Burmese Subtitle

Shane Johnson

Behind Enemy Lines (2001) 6.4
Behind Enemy Lines (2001) အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ BS ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ၀င်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ဘော့စနီးယားတို့ ...
6.4
IMDB: 6.4/10 93,611 votes
movie

Behind Enemy Lines (2001)

2001
BluRay 1080p 6CH
Saving Private Ryan (1998) 8.6
Saving Private Ryan (1998) တပ်သားရိုင်ယန်ကိုကယ်တင်ခြင်း ဆိုတဲ့ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့လက်ရာဖြစ်တဲ့ ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ၀င်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင်ခံစားရမှာပါ..။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်တပ်မှာ အမှုထမ်းကြတဲ့ ရိုင်ယန်ညီအကိုလေးယောက်မှာ သုံးယောက်တိုက်ပွဲကျသွားတယ်။ အမေရိကန် ကာကွယ်ရေးဦးစီးချုပ်ဟာ သားသုံးယောက်ဆုံးပါးရရှာတဲ့ မိခင်မုဆိုးမကြီးကို သနားဂရုဏာသက်လွန်းလို့ တပ်ဖွဲ့ဝင်ရှစ်ယောက်ပါတဲ့အထူးတပ်ဖွဲ့တဖွဲ့၊ နော်မန်ဒီစစ်မြေပြင်ကိုစေလွှတ်ပြီး၊ဘရိုင်ယန်ညီအကိုတွေထဲကနောက်ဆုံးကျန်ခဲ့တဲ့ ဘရိုင် ယန်ကို မဖြစ်မနေပြန်ကယ်တင်ခိုင်းခဲ့တဲ့ဇာတ်လမ်းပါ..။ စစ်ပွဲတွေရဲ့သဘာဝ၊အမေရိကန်စစ်သားတွေရဲ့ခံယူချက်နဲ့ဘဝ၊ အမေရိကန်စစ်တပ်ရဲ့ သာမန်အဆင့် အကြပ်တပ်သားတွေအပေါ်တန်ဖိုးထားမှု၊စစ်ပွဲအတွင်းလူသားစရိုက်၊ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့ ပါရမီမြောက် ရိုက်ချက်နဲ့ အတူ ဗိုလ်ကြီး မီလာအဖြစ်သရုပ်ဆောင်တဲ့ အော်စကာမင်းသားတွမ်ဟင့်ရဲ့ အရည်အသွေး... အော်စကာ ဆုနဲ့ နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၇၅ ဆုကျော်ရရှိထားတဲ့ စစ်ကားကောင်း တစ်ကားအဖြစ် ကြည့်ရှုနိုင်သလို ဗဟုသုတရစရာ ၊ အမှတ်ရစရာ ၊ လေ့လာစရာတွေပါ ရောပြွန်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ~Review Credit File Size – 3.59GB Quality – Blu-Ray 1080p 5.1CH Running Time – 2h 49min Format – mkv Genre –  Drama, War Translator ...
8.6
IMDB: 8.6/10 1,047,551 votes
movie

Saving Private Ryan (1998)

1998
BluRay 1080p 6CH