Burmese Subtitle

Rob Yang

The Bourne Legacy (2012) 6.7
The Bourne Legacy (2012) မတ်ဒေမွန် (Matt Damon) က စီအိုင်အေ အေးဂျင့်ဟောင်း ဂျေဆန်ဘွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ Jason Bourne ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ အစိမ်းသက်သက် သွားကြည့်ရင် တစ်လုံးမှ နားမလည်ပဲ သွက်သွက်ခါ သွားနိုင်စရာရှိပါတယ်။ ၁-ဂျေဆန်ဘွန်း ဘာကြောင့် အသက်လုပြေးနေရတာလဲ ? ၂-ဂျေဆန်ဘွန်းကို စီအိုင်အေ က ဘာကြောင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်သတ်ချင်နေရတာလဲ ? ၃-ဂျေဆန်ဘွန်း ပါဝင်ပတ်သက်ခဲ့ရတဲ့ အော်ပရေးရှင်းထရက်စတုန်း (Operation Treadstone) ရဲ့ လျှို့ဝှက်ချက် တွေကရော ဘာတွေလဲ ? ၄-အော်ပရေးရှင်းဘလက်ခ်ဘရိုင်ယာ (Operation Blackbriar) ကရော ဘယ်လို ဘယ်လိုစစ်ဆင်ရေးမျိုးလဲ ? ၅-တစ်ခါ အော်ပရေးရှင်းအောက်တ်ကမ်း (Operation Outcome) နဲ့ ပတ်သက်မိတဲ့ အေးဂျင့် အေရွန်ခရော့စ် ကပါ ဘာကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရတာလဲ ? ဒါတွေသိထားမှ ဒီဇာတ်လမ်းကို ကြည့်လို့ နားလည်မှာ။ ...
6.7
IMDB: 6.7/10 268,282 votes
movie

The Bourne Legacy (2012)

2012
BluRay 1080p 6CH
Glass (2019) 6.8
Glass (2019) ဒီဇာတ်ကားဟာ Trailar ကြည့်ပြီးကတည်းက စိတ်ဝင်စားမှုများစွာရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နာမည်ကြီးမင်းသားများဖြစ်ကြတဲ့ ....... Diehard, Armageddon ဇာတ်ကားများရဲ့မင်းသားကြီးဖြစ်တဲ့ Bruce Willisမင်းသား၊ Wanted နဲ့ X Man ကကတုံးမင်းသား James McAvoyမင်းသား၊ ကျွန်တော်တို့ Avengers ထဲက Nick Fury မင်းသားဖြစ်တဲ့ Samual L. Jackson တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေး ကတော့ .. ခွန်အား အလွန်ကြီးမားသူ ဟုသတ်မှတ် ထားသော ဒေဗစ်၊ လူတစ်ကိုယ်စိတ်၁၀မျိုးရှိသောသူဟုသတ်မှတ်ထားသော ဟာ့(လူစုဝေး) နှင့် ဉာဏ်အလွန်ကောင်းသောသူဟုသတ်မှတ်ထားသော အက်လိဂျာ တို့ကိုစိတ်ကျန်းမာရေးဆေးရုံတွင် ဖမ်းဆီးထားပါ တယ်။ သူတို့ဟာကာတွန်းစာအုပ် Comicsများဖတ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထင်ရောင်ထင်မှားဖြစ်နေကာ သူတို့ကိုယ်သူတို့ စူပါဟီးရိုးဟုသတ်မှတ်ထားခြင်းအား ကုသရန် ဖြစ်သည်။ သူတို့ဟာ သူတို့ရဲ့ အစွမ်းတွေက တကယ်မဟုတ်မှန်းသိသွား မလား... သူတို့ရဲ့အစွမ်းတွေကရော တကယ်များ ရှိနေတာလား... သူတို့သုံးယောက်ကို ဘယ်လို ဖျောင့်ဖျမလဲဆိုတာ..... Review Credit to Gold Channel
6.8
IMDB: 6.8/10 107,618 votes
movie

Glass (2019)

2019
BluRay 1080p 6CH
The Adjustment Bureau (2011) 7.1
The Adjustment Bureau (2011) လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်ထိန်းချုပ်ခွင့်ရှိနေတာလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာများလား။ ဒါဆို တစ်စုံတစ်ယောက်က သူများတွေပြောနေကြတဲ့ ဘုရားသခင်လား။ ဒါဆိုရင်တော့ ဒီကားမှာ ဘုရားသခင်က ခေတ်မှီပြီး အုပ်စုလိုက်ပါပဲ။ ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။ ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး အရမ်းချစ်မိသွားခဲ့တယ်။ ဒါပေမယ့် တွေ့တဲ့နေ့ကစပြီး သုံးနှစ်လောက်ကြာမှ အဲ့ကောင်မလေးနဲ့ အမှတ်မထင်ပြန်တွေ့တယ်။ သူတို့အဲ့လို သုံးနှစ်လောက်မတွေ့ရအောင် လုပ်နေတဲ့သူတွေရှိတယ်။ သူတို့နှစ်ယောက်မတွေ့ရအောင် အချစ်မိအောင် လိုက်နှောက်ယှက်နေတဲ့ သဘာဝလွန်အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဘာကြောင့်လဲ..... နောက်ဆုံးမှာတော့ ချစ်တဲ့စိတ်ကပဲ အနိုင်ရသွားမလား... နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။ သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားပြီး နာမည်ကြီး မင်းသားနဲ့မင်းသမီးက ပါဝင်သရုပ်ဆောင်ထားတာဆိုတော့.....။ ဒီကားကြည့်ပြီးရင်တော့ သင်သွားလေရာမှာ ဦးထုပ်ဆောင်းထားတဲ့ သူတွေကိုသတိထားနော် Review Credit to Original
7.1
IMDB: 7.1/10 225,863 votes
movie

The Adjustment Bureau (2011)

2011
BluRay 1080p 6CH