Burmese Subtitle

Izabela Vidovic

Wonder (2017) 8.0
Wonder (2017) ဒီတစ်ခါတော့မိသားစုဒရာမာဇာတ်လမ်းသစ်လေးအ ကြောင်း ဖော်ပြလိုက်ပါတယ်။ မျက်နှာပုံသဏ္ဌာန်ချို့ယွင်းချက်ရှိနေတဲ့ ကလေးတစ်ယောက်ရဲ့ ခက်ခဲတဲ့ဘ၀ဖြတ်သန်းမှုကို အဓိက ဇာတ်အိမ်တည်ထားပြီး ဒါရိုက် တာ စတီဖန်ချဘော့စကီက ရိုက် ကူးထားတာပါ။ ဩဂတ်စ်ပူးလ်မန်း(အော်ဂီ) ဟာ မျိုးရိုးဗီဇချို့ယွင်းချက်ကြောင့်မျက်နှာပုံသဏ္ဌာန်မမှန်ဘဲ မွေးဖွားလာသူပါ။  ခွဲစိတ်မှု ၂၇ ကြိမ်လောက် ပြုလုပ်ပြီးတာတောင် အော်ဂီရဲ့ မျက်နှာက သိပ်ပုံမမှန် သေးပါဘူး။ အော်ဂီတို့မိသားစုမှာ သူ့အဖေ နိတ်ပူးလ်မန်း၊ သူ့အမေအစ္စဘဲလ်နဲ့ အစ်မအိုလီဗီယာ တို့ရှိပြီး အော်ဂီလေးက ချို့ယွင်း ချက်တွေနဲ့ မွေးဖွားလာသူမို့ သူ့အိမ်သားတွေက အစွမ်းကုန်ပြုစု စောင့်ရှောက်ပါတယ်။ အော်ဂီကို အစ္စဘဲလ်က ငယ်ငယ်လေးကတည်းက အိမ်မှာပဲစာသင်ကြားပေးခဲ့ပြီး အော်ဂီလေးက အလယ်တန်းကျောင်းသားအ ရွယ်ရောက်လာတော့ နိတ်နဲ့ အစ္စဘဲလ်တို့က သူတို့သားကို တခြားကလေးတွေနဲ့ တန်းတူပညာသင်ယူနိုင်ဖို့ ကျောင်းစထားခဲ့ပါတယ်။အော်ဂီလေးမျက်နှာက ရုတ်တရက်ကြည့်လိုက်ရင် လန့်သွားနိုင်တဲ့အနေအထားနဲ့မို့ ကျောင်းမှာ အစအနောက်၊ အလှောင်အပြောင် ခံရသလို အပေါင်းအသင်းလုပ်ချင်သူလည်း နည်းပါတယ်။ စိတ်ဓာတ်ကျနေတဲ့ အော်ဂီလေးကို သူ့အမေအစ္စဘဲလ်က အားပေးနှစ်သိမ့်တာကြောင့် ...
8.0
IMDB: 8.0/10 107,694 votes
movie

Wonder (2017)

2017
BluRay 1080p 6CH
Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။ မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ၀င်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
6.5
IMDB: 6.5/10 96,966 votes
movie

Homefront (2013)

2013
BluRay 1080p 6CH