Burmese Subtitle

Lyne Renee

The Gentlemen (2019) 7.9
The Gentlemen (2019) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ Review Credit
7.9
IMDB: 7.9/10 123,527 votes
movie

The Gentlemen (2019)

2019
BluRay 1080p 6CH
Split (2016) 7.3
Split (2016) X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ psychological horror thriller အမျိုးအစားလို့ဆိုရအောင် ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ ...
7.3
IMDB: 7.3/10 346,272 votes
movie

Split (2016)

2016
BluRay 1080p 6CH