Burmese Subtitle

Scott Eastwood

Fury (2014) 7.6
Fury (2014) ၁၉၄၅ ခုုနှစ်၊ ဧပြီလ။  ဒုုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုုင်ငံအား အမေရိကန်မှ နောက်ဆုုံးထိုုးစစ်ဆင် တိုုက်ခိုုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လိုု့ခေါ်တဲ့ တင့်ကား ကိုုဦးဆောင်ကာ တိုုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒိုု (Gordo) တိုု့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။ ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုုံးသွားတဲ့အချိန်မှာတော့ လူစားထိုုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ ...
7.6
IMDB: 7.6/10 417,557 votes
movie

Fury (2014)

2014
BluRay 1080p 6CH
The Outpost (2020) 6.7
The Outpost (2020) Rotten Tomato 91% IMDB 6.6 Metacritic 72% စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာ Rating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့် တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။ စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီး ကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။ မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။ မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။ Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။ သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့် သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။ နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။ အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့ လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ လုပ်နေတဲ့ကောင်လေးအဖြစ်မြင်ရမှာဖြစ်ပြီးတော့ အခု ဒီထဲမှာတော့ တကယ့်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်သားတယောက်အဖြစ်မြင်ရမှာပါ။ သူ့အရင်စစ်ကားကတော့ Fury ပါပဲ။ နောက်မင်းသားတယောက်ကတော့ Orlando Bloomပါ။ သူကတော့ The lord of the rings တို့ Pirate of the Caribbean ...
6.7
IMDB: 6.7/10 12,936 votes
movie

The Outpost (2020)

2020
BluRay 1080p 6CH
Flags of Our Fathers 7.1
Flags of Our Fathers “သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်….ဆိုလိုတာက တစ်ဝက်လောက်ကို လိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့” ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကို မသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင် ၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။ ..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ…. Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်….. ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး…. သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်… ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့…တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာက အီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်… ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ…. ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့် လို့လည်းမထင်လိုက်ပါနဲ့…ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာ စစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်း ရိုက်ပြနိုင်ခဲ့တယ်…ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်… ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်… ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ AARPက ချီးမြင့်တဲ့အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့တယ်.. ကိုင်း စစ်ကားကြိုက်တဲ့ ...
7.1
IMDB: 7.1/10 115,215 votes
movie

Flags of Our Fathers

2006
BluRay 1080p 6CH
Snowden (2016) 7.3
Snowden (2016) ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း ...
7.3
IMDB: 7.3/10 120,596 votes
movie

Snowden (2016)

2016
BluRay 1080p 6CH
Pacific Rim: Uprising (2018) 5.7
Pacific Rim: Uprising (2018) ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁၀နှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့ အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက် နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင် သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့ ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင် လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့ပေါ်ပေါက်လာတယ်။ ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ......ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်) Blu-ray Quality လေးရလို့ Update လုပ်ပေးလိုက်ပါတယ် ပေးပါ့မယ် File Size          :  1.76 GB Quality            :  Blu-Ray 1080p 6CH Running Time : 1hr 50 minute Format             : Mkv Genre              : Action, Adventure, Sci-Fi
5.7
IMDB: 5.7/10 66,378 votes
movie

Pacific Rim: Uprising (2018)

2018
BluRay 1080p 6CH
Suicide Squad (2016) 6.1
Suicide Squad (2016) Suicied Squad ဇာတ်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေက အဆိုးဘက်က ဝေဖန်ထားကြပေမယ့်လည်း ဝင်ငွေ အကောင်းဆုံးစာရင်းမှာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝီလ်စမစ်၊ ဂျဲဒ်လက်တို၊ မာဂေါ့ရော်ဘီ၊ ဂျိုးလ်ကင်နာမန်၊ ဗိုင်အိုလာဒေးဗစ်၊ ဂျေးဟာနန်ဒက်ဇ် စတဲ့သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားတာပါ။ စူပါမင်းသေဆုံးခဲ့ပြီးနောက် မှာတော့ ထောက်လှမ်းရေးအဖွဲ့ ရဲ့ အကြီးအကဲအမန်ဒါဝေါ်လာ ဟာ စူပါပါဝါရှိတဲ့ အန္တရာယ်ရှိ အကျဉ်းသားတွေဖြစ်တဲ့ စိတ်ရောဂါအထူးကုဆရာဝန်ဟောင်း ဟာလေကွင်း၊ နာမည်ကြီးလူ သတ်သမား ဒက်ရှော့၊ မီးလူဆိုး အယ်လ်ဒိုင်ယာဘလို၊ သူခိုးကက် ပတိန်ဘွန်းမရန်း၊ လူသားစား ကစ်လာခရော့၊ ကြေးစားလူသတ်သမား စလစ်ပ်နော့တို့ကို စုစည်း ခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့ရဲ့ ကာနယ်ရစ်ဖလက်ရဲ့ အုပ်ချုပ်မှု အောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအန္တရာယ်ရှိ အကျဉ်းသားတွေ ရဲ့ လည်ပင်းမှာ ပေါက်ကွဲပစ္စည်း ထည့်သွင်းတပ်ဆင်ထားပြီး ထွက် ပြေးသွားရင်ဖြစ်စေ၊ သစ္စာဖောက်ရင်ဖြစ်စေ ရှင်းပစ်နိုင်ဖို့ ဖြစ်ပါ ...
6.1
IMDB: 6.1/10 505,129 votes
movie

Suicide Squad (2016)

2016
BluRay 1080p 6CH