Burmese Subtitle

Michael Pitt

Ghost in the Shell (2017) 6.4
Ghost in the Shell (2017) မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလို မင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းက လူအတော်များများ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာ လူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီး စက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။ လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီး စွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့ မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှ လူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံး မျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့ အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့ နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။ အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဥာဏ် နဲ့ အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ….. အညွှန်းကိုတော့ CM မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်......   Translator -- Ko Thu( Ko ...
6.4
IMDB: 6.4/10 170,695 votes
movie

Ghost in the Shell (2017)

2017
BluRay 1080p 6CH
Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်… Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့… အဆင့်တစ်ကတာ့ “Q” ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။ တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ Crimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့် အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ…. တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘ၀မှာ ဒီလိုဟိုလို ဥာဏ်သုံးဖြေရှင်းပြီး လုပ်ငန်းအောင် မြင်အောင် သက်သေပြတဲ့ကားလေးဆိုလည်းမမှားဘူးပေါ့ဗျာ… ဇာတ်လမ်းအညွှန်းကတော့ Hein ...
6.2
IMDB: 6.2/10 916 votes
movie

Detective Chinatown 2 (2018)

2018
BluRay 1080p 6CH
Hugo (2011) 7.5
Hugo (2011) ဘယ်လိုဇာတ်ကားလဲဆိုတာ မပြောခင် အော်စကာ 5ခုတိတိ ရထားတဲ့ ဇာတ်ကားဆိုတာ အရင်ပြောပါရစေ အော်စကာဆုရှင် မင်းသားကြီး Ben Kingsley နဲ့ ကလေးသရုပ်ဆောင်ဘဝကနေ လူငယ်သရုပ်ဆောင်ဘဝအထိ ဆုပေါင်းများစွာသိမ်းပိုက်ရင်း အောင်မြင်လာတဲ့ မင်းသာလေး Asa Butterfield တို့ကို အတွဲညီစွာတွေ့မြင်ရမှာပါ ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ သူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ် သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါ သူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် ဒီစက်ရုပ်လေးက အထူးသော့မပါဘဲ အလုပ်မလုပ်နိုင်ပါဘူး ဒီတော့ သော့ကိုရှာဖို့ကြိုးစားရင်း ရထားဘူတာက ဈေးဆိုင်ရှင်ကြီး ဂျော့နဲ့ သူ့သမီးလေးတိုနဲ့ တွေ့ဆုံခဲ့ပါတယ် ဒီသားအဖက ဟူဂိုရဲ့အဖေနဲ့ မထင်မှတ်ဘဲ အဆက်အသွယ်ရှိနေတာကို ဟူဂိုသိသွားတဲ့အခါ…… ~Review Credit to Original Writers File Size – 3.8GB, 998.6MB Quality – ...
7.5
IMDB: 7.5/10 275,569 votes
movie

Hugo (2011)

2011
BluRay 1080p 8CH