Burmese Subtitle

Richard Anderson

Paths of Glory (1957) 8.4
Paths of Glory (1957) ပထမကမ္ဘာစစ် နောက်ခံဇာတ်ကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ စတန်လေကူးဘရစ်ရဲ့လက်ရာဖြစ်ပြီး Humphrey Cobb ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၅၇ခုနှစ်က ရိုက်ကူးထားတာဖြစ်တဲ့ ဒီအဖြူအမည်းဇာတ်ကားလေးဟာ စစ်ကားတွေထဲမှာတော့ Rating ခပ်မြင့်မြင့်ထဲကဖြစ်ပြီး Imdb Rating 8.4/10 နဲ့ Rotten Tomatoes 95% အထိ ရထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းအနေနဲ့ ပထမကမ္ဘာစစ်အတွင်း ဂျာမန်တွေနဲ့ စစ်ဆိုင်နေတဲ့ ပြင်သစ်တပ်မတစ်ခုဟာ ရန်သူဂျာမန်တွေ အခိုင်အမာ တပ်စွဲထားတဲ့ တောင်ကုန်းတစ်ကုန်းကို သိမ်းဖို့ တာဝန်ကျလာပါတယ်။ ပထမကမ္ဘာစစ်ရဲ့ တိုက်ပွဲပုံစံအရ မြေနေရာတစ်ခုကို သိမ်းပိုက်နိုင်ဖို့ဆိုတာ လူအင်အားအတော်များများ အဆုံးရှုံးခံနိုင်မှ ရမယ့်အနေအထားပါ။ တပ်မမှူးအနေနဲ့ ဒီအမိန့်ကိုရချိန်မှာ မဖြစ်နိုင်မှန်းသိတဲ့အတွက် ငြင်းဖို့ကြိုးစားပေမယ့် အောင်မြင်ရင် ရာထူးတစ်ဆင့်တိုးပေးမယ်ဆိုတဲ့မက်လုံးကို ကြားရတဲ့အခါ မရရအောင် တိုက်ပေးမယ်ဆိုပြီး ဖြစ်သွားပါတယ်။ ဒီအမိန့်ဟာ အောက်ကဗျူဟာမှူးဆီ ရောက်သွားတဲ့အခါ ရည်မှန်းချက်အနေနဲ့ မဖြစ်နိုင်တဲ့အပြင် စစ်သည်တွေ ...
8.4
IMDB: 8.4/10 153,915 votes
movie

Paths of Glory (1957)

1957
BluRay 1080p 6CH