Burmese Subtitle

Jason Davis

Doctor Sleep (2019) 7.5
Doctor Sleep (2019) IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေ အရေးများတဲ့ စာရေးဆရာကြီး Stephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး သတ်သေသွားခဲ့ပါပြီ။ ကလေးငယ် ဒန်နီမှာ စိတ်စွမ်းအင် ဆက်သွယ်မှုတစ်မျိုး ရှိပြီး ဟိုတယ်ရဲ့ စားဖိုမှူးကြီး ဒစ် ဟယ်လိုရန်ကလည်း သူ့လိုစွမ်းအင်ရှိသူမို့ သူတို့ ၂ ဦး စိတ်ထဲကနေ ...
7.5
IMDB: 7.5/10 59,456 votes
movie

Doctor Sleep (2019)

2019
BluRay 1080p 6CH
The Highwaymen (2019) 7.0
The Highwaymen (2019) တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်…. မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်… သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ၀ှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်… ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ…. ဒါတွေအားလုံးရဲ့အဓိက တရားခံက ၀ရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇ၀တ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်… နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်…ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်… ကိုင်း သူတို့ ဖမ်းမိနိုင်မလား….ဒီရာဇ၀တ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ… ခံစားကြည့်လိုက်ပါဦး…မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ… Review Credit to Channel Myanmar
7.0
IMDB: 7.0/10 36,292 votes
movie

The Highwaymen (2019)

2019
Web-Rip 1080p 6CH
Goosebumps (2015) 6.3
Goosebumps (2015) ဒီဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာ သူ့အမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေ မက်ဒီဆင် ဒယ်လ၀ဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်… ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာ တစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ကောင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်… ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်က ဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်… တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့် အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူ ချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်… အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်… ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေ မကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်… ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊ ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊ မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊ အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကို ဒီ “Goosebumps” ဆိုတဲ့ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွန်းကိုတော့ CM မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ် Translator --  Mike Encoder -- Sai Wunna
6.3
IMDB: 6.3/10 70,130 votes
movie

Goosebumps (2015)

2015
BluRay 1080p 6CH
Rush Hour (1998) 7.0
Rush Hour (1998) IMDB Rating - 7.0 ရရှိထားတဲ့ Jackie Chan ရဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း -------------------- ဟောင်ကောင် စုံထောက် လီဟာ အမေရိကန် ပြည်နယ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်သမီး ပြန်ပေးဆွဲတဲ့အမှုနဲ့ပတ်သတ်ပြီးတော့ အမေရီကန်ကို တရုတ်ကောင်စစ်ဝန်ကဆင့်ခေါ်လို့ ရောက်တော့မယ့်အချိန်မှာ၊ FBI က တရုတ်က စုံထောက်ကိုအသုံးမပြုချင်တဲ့အတွက် လော့အိန်ဂျယ်လိ ရဲဌာနက အကြီးအကဲစီအကူအညီတောင်းပြီးတော့ ရဲဝန်ထမ်းတစ်ယောက်ကို ပို့ခိုင်းပြီး တရုတ်စုံထောက်ကို လှည့်ပတ်ခေါ်သွားပြီး အမှုကို ဝေ့ဝိုက်အောင်ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။ဖြစ်ချင်တော့ လော့အိန်ဂျယ်လိ ရဲဌာန ရဲ့အရှုပ်ထုတ် ကာတာကိုလွှတ်လိုက် တဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာဘဲဆက်လက် ကြည့်ရှုပေးပါခင်ဗျာ။ File Size – 1.84 GB , 643.93MB Quality – Blu-Ray 1080p 5.1CH Running Time – 1h 38min Format – mp4 Genre –  Action, Comedy, Crime Translator – Burmese Subtitle Team Encoded By – Burmese Subtitle Team
7.0
IMDB: 7.0/10 210,742 votes
movie

Rush Hour (1998)

1998
BluRay 1080p 6CH