Burmese Subtitle

Michael Caine

Journey 2: The Mysterious Island (2012) 5.8
Journey 2: The Mysterious Island (2012) ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတေ့ာ Journey to the Centre of the Earth နဲ့ ထုတ်လုပ်သူတစ်ဦးတည်း ဇာတ်ကားလည်းဖြစ်ပါတယ်၊ Journey 2 မှာတေ့ာ Sean လို့ ခေါ်တဲ့ကောင်လေး က မြေပုံအတိုင်းထူးဆန်းတဲ့ ကျွန်းကြီးကို သွားရင်းပျောက်ဆုံးသွားတဲ့ သူ့အဖိုးကို ရှာဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးထားတာပါ… ဇာတ်လမ်းက ဒီလောက်ပဲ မထူးဆန်းဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ် ပရိသတ်ကြီး….. ဒါပေမယ့် Journey 2: The Mysterious Island ထူးခြားချက်က Visual Effect တွေ အရမ်းကောင်းတာပါ၊ ပရိသတ်တွေကို ဇာတ်ကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီ Effect တွေနဲ့ ဆွဲဆောင်ပြီး ဇာတ်ကားနောက်ဆုံးထိခေါ်သွားမှာပါ… The Rock ကြီးရဲ့ ဟာသတွေ၊ အက်ရှင်တွေ၊ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ပုံတွေကို စွဲမက်တဲ့ သူတွေအတွက်တေ့ာ ကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်မယ့် ...
5.8
IMDB: 5.8/10 91,811 votes
movie

Journey 2: The Mysterious Island (2012)

2012
BluRay 1080p 6CH
Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒီဇာတ်ကားလေးကတော့ ပ ဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ၀ိုင်းလ်ဒါ) ပ ဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပ ဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ...
6.5
IMDB: 6.5/10 242,401 votes
movie

Now You See Me 2 (2016)

2016
BluRay 1080p 6CH
Now You See Me (2013) 7.3
Now You See Me (2013) နာမည်ကြီးနေတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ၀င်ေ၇အောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) ...
7.3
IMDB: 7.3/10 587,236 votes
movie

Now You See Me (2013)

2013
BluRay 1080p 6CH
The Dark Knight Rises 8.4
The Dark Knight Rises ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.4
IMDB: 8.4/10 1,464,670 votes
movie

The Dark Knight Rises

2012
BluRay 1080p 6CH
Batman Begins (2005) 8.2
Batman Begins (2005) June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ ...
8.2
IMDB: 8.2/10 1,263,960 votes
movie

Batman Begins (2005)

2005
BluRay 1080p 6CH
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) အထူးစံစမ်း စစ်ဆေးရေးအဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ Kingsman အဖွဲ့ဟာ စစ်ဆင်ရေးတစ်ခုမှာ မထင်မှတ်ဘဲ စစ်ဆင်ရေးတစ်ခုမှာ Kingsman အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရပါတယ်။ ဒါကြောင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီဟဒ် ဟာ သေဆုံးသွား တဲ့ အဖွဲ့ဝင်တစ်ဦးစီကို ဝမ်းနည်းကြောင်း ပြောပြပြီးတော့ တံဆိပ်ပြာလေးတစ်ခုကို ပေးခဲ့ပါတယ်။ အမေဖြစ်သူကလက်မခံခဲ့တဲ့အတွက် သူ့သားလေးဖြစ်တဲ့အဂ်ဆီကိုပေးလိုက်ပါတယ်။ ကာလအတန်ကြာလာတဲ့အခါ အဂ်ဆီရဲ့ပထွေး တပည့်တွေကို တန်ပြန်လုပ်ဖို့ဆိုပြီး သူ့တပည့်ကားကိုယူပြီးမောင်းရာမှ ရဲစခန်းကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲကြုံနေတဲ့ အဂ်ဆီ တစ်ယောက် သူ့ကိုပေးခဲ့တဲ့ ဆုတံဆိပ်ပြားလေးကို မှတ်မိပြီး အကူအညီတောင်းလိုက်တဲ့အခါ.... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
7.7
IMDB: 7.7/10 514,842 votes
movie

Kingsman: The Secret Service (2014)

2014
BluRay 1080p 6CH
Inception (2010) 8.8
Inception (2010) [Unicode] leonardo ကားတွေက ကားကောင်းတကားပါ အိမ်မက်ထဲမှာ အိမ်မက်ထပ်မက်တာပေါ့လေ Cobb ( leonardo ) အစက သူ့မိန်းမ နဲ့ အိမ်မက်ထဲမှာ သာယာချင်လို့ အတူတူ အိမ်မက်မက်ဖို့ စမ်းသပ်ခဲ့ရာကနေစတာ အိမ်မက်ထဲမှာ ဆိုရင် အချိန် က ချုံလို့ရတာပေါ့လေ သွားချင်တဲ့နေရာ ရောက်ချင်နေရာကို ချက်ချင်းရောက်လို့ရတယ်လေ သူတို့ အိပ်မက်ပေါင်းများမက်ကြရင်း သူ့မိန်းမ က အိပ်မက်လား တကယ်လား မခွဲခြားတတ်တော့ဘူး တနေ့ကျ တိုက်ပေါ်က ခုံချရော တကယ်ဖြစ်နေတော့ သေသွားတာပေါ့လေ Leo က သူ့မိန်းမကို တိုက်ပေါ်က တွန်းချတယ်ဆိုပြီး ရဲတွေက လိုက်ဖမ်းတော့ ပြေးရရော အဲဒါ အမေရိကန်ပြန်သွားလို့ မရရာကနေ သူခိုးစလုပ်ရော ဘာခိုးတာလဲဆိုတော့ အိပ်မက်တူတူမက်ပီး အဲ့လူရဲ့ လျိုဝှက်ချက် ကိုခိုးတာ ဥပမာ bank account passwords or something like that အဲ့လူတယောက်ပဲ သိနိုင်ဟာမျိုး တရက်ကျ ဂျပန်တယောက် ကအလုပ်လာအပ်ရော အလုပ်က သူ့ရဲ့ပြိုင်ဘက် company ရဲ့သားကိုpsycho ...
8.8
IMDB: 8.8/10 1,883,433 votes
movie

Inception (2010)

2010
BluRay 1080p 6CH
Youth (2015) 7.3
Youth (2015) Youth (2015) IMDb (7.4/10)….Rotten Tomatoes (73%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ …….. [Spoiler Alarm] ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey ...
7.3
IMDB: 7.3/10 64,162 votes
movie

Youth (2015)

2015
BluRay 1080p 6CH
The Prestige (2006) 8.5
The Prestige (2006) The Prestige ရုပ်​ရှင်ဟာ ဒါရိုက်​တာ Christopher Nolan ရိုက်​ကူးခဲ့တဲ့ psychological thrillerဖြစ်​ပြီး ၂၀၀၆ ခုနှစ်​မှာ ပြသခဲ့ပါတယ်​ ။ ဒီရုပ်​ရှင်​ဟာ ကျွန်​​တော့်​အမြင်​​တော့ Nolan ရဲ့ ကား​တွေထဲမှာ​တောင်​ အ​ကောင်းဆုံးဆိုတဲ့ ​နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ​ပြောလို့ရပါတယ်​ ။ အင်​မတန်​ လူကြိုက်​များခဲ့ပြီး ရုပ်​ရှင်​ကို အဓိပ္ပာယ်​ဖွင့်​တဲ့ ပရိသတ်​​တွေရဲ့ အယူအဆ ​တွေ အများအပြားထွက်​​ပေါ်ခဲ့တဲ့ ရုပ်​ရှင်​ပါ။ ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ ​(မကြည့်​ရ​သေးသူများ ဆက်​မဖတ်​ပါရန်​၊ Spoiler ​တွေ ပါနိုင်​ပါတယ်​) ‌ဇာတ်​လမ်း​​က​တော့ မျက်​လှည့်​ပညာရှင်​ ၂​ယောက်​ရဲ့ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အားပြိုင်​မှုအ​ပေါ်မှာ အ​ခြေခံထားတာပါ။ ၁၉ရာစု​နှောင်းပိုင်း လန်​ဒန်​မှာ အ​ခြေတည်​ထားတဲ့ ဒီဇာတ်​လမ်းမှာ Robert Angier အဖြစ်​ ...
8.5
IMDB: 8.5/10 1,043,542 votes
movie

The Prestige (2006)

2006
BluRay 1080p 6CH
Interstellar (2014) 8.6
Interstellar (2014) သိပံ္ပအက်ရှင်ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်း သစ်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ မက်သယူးမက်ကော်နေ၊ အန်းဟက်သာဝေး၊ ဂျက်ဆီကာချက်စတိန်း၊  မက်ကင်ဇီဖွိုင်းနဲ့ မိုက်ကယ်ကိန်း စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေကို အာကာသယာဉ်မှူးတွေ အဖြစ် မြင်တွေ့ရမှာပါ။ ကမ္ဘာကြီးအဆုံးသတ်ခါနီးချိန်မှာ စူးစမ်းရှာဖွေသူအဖွဲ့ဟာ ဂလက်ဆီတွေ နောက်ကွယ်ကို ခရီးဆန့်ပြီး လူသားတွေ သမိုင်းကျန်ရစ်စေဖို့ ကြိုးပမ်းကြပုံကို ရိုက်ကူးပုံဖော်ထားတာပါ။ နာဆာမှ အာကာသယာဉ်မှူးဟောင်း ကူပါဟာ သူ့ရဲ့ ယောက္ခထီး၊ ဆယ်ကျော်သက်အရွယ် သားနဲ့ ၁၀ နှစ်အရွယ်သမီး မာဖီတို့နဲ့အတူ ယာခင်းအလုပ်လုပ်နေခဲ့ပါတယ်။ မာဖီရဲ့ အခန်းထဲမှာ ထူးဆန်းတဲ့အရာတစ်ခုရှိနေတာကြောင့် သရဲရှိနေတယ်လို့ မာဖီ ကယုံကြည်နေခဲ့ပြီး နောက်ဆုံးမှာတော့ သရဲလို့ထင်ထားတာဟာ ပါမောက္ခဘရန်းဆိုသူ နာဆာကနေ လျှို့ဝှက်တပ်ဆင်ထားတဲ့ စက်ကနေ ဆက်သွယ်နေတာပဲ ဖြစ်ပါတယ်။ ဂြိုဟ်သစ်တစ်ခုပေါ်မှာ လူသားတွေအသက်ရှင်နေထိုင်ခွင့်ရဖို့အတွက် ပါမောက္ခဘရန်းက ဂြိုဟ်သားတွေရဲ့ အသိဉာဏ်နဲ့ ဖန်တီးထားတဲ့အကြောင်း ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီ နောက် နာဆာရဲ့ ...
8.6
IMDB: 8.6/10 1,223,304 votes
movie

Interstellar (2014)

2014
BluRay 1080p 6CH
Sherlock Gnomes (2018) 5.0
Sherlock Gnomes (2018) ဒီကာတွန်းကား​​လေးက ရှား​လော့ဟုမ်း အ​သေးစား​လေး ဖြစ်​တဲ့ လူ​သေး​သေး​လေး Sherlock Gnomes (ရှား​လော့နုမ်းစ်​) အ​ကြောင်းရိုက်​ထားတဲ့ ကား​လေးပါ လူ​တွေမသိတဲ့ အရုပ်​က​လေး​တွေရဲ့ ကမ္ဘာကအဖြစ်​အပျက်​​လေး​တွေကို ရိုက်​ထားတဲ့ စုံ​ထောက်​ကား​လေးပါ ရှား​လော့က​တော့ ထုံစံအတိုင်း ထက်​မြက်​တယ်​ ဥာဏ်​​ပြေးတဲ့သူ​ပေါ့သူ့က မှင်​စာ​သေး​သေး​လေး​တွေကို ​စောင့်​​ရှောက်​​ပေးရမယ့်​ တာဝန်​ရှိတယ်​လို့ သူ့ကိုယ်​သူသတ်​မှတ်​ထားတယ်​ တကယ်​လဲသူ​စောင့်​​ရှောက်​​ပေး​နေရတယ်​ သူ့မှာ အကြီးဆုံး ရန်​သူ အရုပ်​​ကောင်​တစ်​​​ကောင်​ရှိတယ်​ သူက​တော့ မိုရီအာတီ ပါ ရှား​လော့ကို ဒုက္ခမ​ပေးရရင်​ သူ​နေလို့မရဘူး တစ်​​နေ့ သူနဲ့ရှား​လော့ ရန်​ဖြစ်​ကြရင်း သူရှုံးသွားပြီး ​ပျောက်​သွားခဲ့တယ်​ မှင်​စာ​တွေကို အကုန်​ရိုက်​ခွဲပစ်​မယ်​လို့ကျိန်းဝါး​သေးတယ်​ ရှား​လော့နဲ့သူ့လူက ဒီ​ကောင်​ ကွဲသွားပြီပဲထင်​​နေကြတာ (အရုပ်​​တွေမို့လို့​သေတာမဟုတ်​ပဲ ကွဲတာပါ) အဲ့လိုနဲ့ တစ်​​နေ့ မှင်​စာ​လေး​တွေ အကုန်​​ပျောက်​သွားတယ်​ ​ခေါင်း​ဆောင်​ စုံတွဲနှစ်​​​​ယောက်​ပဲကျန်​တယ်​ တစ်​ထစ်​ချ မိုရီ့လက်​ချက်​ပဲ​ပေါ့ သဲလွန်​စ​တွေချန်​ထားခဲ့တဲ့​နောက်​ကို ရှား​လော့ လိုက်​ရ​တော့မယ့်​ အ​ခြေအ​နေဖြစ်​လာတယ်​ ​ခေါင်း​ဆောင်​ ​သေး​သေး​လေး ...
5.0
IMDB: 5.0/10 6,009 votes
movie

Sherlock Gnomes (2018)

2018
BluRay 1080p 6CH