Burmese Subtitle

Vincent Riviezzo

Glass (2019) 6.8
Glass (2019) ဒီဇာတ်ကားဟာ Trailar ကြည့်ပြီးကတည်းက စိတ်ဝင်စားမှုများစွာရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နာမည်ကြီးမင်းသားများဖြစ်ကြတဲ့ ....... Diehard, Armageddon ဇာတ်ကားများရဲ့မင်းသားကြီးဖြစ်တဲ့ Bruce Willisမင်းသား၊ Wanted နဲ့ X Man ကကတုံးမင်းသား James McAvoyမင်းသား၊ ကျွန်တော်တို့ Avengers ထဲက Nick Fury မင်းသားဖြစ်တဲ့ Samual L. Jackson တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေး ကတော့ .. ခွန်အား အလွန်ကြီးမားသူ ဟုသတ်မှတ် ထားသော ဒေဗစ်၊ လူတစ်ကိုယ်စိတ်၁၀မျိုးရှိသောသူဟုသတ်မှတ်ထားသော ဟာ့(လူစုဝေး) နှင့် ဉာဏ်အလွန်ကောင်းသောသူဟုသတ်မှတ်ထားသော အက်လိဂျာ တို့ကိုစိတ်ကျန်းမာရေးဆေးရုံတွင် ဖမ်းဆီးထားပါ တယ်။ သူတို့ဟာကာတွန်းစာအုပ် Comicsများဖတ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထင်ရောင်ထင်မှားဖြစ်နေကာ သူတို့ကိုယ်သူတို့ စူပါဟီးရိုးဟုသတ်မှတ်ထားခြင်းအား ကုသရန် ဖြစ်သည်။ သူတို့ဟာ သူတို့ရဲ့ အစွမ်းတွေက တကယ်မဟုတ်မှန်းသိသွား မလား... သူတို့ရဲ့အစွမ်းတွေကရော တကယ်များ ရှိနေတာလား... သူတို့သုံးယောက်ကို ဘယ်လို ဖျောင့်ဖျမလဲဆိုတာ..... Review Credit to Gold Channel
6.8
IMDB: 6.8/10 107,618 votes
movie

Glass (2019)

2019
BluRay 1080p 6CH
Split (2016) 7.3
Split (2016) X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ psychological horror thriller အမျိုးအစားလို့ဆိုရအောင် ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ ...
7.3
IMDB: 7.3/10 346,272 votes
movie

Split (2016)

2016
BluRay 1080p 6CH