Burmese Subtitle

Nicholas Wittman

Terminator: Dark Fate (2019) 6.4
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။ Review Credit to CM
6.4
IMDB: 6.4/10 71,893 votes
movie

Terminator: Dark Fate (2019)

2019
4K HDR
Rambo: Last Blood (2019) 6.2
Rambo: Last Blood (2019) ဖခင်က စွန့်ပစ်မှုကို ခံခဲ့ရတဲ့ ဂက်ဘရီရယ်ဟာ သူငယ်ချင်းဖြစ်သူ ဂစ်ဇယ်ရဲ့ အကူအညီနဲ့ အဖေကို ရှာတွေ့ခဲ့တယ် စွန့်ပစ်သွားတဲ့အကြောင်းရင်းကို သိချင်တဲ့ ဂက်ဘရီရယ်ဟာ ဖခင်ရှိတဲ့ တစ်ဖက်နိုင်ငံကို သွားဖို့ ဦးလေးဖြစ်သူ ရမ်ဘိုကို ခွင့်တောင်းခဲ့တယ် ဦးလေးဖြစ်သူက လောကကြီးအကြောင်းနားလည်ပြီး အသက်အရွယ်တစ်ခုရောက်လာမှသွားဖို့ ပြောပေမယ့် မစောင့်နိုင်တဲ့ ဂက်ဘရီရယ်တစ်ယောက် သူ့အဖေရှိရာ Mexico ကိုလိုက်သွားပါတော့တယ် အဖေဖြစ်သူနဲ့တွေ့ခဲ့ရပေမယ့် သူငယ်ချင်းဖြစ်သူ ဂစ်ဇယ်ရဲ့လှည့်ဖျားမှုထဲကျရောက်သွားတဲ့ ဂက်ဘရီရယ်တစ်ယောက် ရောင်းစားခံလိုက်ရတဲ့ အခါမှာ …..ဘာတွေဆက်ဖြစ်မလဲ ဦးလေးဖြစ်သူ ရမ်ဘိုရဲ့ တူမအတွက် ကလဲ့စားချေမှုတွေကို တွေ့ရမှာဖြစ်ပြီး အသတ်အဖြတ် ကြမ်းကြမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့အားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ Review Credit
6.2
IMDB: 6.2/10 52,004 votes
movie

Rambo: Last Blood (2019)

2019
BluRay 1080p 6CHExtended Edition
The Martian (2015) 8.0
The Martian (2015) ဒီကားဟာ Adventure, Drama, Sci-Fi အမျိုးအစား ဖြစ်ပြီး IMDb rating 8.1 ထိရရှိထားတဲ့ဇာတ်ကားကောင်းတကားပါ နာဆာကလွှတ်တင်ထားတဲ့ ဟာမိစ်ဂြိုလ်တုမှ အဖွဲ့(၆)ဦးဟာ အင်္ဂါဂြိုလ်(မားစ်ဂြိုလ်)ပေါ်သို့ ကုန်းလမ်းသွားယာဉ်တင်ပို့တဲ့မစ်ရှင်တခု လုပ်ဆောင်နေရင်း မုန်တိုင်းတိုက်ခတ်လာတာကြောင့် သူတို့ယာဉ်ဟာတိမ်းစောင်းနေပြီးအရေးပေါ်အမြန်ပျံတက်မှ ဖြစ်တော့မှာပါ စခန်းချရာနေရာနဲ့ အမ်အေဗီယာဉ်ရှိရာသို့ အသွားမုန်တိုင်းကြောင့် အာကာသယာဉ်မှူး မက်ခ်ဝန်နီဟာ မတော်တဆ ဖြစ်ပြီး အစပျောက်ကာရှာမရဖြစ်သွားခဲ့ပါတယ် ခေါင်းဆောင်လူးဝစ်နဲ့ သူ့အဖွဲ့သားများဟာရှာဖို့မတတ်နိုင်တော့ပဲ မက်ခ်ဝန်နီကို ထားခဲ့ရပါတယ် အင်္ဂါဂြိုလ်ပေါ်မှာ မက်ခ်ဝန်နီဟာ ၁၈ ရက်ကြာသတိမေ့မျောပြီး အသက်ရှင်နေခဲ့ပါတယ် သူဟာ သူ့အဖွဲ့သားများ အသက်ရှင်တာကိုမသိသွားခဲ့တဲ့အတွက်တကယ်လို့များသေသွားခဲ့ရင် မှတ်တမ်းကျန်အောင်လို့ ဗီဒီယိုနဲ့မှတ်တမ်းတင်ထားပါတယ် ကျန်ခဲ့တဲ့ ရိက္ခာနဲ့ သူဘယ်လောက်ထိအသက်ရှင်နေထိုင်နိုင်မလဲဆိုတာ တွက်ချက်ပြီး မက်ခ်ဟာ သူ့ရဲ့လွတ်မြောက်ရာလမ်းစကိုရှာဖွေလေ့လာ ခဲ့ပါတယ် နောက်ထပ်အယ်ရီ ၅ ယာဉ်လာဖို့ဆိုတာကလည်း ၄ နှစ်ကြာဦးမှာပါ အယ်ရီ ၅ မရောက်ခင် ရိက္ခာမပြတ်ဖို့ အတွက် အစီအစဉ်ချပါတော့တယ် သူဟာရူပဗေဒပညာရှင်ဖြစ်တဲ့ကြောင့် အင်္ဂါဂြိုလ်ပေါ်မှာ အာလူးစိုက်ပါတော့တယ် ဒီကားကိုကြည့်ရတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ် ကြည့်ရင်းကြည့်ရင်း ဘာဖြစ်မလဲဆိုတဲ့ခံစားမှုနဲ့ မက်ခ်ကို ဘယ်သူတွေ လာကယ်မလဲ ဘယ်လိုကယ်မလဲ မက်ခ်ကရော အင်္ဂါဂြိုလ်ပေါ်မှာ ဘာတွေရှာတွေ့အောင်လုပ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားဖြစ်ပါတယ် အင်္ဂါဂြိုလ်ပေါ်မှာ ၁ နှစ်ခွဲလောက်အသက်မသေပဲ ဘ၀ကိုမလျှော့သောဇွဲလုံ့လနဲ့တစ်ဦးတည်းရင်ဆိုင်ဖြေရှင်းရဲတဲ့ မက်ခ်ရဲ့ စိတ်ဓါတ်ကိုတော့ မချီးကျူးပဲမနေနိုင်ပါဘူး တော်ရုံလူဆိုရင်တော့ရူးသွားနိုင်ပါတယ် မကြည့်ရသေးတဲ့သူတွေရော ကြည့်ပြီးသူတွေပါကြည့်ရအောင် စာတန်းထိုးနဲ့ rating မြင့်လွန်းတဲ့ကားကောင်းတကားကိုတင်ပေးလိုက်ပါတယ် ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ် Review ...
8.0
IMDB: 8.0/10 665,505 votes
movie

The Martian (2015)

2015
BluRay 1080p 6CH
The Spy Who Dumped Me (2018) 6.0
The Spy Who Dumped Me (2018) အော်ဒရီနဲ့ မော်ဂန်တို့ သူ ငယ်ချင်းနှစ်ယောက် လျှို့ဝှက်ပူး ပေါင်းကြံစည်မှုထဲ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်မိပြီး အလွဲတွေ ဖြစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ . အသက် (၃၀)တန်းထဲဝင် နေပြီဖြစ်တဲ့ အော်ဒရီနဲ့ မော်ဂန်တို့ ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပြီး ကောင်းခြင်း၊ ဆိုးခြင်း မှန်သမျှကို အတူမျှဝေ ခံစားသူတွေ ဖြစ်ပါတယ်။ တစ် ရက်မှာတော့ အော်ဒရီရဲ့ ရည်း စားဟောင်း ဒရူး သူတို့အိမ်ရောက် လာပြီးနောက်မှာတော့ အော်ဒရီ တို့နှစ်ယောက်ဟာ မဟာအရှုပ် တော်ပုံထဲ ဝင်ပတ်သက်မိပါတော့ တယ်။ . ဒရူးဟာ စီအိုင်အေအေးဂျင့် တစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတွေ လက်ကနေ ထွက်ပြေးလာတာမို့ သူ့နောက်မှာ အန္တရာယ်တွေက တသီတတန်း ကြီးပါလာခဲ့ပါတယ်။ အဲဒီအခါမှာ အော်ဒရီတို့နှစ်ယောက်ဟာ အ ဖျက်သမားတွေရန်က သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ရော၊ လူထုကို ကာကွယ်ဖို့ အတွက်ရော အန္တ ရာယ်များတဲ့ ...
6.0
IMDB: 6.0/10 39,197 votes
movie

The Spy Who Dumped Me (2018)

2018
BluRay 1080p 6CH
Robin Hood (2018) 5.3
Robin Hood (2018) ရော်ဘင်ဟုဒ်ဆိုတာ အိပ်ယာဝင်ပုံပြင်မှာနားထောင်နေကျ စောရတစ်ယောက်လိုတော့ ဒီဇာတ်ကားမှာမဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း =========== ဒီဇာတ်ကားမှာတော့ Robin တစ်ယောက်က စစ်ပွဲကို ပါဝင်ဆင်နွှဲရင်း ရှေ့တန်းမှာကျဆုံး တယ်ဆိုတဲ့သတင်းကိုသူ့ချစ်သူလေးမယ်ရင် ကကြားသိရပြီးတော့ တစ်ဖက်မှာ နောက်ထပ်တစ်ယောက်ကိုရသွားရှာတယ်။ ဒါပေမယ့်မမျှော်လင့်ဘဲ ရော်ဘင်ဟာ ရှေ့တန်းမှာ မကျဆုံးဘဲ ပြန်လာတဲ့အခါမှာ တော့ မယ်ရင်တစ်ယောက် တစ်ခြားယောက်ျားရနေပြီကိုသိရပြီးတော့ ကျေကွဲခဲ့ရပါတယ်။ တစ်ဖက်မှာလည်း စစ်သုံးစရိတ်တွေကို အဆမတန်ပေးဖို့အတွက် အခွန်တွေမတန်တဆကောက်သွားတာကို ရော်ဘင်ရဲ့အကိုလည်းဟုတ် ဆရာဆိုလည်းဟုတ်တဲ့ ဂျွန်က ပြောပြီးတဲ့နောက် Robin Hood ဘယ်လိုဖြစ်လာမယ် ဆိုတာ BS ပရိတ်သတ်ကြီးလည်းအားပေးလိုက်ပါဦး File Size – 1.85 GB Quality- BluRay 1080p 6CH Running Time – 2hr 10min Format – mkv Genre – Action, Adventure, Thriller Subtitle – Myanmar (Hard Sub) Translator – Pyae Gyi Encoded By – Robinn Hood
5.3
IMDB: 5.3/10 19,731 votes
movie

Robin Hood (2018)

2018
BluRay 1080p 6CH