Burmese Subtitle

Jim Broadbent

Dolittle (2020) 5.5
Dolittle (2020) Dolittle (2020) မြန်မာစာတန်းထိုး အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်… Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့… တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်… ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်… ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland, Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Review Credit
5.5
IMDB: 5.5/10 21,107 votes
movie

Dolittle (2020)

2020
BluRay 1080p 6CH
Cloud Atlas (2012) 7.4
Cloud Atlas (2012) ဒီCloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကိုု ရုုိက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊ နောက်တော့ လူ့ယဉ်ကျေးမှုုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။ ဇာတ်လမ်းဆင်ထားတဲ့ ပုုံကအရမ်းအံ့အော်စရာ ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကိုု တစ်ခါတည်းကြည့်ရသလိုု ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုုနဲ့တစ်ခုု theme မတူညီတဲ့အတွက် အပေါ်မှာရေးထား သလိုု Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုုပေါင်းစုုံနဲ့ ရုုိက်ကူးထားပါ တယ်။ ကျွန်တော်အကြိုက်ဆုုံးအချက်ကတော့ ဒီလိုုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကိုု တစ်ပြိုင်တည်း တင်ဆက်ထားတာမှာ ဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ် နေတာပါပဲ။ ဇာတ်လမ်း ...
7.4
IMDB: 7.4/10 333,751 votes
movie

Cloud Atlas (2012)

2012
BluRay 1080p 6CH
Paddington 2 (2017) 7.9
Paddington 2 (2017) ဒီနေ့တော့ ပရိသတ်တွေပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမောလေး ကြည့်ရမယ့် စွန့်စားခန်း အန်နီး မေးရှင်းဟာသ ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ ၂၀၁၄ ကလည်း Paddington အမည်နဲ့ ထွက်ရှိထားတဲ့အတွက် ပရိသတ်အချို့ကတော့ ၀က်ဝံလေး ပက်ဒင်တန်ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ၀က်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့  စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ ...
7.9
IMDB: 7.9/10 44,240 votes
movie

Paddington 2 (2017)

2017
BluRay 1080p 6CH
Paddington (2014) 7.2
Paddington (2014) လန်ဒန်မြို့ကို လူရှာရင်း ရောက်လာတဲ့ ဝက်ဝံလေးတစ်ကောင်တွေ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဗြိတိန်ဟာသဇာတ်ကားလေးကို ဖော်ပြပေးလိုက်ပါတယ်။ စူးစမ်းလေ့လာသူ မောင်ဂို မာရီဆလိုက်ဟာ ပီရူးကတော နက်ကြီးထဲမှာ အသိဉာဏ်မြင့်တဲ့ ဝက်ဝံမိသားစုကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ အင်္ဂလိပ်စကားသင်ယူ နိုင်သလို လိမ္မော်ယိုကိုလည်း အလွန့်အလွန် နှစ်သက်ကြောင်း သိရှိခဲ့ပါတယ်။ မောင်ဂိုမာရီဟာ ဝက်ဝံမိသားစုလာချင်တယ်ဆိုရင် ဗြိတိန်ကနေ အမြဲကြိုဆိုနေမယ့်အကြောင်းပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မြေငလျင် လှုပ်ပြီး ဝက်ဝံတွေနေတဲ့အိမ်ပျက် စီးသွားတာကြောင့် အိမ်အသစ်ရှာဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဝက်ဝံလေးပက်စ်တူဇိုဟာ အဒေါ် ဖြစ်သူက စေလွှတ်တာကြောင့် လန်ဒန်မှာ အိမ်သစ်ရှာဖို့ ထွက်လာခဲ့ပါတယ်။ လန်ဒန်ရောက်သွားတဲ့ပက်စ်တူဇိုဟာ အိမ်ရှာမတွေ့သေးမီ စပ်ကြား ဘရောင်းမိသားစုရဲ့ခေါ် ဆောင်သွားခြင်းခံရပြီး သူတို့က ပက်စ်တူဇိုကို ပက်ဒင်တန်လို့ အမည်ပေးခဲ့ပါတယ်။ ဘရောင်း မိသားစုဟာ ပက်ဒင်တန်အိမ်ရှာ နေတုန်းလေး ခဏခေါ်ထားတာဖြစ်ပြီး အဲဒီအိမ်မှာ ဝက်ဝံကလေး ပက်ဒင်တန်တစ်ကောင် အမွှေစိန်လုပ်ပြီး အပျက်အစီးတွေများခဲ့ပါတော့တယ်။ ပက်ဒင်တန်ဟာ သူ့မိသားစု နဲ့ဆုံခဲ့တဲ့ စူးစမ်းလေ့လာသူမောင် ...
7.2
IMDB: 7.2/10 82,392 votes
movie

Paddington (2014)

2014
BluRay 1080p 6CH
The Legend of Tarzan (2016) 6.3
The Legend of Tarzan (2016) ဒီတစ်ပတ်အတွက် ပရိသတ်တွေကြည့်ဖို့ ဖော်ပြပေးမှာကတော့ဝါနာဘရားသားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတဲ့ စွန့်စားခန်း အက်ရှင်ဇာတ်ကား The Le−gend of Tarzan ပါ။ တာဇံလို့ဆိုလိုက်တာနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ တောတွင်းသားလေးတာဇံကို မျက်စိထဲပြေးမြင်ပြီး ဇာတ်လမ်းကိုပါတစ်ခါတည်း တွေးမိကြမှာပါ။ အခု ဇာတ်လမ်းကတော့ တောတွင်းသားဘ၀ကနေ လူသားတစ်ယောက်အဖြစ် ရပ်တည်သွား တဲ့ တာဇံတစ်ယောက်တောတွင်း ကို ပြန်လာစရာအကြောင်းဖန် လာတဲ့အခါမှာ ကြုံတွေ့ရမယ့် အဖြစ်အပျက်တွေကို ဇာတ်အိမ် တည်ထားတာမို့ အသစ်အဆန်း ဖြစ်စေမှာ သေချာပါတယ်။ တောတွင်းသား တာဇံဟာ အာဖရိကကနေထွက်ခွာပြီး လော့ဒ်ဂရေးစတုတ် (ဂျွန်ကလေတန် III) အဖြစ်နဲ့ အမေရိကန်မင်းစိုးမျိုးနွယ်ဝင်ဇနီး ဂျိန်းပေါ်တာနဲ့အတူ ဗစ်တိုးရီးယားအင်္ဂလန်ကို ပြောင်းနေခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလောက်အချိန်ကြာခဲ့ပေမယ့်လည်း လူထုကြားထဲမှာ တာဇံနဲ့ ပတ်သက်တဲ့ ပြောစမှတ်တွေရှိနေဆဲမို့ ဂျွန်ဟာသူ့ရဲ့  အတိတ်ဇာတ်ကြောင်းကို  မေ့ပျောက်သွားစေချင်နေခဲ့ပါတယ်။ ဘာလင်ကွန်ဖရင့်ရဲ့ ဆုံး ဖြတ်ချက်အရ ကွန်ဂိုကို ဘယ်လ် ...
6.3
IMDB: 6.3/10 146,595 votes
movie

The Legend of Tarzan (2016)

2016
BluRay 1080p 6CH
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုကို ဖီလီးယက် လက်ခံခဲ့တယ်။ သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပို့ဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့ သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ်ဆိုတာကို ဒေါင်းပြီး ရှုစားလိုက်ပါဦး။ (အညွှန်းကိုတော့ MMSubtitle မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File Size – 1.9 GB Quality – 1080p Blu-Ray 6CH Running Time – 2hr Format – mkv Genre – Action, Adventre, Comedy Subtitle – Myanmar (Hard Sub) Translator – ...
5.9
IMDB: 5.9/10 77,377 votes
movie

Around the World in 80 Days (2004)

2004
BluRay 1080p 6CH