Burmese Subtitle

Pooja Kumar

Man on a Ledge (2012)
Man on a Ledge (2012) ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်…. ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ……သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်… ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်…ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်…သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်…ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်… ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား…. ဒီကားက အီသွားတဲ့နေရာမရှိဘူး…ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်…အက်ရှင်ခန်းတွေနဲ့ ဇာတ်ကိုပုံဖော်သွားတာ…ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး…နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ…." ဇာတ်ညွှန်း Crd-CM
IMDB: /10 votes
movie

Man on a Ledge (2012)

2012
BluRay 1080p 6CH
PSV Garuda Vega (2017) 8.3
PSV Garuda Vega (2017) ဒီဇာတ်ကားက သုံးရက်အတွင်းမှာတင် ဖြစ်ပျက်သွားတဲ့ အကောက်ခွန်အရာရှိတွေ ရဲတပ်သားတွေကအစ ဝန်ကြီးချုပ်အထိ ပါဝင်တဲ့ သတ္တုတွင်းကရတဲ့ ပလတိုနီယမ်တွေကို အစိုးရမသိအောင် မှောင်ခိုရောင်းချတဲ့ အကြီးစားလိမ်လည်မှုကြီး တစ်ခုအကြောင်း ဖြစ်ပါတယ် ပုံမှန်ကြည့်နေကျ တာမီးလ်ကားတွေလို လက်သီးထိုးရင် လေပေါ်မပျံပါဘူး. . . မဖြစ်နိုင်တာတွေ မပါပဲ. . . စုံထောက်တစ်ယောက်ရဲ့အရည်အချင်းနဲ့ တာဝန်ကို ဖိုက်တင်ခန်းတွေ အပစ်အခတ်ခန်းတွေနဲ့ ရိုက်ပြထားတာပါ. . . သမ္မရာပါလီရွာလေးမှာ ပလူတိုနီယမ်သတ္တုတွေ ရှိတယ်ဆိုတာ သိသွားတဲ့ သတ္တုတွင်းဝန်ကြီးဌာနက အကြီးအကဲတစ်ချို့ ဟာ DAE(Department of Atomic Energy) ဥက္ကဌနဲ့ လက်ဝါးချင်းရိုက်ပြီး ပလူတိုနီယမ်တွေကို အပိုင်သိမ်း ၊ တရားမဝင်ရောင်းချပြီး ကိုယ်ကျိုးရှာဖို့ ကြံစည်ပါတော့တယ်. . . ပလူတိုနီယမ်ဆိုတာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ် ပထမဆုံးအနေနဲ့ အတော်ဆုံးဟက်ကာ လေးယောက်ကို ခေါ်ပါတယ် သမ္မရာပါလီရွာကလေးရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ပုံအဟောင်းတွေနဲ့ အစားထိုးပြီး ဂြိုလ်တုကနေ စောင့်ကြည့်လို့ မရအောင် လုပ်လိုက်ပါတယ် ဒါမှသာ သတ္တုတူးဖော်ရေးလုပ်ရင် ဘယ်သူမှမသိပဲ အေးအေးဆေးဆေး လုပ်လို့ရမှာကိုး. . . ဟက်ကာတွေကိုလည်း အစောင့်အကြပ်နဲ့ထားပြီး စစ်ဆင်ရေးပြီးတဲ့အထိ တစ်လတိတိ စောင့်ကြည့်နေကြတယ် ဒါပေမယ့် ဟက်ကာတစ်ယောက်က DAE Serverမှာ ဗိုင်းရပ်စ်တစ်ကောင် ထည့်ပြီး သူတို့်ရဲ့ လုပ်ငန်းစဉ်အချက်အလက်တွေကို ခိုးယူနေခဲ့ပါတယ်. . . ဒီသတင်းအချက်အလက်တွေကို သန်း100 နဲ့ ရောင်းချဖို ...
8.3
IMDB: 8.3/10 411 votes
movie

PSV Garuda Vega (2017)

2017
Web-Rip 720p