Burmese Subtitle

Samantha Womack

Kingsman: The Golden Circle (2017) 6.8
Kingsman: The Golden Circle (2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ...
6.8
IMDB: 6.8/10 199,066 votes
movie

Kingsman: The Golden Circle (2017)

2017
BluRay 1080p 8CH
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) အထူးစံစမ်း စစ်ဆေးရေးအဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ Kingsman အဖွဲ့ဟာ စစ်ဆင်ရေးတစ်ခုမှာ မထင်မှတ်ဘဲ စစ်ဆင်ရေးတစ်ခုမှာ Kingsman အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရပါတယ်။ ဒါကြောင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီဟဒ် ဟာ သေဆုံးသွား တဲ့ အဖွဲ့ဝင်တစ်ဦးစီကို ဝမ်းနည်းကြောင်း ပြောပြပြီးတော့ တံဆိပ်ပြာလေးတစ်ခုကို ပေးခဲ့ပါတယ်။ အမေဖြစ်သူကလက်မခံခဲ့တဲ့အတွက် သူ့သားလေးဖြစ်တဲ့အဂ်ဆီကိုပေးလိုက်ပါတယ်။ ကာလအတန်ကြာလာတဲ့အခါ အဂ်ဆီရဲ့ပထွေး တပည့်တွေကို တန်ပြန်လုပ်ဖို့ဆိုပြီး သူ့တပည့်ကားကိုယူပြီးမောင်းရာမှ ရဲစခန်းကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲကြုံနေတဲ့ အဂ်ဆီ တစ်ယောက် သူ့ကိုပေးခဲ့တဲ့ ဆုတံဆိပ်ပြားလေးကို မှတ်မိပြီး အကူအညီတောင်းလိုက်တဲ့အခါ.... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
7.7
IMDB: 7.7/10 514,842 votes
movie

Kingsman: The Secret Service (2014)

2014
BluRay 1080p 6CH