Burmese Subtitle

Julie Hays

Motherless Brooklyn (2019) 6.8
Motherless Brooklyn (2019) Motherless Brooklyn (2019) Unicode ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit Review   Zawgyi ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit ...
6.8
IMDB: 6.8/10 24,377 votes
movie


2019
BluRay 1080p 6CH
The Adjustment Bureau (2011) 7.1
The Adjustment Bureau (2011) လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်ထိန်းချုပ်ခွင့်ရှိနေတာလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာများလား။ ဒါဆို တစ်စုံတစ်ယောက်က သူများတွေပြောနေကြတဲ့ ဘုရားသခင်လား။ ဒါဆိုရင်တော့ ဒီကားမှာ ဘုရားသခင်က ခေတ်မှီပြီး အုပ်စုလိုက်ပါပဲ။ ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။ ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး အရမ်းချစ်မိသွားခဲ့တယ်။ ဒါပေမယ့် တွေ့တဲ့နေ့ကစပြီး သုံးနှစ်လောက်ကြာမှ အဲ့ကောင်မလေးနဲ့ အမှတ်မထင်ပြန်တွေ့တယ်။ သူတို့အဲ့လို သုံးနှစ်လောက်မတွေ့ရအောင် လုပ်နေတဲ့သူတွေရှိတယ်။ သူတို့နှစ်ယောက်မတွေ့ရအောင် အချစ်မိအောင် လိုက်နှောက်ယှက်နေတဲ့ သဘာဝလွန်အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဘာကြောင့်လဲ..... နောက်ဆုံးမှာတော့ ချစ်တဲ့စိတ်ကပဲ အနိုင်ရသွားမလား... နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။ သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားပြီး နာမည်ကြီး မင်းသားနဲ့မင်းသမီးက ပါဝင်သရုပ်ဆောင်ထားတာဆိုတော့.....။ ဒီကားကြည့်ပြီးရင်တော့ သင်သွားလေရာမှာ ဦးထုပ်ဆောင်းထားတဲ့ သူတွေကိုသတိထားနော် Review Credit to Original
7.1
IMDB: 7.1/10 225,863 votes
movie

The Adjustment Bureau (2011)

2011
BluRay 1080p 6CH