Burmese Subtitle

T.J. Miller

Ready Player One (2018) 7.6
Ready Player One (2018) ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ဒါပေမယ့် အီစတာ ဥကိုရရှိနိုင်ဖို့အတွက် အဓိက သော့ ၃ ချောင်းကို ရအောင် ရှာဖွေနိုင်ရမှာဖြစ်ပါတယ် … ဒီကစားပွဲအတွင်းမှာ ကိုယ်စိတ်ကူးယဉ်တာတွေမှန်သမျှကို တကယ်အကောင် အထည်ဖော်နိုင်အောင် ...
7.6
IMDB: 7.6/10 208,766 votes
movie

Ready Player One (2018)

2018
4K HDR
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ...
7.8
IMDB: 7.8/10 300,028 votes
movie

How to Train Your Dragon 2 (2014)

2014
BluRay 1080p 6CH
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့ အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
8.1
IMDB: 8.1/10 654,957 votes
movie

How to Train Your Dragon (2010)

2010
BluRay 1080p 6CH
Deadpool 2 (2018) 7.9
Deadpool 2 (2018) Dead Pool 2 ကို Super Duper Cut Blu-Ray 6CH နဲ့တင်ဆက်ပေးထားပါတယ်။ Deadpool 2 အညွှန်း --------------------- Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။ Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။ တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။ Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။ Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။ မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။ Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ...
7.9
IMDB: 7.9/10 237,684 votes
movie

Deadpool 2 (2018)

2018
BluRay 1080p 6CH
Deadpool (2016) 8
Deadpool (2016) Movie Review ************** မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။ မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။ ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero တွေထဲမှာ ...
8
IMDB: 8/10 886,350 votes
movie

Deadpool (2016)

2016
BluRay 1080p 6CH
Underwater (2020) 5.9
Underwater (2020) Underwater (2020) အားလုံးကြည့်ချင်ကြမယ့် သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ မင်းသမီး ခရစ္စတင်း စတီးဝပ် အဓိက ပါဝင်ထားပါတယ်။ Survival ကားလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုး သမုဒ္ဒရာကြမ်း ပြင်က စခန်းတစ်ခုမှာ နေတဲ့ သိပ္ပံပညာရှင် တစ်စုဟာ သူတို့ရဲ့ စခန်းကြီး ငလျင်ကြောင့် ပျက်စီးချိန်မှာ အသက်ရှင်ဖို့ကြိုး စားကြရပါတယ်။ သူတို့အတွက် ရေအောက်က အပျက်အစီးတွေ ထွက်ဖို့ခက်တာတွေနဲ့တင် မလုံလောက်ခဲ့ပါဘူး။ သမုဒ္ဒရာကြမ်းပြင်အောက်အနက်ထဲအထိ တူးဖော်ကြတဲ့အကျိုးဆက်အနေနဲ့ ကြောက်စရာ သတ္တဝါဆန်းတွေ ထွက်ပေါ် လာခဲ့တာပါ။ ဒီအန္တရာယ်မျိုးစုံကနေ အလွတ်ရုန်းဖို့ ကြိုးစားကြတဲ့ပုံကိုကြည့်ရမှာဖြစ်လို့ ဒီလိုရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ ကားပါပဲ။ Review Credit to CM
5.9
IMDB: 5.9/10 26,178 votes
movie

Underwater (2020)

2020
BluRay 1080p 6CH
Cloverfield (2008) 7.0
Cloverfield (2008) Cloverfield (2008) ============== Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေ New York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။ — Review — ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ အပေါ်မှာပြောထားသလိုပါပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ ...
7.0
IMDB: 7.0/10 360,783 votes
movie

Cloverfield (2008)

2008
BluRay 1080p 6CH
Transformers: Age of Extinction (2014) 5.7
Transformers: Age of Extinction (2014) Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ် နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို တွေစခန်းသွားကြမယ်ဆိုတာ…….။ ~ Review Credit File Size – 2.62 GB Quality – Blu-Ray 1080P 6CH Running ...
5.7
IMDB: 5.7/10 273,876 votes
movie


2014
BluRay 1080p 6CH
Big Hero 6 (2014) 7.8
Big Hero 6 (2014) ဒီတစ်ခါတော့ IMDB -7.8/10 ရရှိထားပြီး 2014 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဘေးမက်ဆိုရင်လူတိုင်းနီးပါးသိပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းအမျိုးအစားလေးက Action, Adventure အမျိုး အစားဖြစ်ပြီး Walt Disney မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ အညွှန်း --------------------- ၁၄ နှစ်သားလေးရှိတဲ့ စက်ရုပ်ဖန်တီးရှင်လေး ဟီးရို ဆိုတဲ့ကောင်လေးကသူနေထိုင်တဲ့ ဆန်ဖရန်ဆိုကီယိုမြို့ လေးမှာ တရားမဝင် စက်ရုပ်တိုက်ပွဲတွေကြားမှာလောင်းစကားလုပ်ရင်းအချိန်ကုန်စေခဲ့ပါတယ်။ ဒီလိုနဲ့သူ့အကိုဖြစ်တဲ့ တဒါရှီ ကဆန်ဖရန်ဆိုကီယို မှာရှိတဲ့အကောင်းဆုံးနည်းပညာတက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမှာ ဂိုဂို၊ ဝါဆာဘီ၊ ဟန်နီလီမွန်၊ ဖရပ် တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ထပ်ပြီးတော့စက်ရုပ်ပရိုဂရမ်ကိုဦးဆောင်တဲ့ ရောဘတ် ကဲလာဟန်နဲ့လည်းတွေ့ဆုံခဲ့ရတဲ့အခါမှာတော့ ဟီးရိုတစ်ယောက်ဒီတက္ကသိုလ်ကိုတက်ဖို့ဆုံးဖြတ်ပါတော့တယ်။ ဒါပေမယ့်ဒီတက္ကသိုလ်ကိုတက်ဖို့အတွက်တစ်နှစ်မှာတစ်ကြိမ်ပြုလုပ်တဲ့ နည်းပညာ ပြပွဲမှာအထူးခြားဆုံးတင်ဆက်နိုင်မှ ဒီတက္ကသိုလ်ကိုဝင်ခွင့်ရရှိမှာဖြစ်ကပါတယ်။ ဒီလိုနဲ့ ဟီရိုတစ်ယောက် သူ့ရဲ့ သံလိုက်စက်ရုပ်အသေးစားလေးတွေကိုဖန်တီးပြီးတော့ တက္ကသိုလ် ဝင်ခွင့်ရအောင်ပြုလုပ်ပါတယ်။ ဝင်ခွင့်ရရှိပေမယ့်ရုတ်တရက် နည်းပညာပြပွဲလုပ်တဲ့ခန်းမ မီးလောင်ရာမှာတော့........... ဇာတ်လမ်းလေးထဲမှာဆက်လက်အားပေးကြပါခင်ဗျာ။ အညွှန်းကိုတော့ Burmese Subtitle Team မှပြန်ဆိုထားတာဖြစ်ပါတယ်။ File Size : 1.63GB (1080p) Quality : Blu-Ray 1080p 6CH Running Time : 1hr43min Format : Mkv Genre ...
7.8
IMDB: 7.8/10 344,379 votes
movie

Big Hero 6 (2014)

2014
BluRay 1080p 6CH