Burmese Subtitle

Paul Giamatti

San Andreas (2015) 6.0
San Andreas (2015) San Andreas (2015) ဇာတ်ကားက 2015 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Action , Drama , Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြိုက်မင်းသားကြီး Dwayne Johnson (The Rock) နဲ့ ပရိတ်သတ်ကြိုက်မင်းသမီး Alexandra Daddario တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကို တစ်ကြောင်းထဲရေးရမယ်ဆိုရင်တော့ California ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ ငလျှင်ကြီးလှုပ်ပြီး ပျက်စီးသွားတဲ့အခါမှာ ကယ်ဆယ်ရေးလုုပ်သားဖြစ်တဲ့ Ray (The Rock) ကသူ ့သမီးကို လိုက်လံကယ်ဆယ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ငလျင်ပညာရှင် Hayes ရဲ့ ငလျင်လှုပ်တော့မဲ့အကြောင်းကိုအသိပေးပေမဲ့ လူတွေက စိတ်မဝင်စားပဲ တကယ်မဖြစ်သေးတဲ့အခါမှာ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့နေလိုက်ကြရာကနေ တစ်ကယ်လဲဖြစ်ရော. အကုန်တန်းစီပြီး ဒုက္ခတွေတစ်လှေကြီးနဲ ့တွေ့ရတဲ့ဇာတ်ကားပါ။ — Review — ဒီဇာတ်ကားကိုကြည့်တဲ့အခါမှာ ထင်ထားတာထက်တော့ပိုကောင်းပါတယ်။ Ray အဖြစ်သရုပ်ဆောင်တဲ့ The Rock ...
6.0
IMDB: 6.0/10 200,884 votes
movie

San Andreas (2015)

2015
BluRay 1080p 6CH
White Fang (2018) 6.9
White Fang (2018) အခုတစ်ခေါက်ကတော့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကာတွန်းကားလေးကို ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ် White Fang လို့ခေါ်တဲ့ မြေခွေးလေး တစ်ကောင်ကြောင်းကို ရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းကတော့….. White Fang က တခြား သားကောင်တွေလိုမဟုတ်ပဲ အရမ်းကို လိမ္မာပြီး ထက်မြက်တဲ့ မြေခွေးလေးပါ သူ့သခင်က သူ့ရွာအတွက် ငွေလိုလို့ မြေခွေးလေးကို လူတစ်ယောက်ဆီမှာ ရောင်းစားခဲ့ပါတယ် ငွေမျက်နှာတခုပဲ ကြည့်တဲ့ စမတ်ဆိုတဲ့လူဆီမှာ white fang က နှိပ်စက်ခံရပြီး လောင်းကစားပွဲတွေမှာ တိုက်ခိုက်ခဲ့ရပါတယ် ဒါပေမယ့် အရာရှိလင်မယားတွေ ကယ်တင်ခဲ့တဲ့အခါမှာ White Fang ဘဝလေး ဘယ်လိုပြောင်းလဲသွားမလဲ? လူတွေရဲ့ လောဘ မောဘနဲ့ကင်းရာ သူ့နေရပ်ကို ပြန်ရောက်မလားဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် Animationကားလေးက ပေါတောတောနဲ့ ပြီးသွားမယ့်ကားမဟုတ်လို့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်……… Review & Translate by Panda
6.9
IMDB: 6.9/10 2,542 votes
movie

White Fang (2018)

2018
BluRay 1080p 6CH
Planet of the Apes (2001) 5.7
Planet of the Apes (2001) ဒီဇာတ်ကားကတော့ ၂၀၀၁ ခုနှစ်ကထွက်ရှိထားတဲ့သိပ္ပံအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ---------------------------- အာကာသ သိပ္ပံစခန်းတစ်ခုက အာကသထဲမှာဖြစ်ပျက်နေတဲ့ လျှပ်စစ်မုန်တိုင်းကိုလေ့လာဖို့အတွက် ဉာဏ်ရည်မြင့်မျောက်တွေကိုမွေးပြီးတော့ အစမ်းသပ်ခံအနေနဲ့ အသုံးပြုပါတယ်။ ဒီထဲကမှ ဉာဏ်ရည် အမြင့်ဆုံး မျောက်တစ်ကောင်ကို စေလွှတ်ခဲ့တဲ့အခါမှာတော့ ဆက်သွယ်မှု ဧရိယာပြင်ပထဲကို ရောက်သွားပြီးတော့အဆက်အသွယ်ပျက်တောက်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ မျောက်ကို ထိန်းကျောင်း ပေးတဲ့တနည်းအားဖြင့် သခင်ဖြစ်တဲ့ လီယို ကတော့သူ့မျောက်ကိုပြန်ရှာဖို့အတွက် စခန်းကနေအသည်း အသန်ထွက်သွားပြီးတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မယ်ဆိုတာကို BS ကပရိတ်သတ်ကြီး ကြည့်ရှုခံစားလိုက်ပါဦးဗျာ။
5.7
IMDB: 5.7/10 200,180 votes
movie

Planet of the Apes (2001)

2001
BluRay 1080p 6CH
The Amazing Spider-Man 2 (2014) 6.6
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။ Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ...
6.6
IMDB: 6.6/10 375,707 votes
movie

The Amazing Spider-Man 2 (2014)

2014
BluRay 1080p 6CH
Saving Private Ryan (1998) 8.6
Saving Private Ryan (1998) တပ်သားရိုင်ယန်ကိုကယ်တင်ခြင်း ဆိုတဲ့ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့လက်ရာဖြစ်တဲ့ ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ၀င်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင်ခံစားရမှာပါ..။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်တပ်မှာ အမှုထမ်းကြတဲ့ ရိုင်ယန်ညီအကိုလေးယောက်မှာ သုံးယောက်တိုက်ပွဲကျသွားတယ်။ အမေရိကန် ကာကွယ်ရေးဦးစီးချုပ်ဟာ သားသုံးယောက်ဆုံးပါးရရှာတဲ့ မိခင်မုဆိုးမကြီးကို သနားဂရုဏာသက်လွန်းလို့ တပ်ဖွဲ့ဝင်ရှစ်ယောက်ပါတဲ့အထူးတပ်ဖွဲ့တဖွဲ့၊ နော်မန်ဒီစစ်မြေပြင်ကိုစေလွှတ်ပြီး၊ဘရိုင်ယန်ညီအကိုတွေထဲကနောက်ဆုံးကျန်ခဲ့တဲ့ ဘရိုင် ယန်ကို မဖြစ်မနေပြန်ကယ်တင်ခိုင်းခဲ့တဲ့ဇာတ်လမ်းပါ..။ စစ်ပွဲတွေရဲ့သဘာဝ၊အမေရိကန်စစ်သားတွေရဲ့ခံယူချက်နဲ့ဘဝ၊ အမေရိကန်စစ်တပ်ရဲ့ သာမန်အဆင့် အကြပ်တပ်သားတွေအပေါ်တန်ဖိုးထားမှု၊စစ်ပွဲအတွင်းလူသားစရိုက်၊ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့ ပါရမီမြောက် ရိုက်ချက်နဲ့ အတူ ဗိုလ်ကြီး မီလာအဖြစ်သရုပ်ဆောင်တဲ့ အော်စကာမင်းသားတွမ်ဟင့်ရဲ့ အရည်အသွေး... အော်စကာ ဆုနဲ့ နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၇၅ ဆုကျော်ရရှိထားတဲ့ စစ်ကားကောင်း တစ်ကားအဖြစ် ကြည့်ရှုနိုင်သလို ဗဟုသုတရစရာ ၊ အမှတ်ရစရာ ၊ လေ့လာစရာတွေပါ ရောပြွန်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ~Review Credit File Size – 3.59GB Quality – Blu-Ray 1080p 5.1CH Running Time – 2h 49min Format – mkv Genre –  Drama, War Translator ...
8.6
IMDB: 8.6/10 1,047,551 votes
movie

Saving Private Ryan (1998)

1998
BluRay 1080p 6CH