Burmese Subtitle

Navid Negahban

American Sniper (2014) 7.3
American Sniper (2014) #‎ရုပ်ရှင်မိတ်ဆက်‬ ဒီကားက အများထင်ထားသလို Lone Survivor လို၊ Saving Private Ryan လို စစ်ကားကောင်း တစ်ကား မဟုတ်ပါဘူး။ ဒီလို ပြောလို့ ကျွန်တော် မကြိုက်ဘူး၊ ဒီကားက မကောင်းဘူး လို့ မဆိုလိုပါဘူး။ ပြောချင်တာက ဒီကားမှာ အထက်က ကားနှစ်ကားလို စစ်တိုက်တာက အဓိ ဇာတ်အိမ်မဟုတ်သလို၊ စစ်ပွဲကိုလည်း Saving Private Ryan လိုမျိုး ကြည့်ကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ Saving Private Ryan ကို ကြည့်ပြီးရင် ပရိတ်သတ်တွေ ကိုယ်တိုင်တောင် စစ်ထဲပါချင်စိတ် ဖြစ်လာပေမယ့် ဒီကားကတော့ စစ်တစ်ခုဖြစ်တာကနေ စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ အပေါ် သက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ ကို အဓိကပြထားတာဖြစ်လို့ ဒီကားကြည့်ပြီး စစ်ပွဲတွေကို ရွံသွားမှာအမှန်ပါပဲ။ စစ်ရဲ့ အနှစ်သာရကို တကယ် ပီပီပြင်ပြင် ...
7.3
IMDB: 7.3/10 432,177 votes
movie

American Sniper (2014)

2014
BluRay 1080p 6CH
Aladdin (2019) 7.2
Aladdin (2019) အာလာဒင် ဆိုတာ မသိသူမရှိသလောက် ကျော်ကြားခဲ့တဲ့ ပုံပြင် ကာတွန်းတစ်ပုဒ်ပါ။ မကြည့်ဖူးရင်တောင် အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူးဆိုတာ ကြားဖူးလိမ့်မယ်၊ ဒီကပြန်ဆွဲတဲ့ ကာတွန်းစာအုပ်တွေ ဖတ်ဖူးလိမ့်မယ်။ အဲဒီကျွန်တော်တို့ ငယ်ငယ်က ကြိုက်ခဲ့ ရင်းနီးခဲ့ရတဲ့ ဒီဇာတ်ကောင်တွေဟာ ရုပ်ရှင်အဖြစ်နဲ့ ငွေရောင်ပိတ်ကားပေါ် ပြန်ရောက်လာခဲ့ပါပြီ။ ကျွန်တော် ဒီရုပ်ရှင်ကြည့်တော့ စစချင်း ၁၅ မိနစ်လောက်ထိ သိပ်သဘောမကျပါဘူး။ ကိုယ်ကိုယ်တိုင်က serious ကားတွေ၊ ရုပ်ရှင်တွေပဲကြည့်၊ plot hole တွေလိုက်ရှာနဲ့ လုပ်နေကျဆိုတော့ ဒီလိုကလေးဆန်ပြီး silly ဖြစ်တဲ့၊ plot hole တွေများတဲ့ကား ဆိုတာ့ စစကြည့်ကြည့်ချင်း အဝင်မချောခဲ့ဘူး။ အကျင့်ပါနေတာကိုး။ ဒါပေမဲ့ အာလာဒင် မီးခွက်ရတဲ့အချိန်ကစပြီး ကြည့်ရတာ အကျင့်သားရသွားခဲ့တယ်။ တစ်ကားလုံး ပျော်ခဲ့ရတယ်။ လွှတ်ရယ်ခဲ့ရတယ်။ Disney ရဲ့ လန်ထွက်နေတဲ့ VFX တွေနဲ့ music and song ...
7.2
IMDB: 7.2/10 108,298 votes
movie

Aladdin (2019)

2019
BluRay 1080p 6CH
American Assassin (2017) 6.2
American Assassin (2017) ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စခ်ျ စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။ မစ်ခ်ျရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ...
6.2
IMDB: 6.2/10 53,627 votes
movie

American Assassin (2017)

2017
BluRay 1080p 6CH
12 Strong (2018) 6.6
12 Strong (2018) ဦးဆုံးပြောချင်တာတော့ ရေရေလည်လည်မိုက် ပက်ပက်စက်စက်ကောင်းတဲ့ စစ်ကား၊ ကြည့်နေရင်း မနက် ၃ နာရီထိုးလို့ထိုးသွားမှန်းမသိလိုက်ဘူး တခြား စစ်ကားတွေမှာ မမြင်ရတဲ့အကွက်တွေမြင်ရမယ်၊ send in the cavalry ဆိုတာ အခုခေတ်မှာ သံချပ်ကာတို့ ဟယ်လီကော့ပတာတို့ကို စီးပြီးဝင်တာ၊ ဒါပေမယ့် ဒီကားမှာ တကယ့်သံချပ်ကာတွေမပေါ်ခင်ခေတ်ကလို send in the cavalry မြင်ရမယ်၊ မြင်းတွေနဲ့ တက်ပြီး ရန်သူ့ဖက်က တင့်ကားတွေ စက်သေနတ်တွေကြားထဲ တက်ထိုးတာ ရေလည်မိုက်။ အာဖဂန်စစ်ဘုရင်တွေရဲ့ စစ်တိုက်တဲ့ စတိုင်ထူးထူးဆန်းဆန်းကို မြင်ရမယ်။ ဇာတ်လမ်းကတော့ 9/11 World Trade Center ကိုတိုက်ခိုက်မှုအပြီးမှာ အာဖဂန်မှာ တာလီဘန်နဲ့ အယ်လ်ကေဒါတွေကို တန်ပြန်ထိုးစစ်ဆင်တဲ့စစ်ပွဲမှာ အာဖဂန်ထဲကို ပထမဦးဆုံးပို့လွှတ်ခံရတဲ့ ၁၂ ယောက် အထူးတပ်စုအကြောင်း တကယ့်ဖြစ်ရပ်မှန် တာလီဘန်တွေရဲ့ အရေးအပါဆုံးမြို့ကို သိမ်းဖို့အတွက် ဒေသခံ စစ်ဘုရင်တစ်ယောက်နဲ့ ပေါင်းပြီးတော့ လေကြောင်းပစ်ကူအတွက်ကူညီပေးဖို့ ၀င်သွားရပြီး ...
6.6
IMDB: 6.6/10 39,919 votes
movie

12 Strong (2018)

2018
BluRay 1080p 6CH