Burmese Subtitle

Terrence Howard

Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်.. IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်.. အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်…သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး.. အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ.. တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယ၀င်နေကြပါတယ်.. သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား.. သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား.. ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါ အညွှန်းကို CM မှကူးယူထားပါတယ်
6.9
IMDB: 6.9/10 125,341 votes
movie

Four Brothers (2005)

2005
BluRay 1080p 6CH
August Rush (2007) 7.5
August Rush (2007) 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်းကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်းကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်းဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်းချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ကံကြမ္မာရဲ့လှည့်ပြောင်းမှုအောက်မှာပဲ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်ကားရဲ့ ပြောင်မြောက်တဲ့ အပိုင်းထဲကတစ်ချက်လို့လည်းပြောလို့ရပါတယ်။ရှေ့ဆက်ပြီးဇာတ်လမ်းကို မပြောပြဘဲ အခုလိုမျိုး တင်စားပြောဆိုမှုတွေဟာကြည့်ရှုသူများအဖို့ ပိုပြီးစိတ်ဝင်စားမှုရှိ စေမှာဖြစ်လို့ မိမိကိုယ်တိုင်သာ ဇာတ်ကားကိုကြည့်ရှုကြပါလို့ပဲ ကျွန်တော် တိုက်တွန်းရင် BS ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်..... ဘာသာပြန်ကတော့ ကိုတုန်းတုန်း(Tone Tone) ...
7.5
IMDB: 7.5/10 97,104 votes
movie

August Rush (2007)

2007
BluRay 1080p 6CH