Burmese Subtitle

Ranveer Singh

Gully Boy (2019) 8.2
Gully Boy (2019) အခုတခေါက်ကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လူငယ်တွေ အကြိုက်တွေ့စေမယ့် အချစ်Drama ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားက India street rapper Navine နဲ့ Naezy တို့ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအညွှန်းကတော့………. မွန်ဘိုင်းမြို့မှာ ရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်က မူရတ် ဆိုတဲ့ လူငယ်လေးက သူ့ဘဝရဲ့ အိမ်မက်တွေကို အခက်အခဲတွေကြား ရင်ဆိုင်ပြီး တဆင့်ပြီးတဆင့်ကြိုးစားခဲ့ပုံကို မြင်တွေ့ရမှာပါ သူ့မှာ ငယ်ငယ်ကထဲက ချစ်ကြိုက်ခဲ့တဲ့ ငယ်သူငယ်ချင်း ချစ်သူကောင်မလေးတစ်ယောက်လည်း ရှိပါတယ် ဆာဖီးနား ဆိုတဲ့ ကောင်မလေးက အိမ်ကအရမ်းစည်းကမ်းကြီးပြီး ချစ်သူအပေါ် အရမ်း သဝန်တိုတတ်တဲ့ ကောင်မလေးပါ ဒီကားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကလည်း ပရိတ်သတ်တွေကို ကြည်နူးဖွယ်ဖြစ်အောင် ဆွဲဆောင်နိုင်မှာပါ တခြားကုလားကားတွေလို သီချင်းတွေဖွင့်ပြီးအရှည်ကြီးကမှာမဟုတ်ပါဘူး ? ရက်ပ်သီချင်းတွေကြား စီးမျှောရင် ကြည့်ရှုရမှာဖြစ်တဲ့အတွက် လူငယ်အကြိုက်ဖြစ်မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ် ထပ်ပြောရင် spoil သလိုဖြစ်မှာဆိုးလို့ မြန်မြန်သာ ကြည့်ရှုလိုက်ပါအုန်းနော်…….. အညွှန်းနဲ့ဘာသာပြန်သူကတော့ Parris ပဲဖြစ်ပါတယ်
8.2
IMDB: 8.2/10 24,680 votes
movie

Gully Boy (2019)

2019
Web-DL 1080p 6CH
Padmaavat (2018) 7.0
Padmaavat (2018) သမိုင်းရာဇ၀င်အခြေခံ ဒရာမာကားအမျိုးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့ Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Sanjay ဆိုတာဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့ Aishwaray တို့ ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့  Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရူတင်ဖျက်စီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ ဆက်တင်တစ်ခုလုံး မီးတင်ရှို့ ခံခဲ့ရပါတယ်။ မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ္ကားဟာ မြတ္စလင္မ္ဘုရင္တစ္ဦး နဲ ့ဟိႏၵဴဘုရင့္မိဖုရားတို ့အၾကား ...
7.0
IMDB: 7.0/10 17,985 votes
movie

Padmaavat (2018)

2018
BluRay 1080p 6CH