Burmese Subtitle

Michael Eklund

Watchmen (2009) 7.6
Watchmen (2009) Superhero တွေပါလို့သာ superhero ရုပ်ရှင်လို့ဆိုရတဲ့ကားတစ်ကားပါ။ ဒါပေမယ့် ရုပ်ရှင်ကို တင်ဆက်ထားပုံက ပုံမှန်စူပါဟီးရိုးတွေလို ဟီးရိုးနဲ့ ဗီလိန်နဲ့ချ၊ ဟီးရိုးတွေအထိနာ၊ အင်အားပြန်စု၊ ပြန်ချ၊ နိုင် ဆိုတဲ့ ဖော်မြူလာကနေ လုံးဝဖောက်ထွက်ထားပါတယ်။ ဒီကားမှာ အဖြူနဲ့အမည် ကွဲပြားနေတဲ့ လူဆိုး၊ လူကောင်းတွေမပါပါဘူး။ ရောင်ခြည်တွေပစ်နေတဲ့ အင်မတန်မှ ကောင်းပါတယ်ဆို့ သူရဲကောင်းတွေလည်းမပါပါဘူး။ ဒါပေမယ့် နက်ရှိုင်းလေးနက်တဲ့ ဇာတ်ကောင်တွေနဲ့ ကြည့်နေတဲ့လူကို ကြည့်ပြီး ကာလတော်တော်ကြာသည်အထိ လေးနက်တဲ့ အတွေးတွေပေးသွားမယ့် ဇာတ်ကြောင်းတော့ပါပါတယ်။ ဒါ့အပြင်ကို ဒီကားမှာ ကမ္ဘာပေါ်မှာ တစ်ကယ် စူပါဟီးရိုးတွေရှိခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ စူပါဟီးရိုးတွေရှိနေတဲ့ alternate history တစ်ရပ်ကို အလှပဆုံးဖန်းတီးနိုင်ခဲ့ပါတယ်။ ဒီလောက် လေးနက်တဲ့ကားကို လှလှပပနဲ့ အကောင်းဆုံးပုံဖော်ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာဟာလဲ Zack Snyder မှတစ်ပါးရှိမယ်မထင်ပါဘူး။ Watchmen ကိုမ ကြည့်ရသေးတဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်ကို ပြောချင်တာကတော့ ကိုယ်မသိတဲ့ (နာမည်မကြီးတဲ့) ဟီးရိုးတွေနဲ့ကားမို့ ကြည့်ရမှာ လက်တွန့်မနေပါနဲ့။ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ လုံးဝ နောင်တမရစေရပါဘူးလို့
7.6
IMDB: 7.6/10 478,855 votes
movie

Watchmen (2009)

2009
BluRay 1080p 6CH
Cold Pursuit (2019) 6.3
Cold Pursuit (2019) ဇာတ်လမ်းအကျဉ်း ================ နာမည်ကျော်မင်းသားကြီး Liam Neeson က အဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့ Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့ စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ် သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်း အေးဆေးစွာနေထိုင်လာခဲ့သူပါ။ ကီးဟိုးမြို့ရဲ့ တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာ အများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့် တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့် သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။ သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်း သူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက် ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲ… Credit Review - Channel Myanmar
6.3
IMDB: 6.3/10 19,260 votes
movie

Cold Pursuit (2019)

2019
BluRay 1080p 6CH