Burmese Subtitle

Tony Chris Kazoleas

Deadpool (2016) 8
Deadpool (2016) Movie Review ************** မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။ မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။ ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero တွေထဲမှာ ...
8
IMDB: 8/10 886,350 votes
movie

Deadpool (2016)

2016
BluRay 1080p 6CH