Burmese Subtitle

Michael Blain-Rozgay

Avatar (2009) 7.8
Avatar (2009) Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… (စာတန်းထိုးကို ကျွန်တော်ကိုယ်တိုင်ပဲ ကိုးကားဘာသာပြန်ထားခြင်းဖြစ်ရာ လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းကြိုတင်ဝန်ခံထားချင်ပါတယ်…) Avatar က ၁၆၃ မိနစ် (၂ နာရီနဲ့ ၄၃ မိနစ်) ကြာတဲ့ဇာတ်ကား။ နည်းနည်းလေး ပျင်းဖို့ကောင်းအောင်ကြည့်ရတာကလွဲလို့ ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင် လောက်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ ဇာတ်ကားက မင်းသားမင်းသမီးတွေကလည်း ထိပ်တန်းတွေလည်း မဟုတ်ပါဘူး။ ဒါရိုက်တာကသာ တိုက်တန်းနစ်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုရတော့ ကမ္ဘာပေါ်မှာ သူကဘုရင်လို့ ကြွေးကြော်ခဲ့ဖူးတဲ့အထိ နာမည်ကြီးတဲ့သူပါ။ ဇာတ်ကားကတော့ ဇာတ်ကျောရိုး ရိုးပေမယ့် မြင်ကွင်းတွေက နေ့စဉ်ဘဝမှာ မတွေးမိတဲ့ နေရာတစ်ခုကို ခေါ်သွားတာကတော့ အသေအချာပါပဲ။ ကမ္ဘာမဟုတ်တဲ့နောက်တစ်နေရာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနေတဲ့ကမ္ဘာအပြင်ဘက်က ပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့ မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့ လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။ သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ...
7.8
IMDB: 7.8/10 1,105,194 votes
movie

Avatar (2009)

2009
4K HDR
Faster (2010) 6.4
Faster (2010) Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ မကြမ်းမှာတော့မပူပါနဲ့။ အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။ မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။ အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။ သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီး ထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။ သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ဇာတ်ကားမှာပဲကြည့်လိုက်ကြပါတော့။ Review Credit to CM
6.4
IMDB: 6.4/10 96,075 votes
movie

Faster (2010)

2010
BluRay 1080p 6CH