Burmese Subtitle

Isabela Moner

Dora and the Lost City of Gold (2019) 6.0
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။ စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။ အဓိကကတော့ စွန့်စားခန်းတွေ ပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာ နေပြီးလေ့လာရေးလုပ်ကြပါတယ်။ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။ တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီး သူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှ ဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ Review Credit
6.0
IMDB: 6.0/10 9,229 votes
movie

Dora and the Lost City of Gold (2019)

2019
BluRay 1080p 6CH
Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ် Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင် စတင်ရိုက်ကူး ခဲ့သည်။ ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပဉ္စမမြောက် live-action ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers: Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင် ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။ Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် ... Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့် Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊ တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊ စတုတ္ထမြောက်ဇာတ်ကား Age of Extinction ...
5.2
IMDB: 5.2/10 104,857 votes
movie


2017
BluRay 1080p 6CH
Instant Family (2018) 7.4
Instant Family (2018) Instant family ဇာတ်ကားဟာ IMDB 7.5 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား…. အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား….. မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင် လည်းမမှားပါဘူး….. လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို…. သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး….. ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက် မလွယ်လှဘူးလေ….. အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့….. ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား…… ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ….. ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့…. မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း….. သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှု ရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ….. ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်…မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့ မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး…. . သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့ မိဘတွေကိုပဲ ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့…… စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင် မိသားစုဖြစ်လာဖို့ ...
7.4
IMDB: 7.4/10 28,573 votes
movie

Instant Family (2018)

2018
BluRay 1080p 6CH
Sicario: Day of the Soldado (2018) 7.2
Sicario: Day of the Soldado (2018) ဒီကနေ့ကဏ္ဍမှာတော့ ပရိသတ် တွေအတွက် သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ ၂၀၁၅ က ထွက်ရှိခဲ့တဲ့ Sicario ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ဒါရိုက်တာ စတီဖန်နိုဆော် လီမာရဲ့ လက်ရာဖြစ်ပါတယ်။ မက္ကဆီကန်မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ အမေရိကန်နယ် စပ်ကနေ အကြမ်းဖက်သမားတွေ ခိုးသွင်းတယ်ဆိုတာ စုံစမ်းသိရှိ ပြီးနောက်မှာတော့ အက်ဖ်ဘီအိုင် အေးဂျင့်မက်ဂရေဗာဟာ သူလျှို ဟောင်းတစ်ယောက်ဖြစ်တဲ့ အလီဂျန်ဒရိုနဲ့အတူ ဖော်ထုတ်တားဆီး ဖို့ လုပ်ခဲ့ပါတယ်။ အလီဂျန်ဒရိုဟာ မူးယစ်ရာ ဇာရဲ့သမီး အစ္စဘယ်လာရီရက်စ် ကို ပြန်ပေးဆွဲခဲ့တာဟာ မူးယစ် ဂိုဏ်းတွေနဲ့ အခြေအနေကို ပိုပြီး တော့ တင်းမာစေခဲ့ပါတယ်။ အလီဂျန်ဒရိုရဲ့ မိသားစုဟာ အဲဒီ မူးယစ်ရာဇာရဲ့ သတ်ဖြတ်ခြင်းခံခဲ့ ရတာမို့ မူးယစ်ရာဇာကို လက်တုံ့ ပြန်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းပဲ ဖြစ်ဖြစ် သုံးမယ့်သူတစ်ယောက် လည်း ဖြစ်ပါတယ်။ အဲဒီနောက် ဂရေဗာတို့ရဲ့ စစ်ဆင်ရေးကို ...
7.2
IMDB: 7.2/10 62,170 votes
movie

Sicario: Day of the Soldado (2018)

2018
BluRay 1080p 8CH