမယ့် ဒီထက်ရှုပ်ထွေးတာတွေဖြစ်လာတယ်။ အဝမ်းနည်းကြီးဝမ်းနည်းရာကဖြစ်တည်လာတဲ့ အမုန်းတရားတွေ၊ ဒေါသတွေက အခြေပြုလုိ့ သတ်တာထက်ပိုတဲ့ အညိုးတစ်ကြီး ကလဲ့စားခြေတာတွေဖြစ်လာခဲ့တယ်။ ဒီကားထဲမှာ Min-sik Choi ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ရွံ့ဖို့ကောင်းလောက်အောင် ပီပြင်သလို၊ Byun- Hun Lee ကလည်း ထုံပေပေ အူကြောင်ကြားပုံစံနဲ့ ဆော်ပလောတီးသွားခဲ့တယ်။ I Saw The ...
7.8
IMDB: 7.8/10 105,245 votes
movie

I Saw the Devil

2010
BluRay 1080p 6CH
RoboCop 7.5
RoboCop Robocop ဆိုရင်လူတိုင်းလည်းသိကြမယ် ထင်ပါတယ် စက်ရုပ်ရဲ ဆိုပြီး ငယ်ငယ်က အခွေဆိုင်တွေမှာ သွားပြီး ငှါးကြည့်ရခဲ့တာတောင်ပြန်ပြီးသတိရစေခဲ့မိပါတယ် ၁၉၈၇ ခုနှစ်ထွက်ရှိထားတဲ့ ဒီ Robocop မှာဆိုရင် ရဲသား မာဖီဆိုသူ က ဒုစရိုက်မှုတွေ နှိမ်နင်းရင်း မမျှော်လင့်ပဲ အင်အားမမျှကာ ရဲသား မာဖီ တစ်ယောက် မရှုနိုင်မကယ်နိုင် ဘဝရောက်သွားခဲ့ချိန်မှာတော့ Omni Consumer Products (OCP) ဆိုတဲ့ နည်းပညာ နဲ့ စစ်လက်နက် အထောက်အပံ့ ကုမ္ပဏ္ဏီကနေပြီး မာဖီကို စက်ရုပ်ရဲ အသွင်ပြောင်းပေးခဲ့ရာမှာတော့ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ပြောဖို့မလိုအောင်ထိ သိပြီးတဲ့သူတွေလည်းရှိကြမှာပါ ဒီ ဇာတ်ကားလေးကို တကူးတကပြန်ဆက်တင်ဆက်ထားနိုင်အောင်လို့ ဘာသာပြန် PK မှ အကောင်းဆုံးတင်ဆက်ပေးထားပြီး ကျွန်တော်တို့ BS မှ အကောင်းဆုံး ကွာလတီနဲ့ ခံစားကြည့်ရှုနိုင်ပါပြီဗျာ
7.5
IMDB: 7.5/10 226,887 votes
movie

RoboCop

1987
BluRay 1080p 6CH
Hanna 6.8
Hanna ၂၀၁၁ က ထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ်မှာပဲ Hanna ဆိုတဲ့နာမည်နဲ့ပဲ အပိုင်းရှစ်ပိုင်းပါတဲ့ စီးရီးတစ်ခုအဖြစ် Amazon က ရိုက်ကူးခဲ့ပါတယ်(Site မှာ ရှာ Down လို့ရပါတယ်)။ ဒီဇာတ်ကားရဲ့ ကျောရိုးကိုပဲ မှီငြမ်းထားတာမို့ ဇာတ်လမ်းချင်းဆင်တူတဲ့အတွက် Series ကြည့်ပြီးတဲ့သူရော၊ မကြည့်ရသေးသူပါ အဆင်ပြေစေမှာပါ။ ဒီဇာတ်ကားမှာတော့ ဟန်နာအဖြစ် Saoirse Ronan အပြင် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Troy နဲ့ Hulk(2013) မင်းသားကြီး Eric Bana ၊ Cinderella နဲ့ Thor: Ragnarok မှာ Hela အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Cate Blanchett တို့က ပါဝင်အားဖြည့်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်နာဆိုတဲ့ DNA တိုးမြှင့်ပြောင်းလဲခံထားရတဲ့ ကောင်မလေးနဲ့ သူ့ကိုအမိဖမ်းချင်သူတွေအကြောင်း ဇာတ်အိမ်တည်ထားတာပါ။ မိမိဘဝအမှန်ကို သိချင်တဲ့ဟန်နာ၊ ဟန်နာ့ကို ဘဝနဲ့ရင်းပြီး စောင့်ရှောက်လာခဲ့တဲ့ အဲရစ်နဲ့ အတိတ်ကအလုပ်ကြွေးကို အပြီးဆပ်ဖို့ဆုံးဖြတ်ချက်ချထားတဲ့ ...
6.8
IMDB: 6.8/10 186,361 votes
movie

Hanna

2011
BluRay 1080p 6CH
Flags of Our Fathers 7.1
Flags of Our Fathers “သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်….ဆိုလိုတာက တစ်ဝက်လောက်ကို လိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့” ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကို မသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင် ၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။ ..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ…. Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်….. ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး…. သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်… ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့…တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာက အီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်… ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ…. ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့် လို့လည်းမထင်လိုက်ပါနဲ့…ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာ စစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်း ရိုက်ပြနိုင်ခဲ့တယ်…ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်… ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်… ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ AARPက ချီးမြင့်တဲ့အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့တယ်.. ကိုင်း စစ်ကားကြိုက်တဲ့ ...
7.1
IMDB: 7.1/10 115,215 votes
movie

Flags of Our Fathers

2006
BluRay 1080p 6CH
The Witch: Part 1. The Subversion 7.1
The Witch: Part 1. The Subversion ၂၀၁၈ ထွက် ကိုရီးယား Mystery, Triller ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB Rating 7.1 ထိရရှိထားတဲ့ The Witch:Part 1 The Subversion ပါတဲ့။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။ အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ…. Review Credit to CM
7.1
IMDB: 7.1/10 4,225 votes
movie

The Witch: Part 1. The Subversion

2018
BluRay 1080p 6CH