Burmese Subtitle

John Malkovich

RED 2 (2013) 6.6
RED 2 (2013) ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော် အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
6.6
IMDB: 6.6/10 157,680 votes
movie

RED 2 (2013)

2013
BluRay 1080p 6CH
RED (2010) 7
RED (2010) ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါ အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာ ကြည့်ရှုအားပေးကြပါလို့ အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
7
IMDB: 7/10 285,550 votes
movie

RED (2010)

2010
BluRay 1080p 6CH
Transformers: Dark of the Moon (2011) 6.3
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့…….. စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက် မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။ ~ Review Credit File Size – 2.42 GB Quality – Blu-Ray 1080P 6CH Running Time – 2h 34min Format – mkv Genre –  Action, Adventure, Sci-Fi Translator – Kyaw ...
6.3
IMDB: 6.3/10 355,852 votes
movie

Transformers: Dark of the Moon (2011)

2011
BluRay 1080p 6CH
Deepwater Horizon (2016) 7.1
Deepwater Horizon (2016) သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ...
7.1
IMDB: 7.1/10 127,835 votes
movie

Deepwater Horizon (2016)

2016
BluRay 1080p 8CH
Bird Box (2018) 6.4
Bird Box (2018) Netflix ရဲ့ Bird Box ဟာ A Quiet Place နဲ့ ဆင်ပါတယ်။ A Quiet Place မှာ လူတွေက အသံထွက်လို့မရသလို Bird Box မှာ မြင်မိလို့မရပါဘူး။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးတွေကို မြင်မိလိုက်တာနဲ့ လူတွေဟာ ချက်ချင်း ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ သတ်သေကြပါတယ်။ မကြည့်ခင်ကတော့ တော်တော်လေး မိုက်လောက်မဲ့ အနေအထားလို့ ထင်ခဲ့ရပေမဲ့ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ concept က အသစ်အဆန်းကြီးမဟုတ်ပါဘူး။ 2008 က ထွက်ခဲ့တဲ့ မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "The Happening" မှာ ရှိခဲ့ဖူးတယ်။ အဲကားမှာတော့ လေတိုက်လို့ ရှူမိသွားတဲ့လူတွေ အကုန်လုံး ကွကိုယ်သတ်သေကုန်ကြလို့ လေမရှူမိအောင် အလုံပိတ်နေပြီး ထွက်ပြေးကြရတဲ့ ...
6.4
IMDB: 6.4/10 773 votes
movie

Bird Box (2018)

2018
Web-Rip 1080p 6CH
Johnny English (2003) 6.2
Johnny English (2003) Mr.Bean လို့လူသိများတဲ့ မင်းသားကြီး Rowan Atkinson က Agent Johnny English နေရာကနေပြီးတော့ သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ IMDB 6.2 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- ဂျွန်နီအင်္ဂလိပ် ကအစပိုင်းမှာတော့ အေးဂျင့်တွေကို ကူပေးရတဲ့လက်ထောက်အဆင့်သာသာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ ဂျွန်နီ ပေးလိုက်တဲ့အချက်အလက်တွေကြောင့် အေးဂျင့် ဝမ်း အားထားရဆုံး အေးဂျင့်တစ်ယောက်ဟာ ရေငုတ်သင်္ဘောရဲ့ လျှို့ဝှက်ကုတ်မသိတော့တာကြောင့် အသက်ဆုံးရှုံး လိုက်ရပါတော့တယ်။ အေးဂျင့်ဝမ်း ဆုံးရှုံးမှုကို အကြောင်းပြုပြီး မသာမသူများဟာ အခေါင်းထဲမှာ ဗုံးထည့်ပြီးတော့ အခြားအေးဂျင့်တွေကိုပါ သတ်ပစ်လိုက်ပါတော့တယ်။ အေးဂျင့်တွေအားလုံး သေဆုံးသွားတဲ့အတွက်လက်ထောက်အဆင့်ကနေပြီးတော့ အေးဂျင့်ဘဝကိုရတော့မယ် ဂျွန်နီတစ်ယောက် တာဝန်တွေကိုဘယ်လိုပြောင်မြောက်စွာထမ်းဆောင်မယ်ဆိုတာကို ဟာသလေးနဲ့ရောနှောပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြာနေပြီဖြစ်ပေမယ့် ကျွန်တော်တို့ BS ကနေပြီး Blu-Ray 1080p နှင့် Audio 6CH ဖြင့်အသစ်တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ File Size – 1.62 GB Quality – Blu-Ray 1080p 6CH Running Time – 1h 27min Format – mkv Genre – Action, Adventure, Comedy Subtitle – Myanmar (Hard Sub) Translator – Zaw Min Thein Encoded By ...
6.2
IMDB: 6.2/10 129,697 votes
movie

Johnny English (2003)

2003
BluRay 1080p 6CH
Mile 22 (2018) 6.1
Mile 22 (2018) ဒီကနေ့ကဏ္ဍလေးမှာတော့ ပရိသတ်တွေအတွက် အမေရိ ကန်သည်းထိတ်ရင်ဖိုသူလျှိုအက် ရှင်ဇာတ်ကားလေး ဖော်ပြပေး လိုက်ပါတယ်။ စီအိုင်အေအေးဂျင့်ဂျိမ်းစ် ဆစ်လ်ဗာဟာ လက်နက်ကိုင် တပ်ဖွဲ့ငယ်တစ်ခုကို ဦးဆောင်နေ သူဖြစ်ပြီး သူ့အဖွဲ့ကငယ်ပေမယ့် တကယ့်ကိုအရေးကြီးတဲ့၊ အန္တ ရာယ်ရှိတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတာပါ။ အေးဂျင့်ဂျိမ်းစ်ဟာ Overwatch လို့စကားဝှက်နာမည်ပေး ထားတဲ့အဖွဲ့ကို ဦးဆောင်နေတာ ဖြစ်ပြီး အမေရိကန်မှာရှိနေတဲ့ ရုရှား သူလျှိုအဖွဲ့အစည်းကို စောင့်ကြည့်နေတာဖြစ်ကာဓာတုလက်နက်နဲ့ လူထောင်ပေါင်းများ စွာသေစေမယ့်အကြံအစည်ကို တားဆီးနိုင်ခဲ့ပေမယ့်Overwatch အဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ပါ တယ်။ ၁၆ လလောက်ကြာအပြီး မှာတော့ အင်ဒိုနီးရှားရဲအရာရှိ လီ နူးဟာ အမေရိကန်သံရုံးမှာ အညံ့ ခံပြီး သတင်းအချက်အလက်ပေး ဖို့အတွက် လမ်းကြောင်းတစ်ခု အကူအညီပေးဖို့ ညှိနှိုင်းခဲ့ပါ တယ်။ လီနူးဟာ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ပတ်သက်တဲ့ သ တင်းရထားတာဖြစ်ပြီး သူ့အ သက်အန္တရာယ်အတွက် လာညှိ နှိုင်းခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်တို့ဟာ လုံခြုံရေးအင် အားအကာအကွယ်ယူကာ လီနူး ကို ...
6.1
IMDB: 6.1/10 10,402 votes
movie

Mile 22 (2018)

2018
BluRay 1080p 6CH