Burmese Subtitle

Ike Barinholtz

The Hunt (2020) 6.5
The Hunt (2020) MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 57,554 votes
movie

The Hunt (2020)

2020
BluRay 1080p 6CH
The Disaster Artist (2017) 7.4
The Disaster Artist (2017) La La Land ရဲ့ ဆန့် ကျင်ဘက် ဇာတ်ကားတစ်ကား အဖြစ် ၂၀၁၇ ကထွက်ခဲ့တယ်။ နာမည်ကတော့ The Disaster Artist ။ . လူတိုင်းနီးပါးကတော့ အနုပညာဓာတ်ခံလေးတွေ ကိုယ်စီရှိတတ်ကြတာချည်းပဲလေ။ ဒါကြောင့်လည်း စာဖတ်တဲ့သူတို့ ၊ တောင်ခြစ် မြောက်ခြစ် လျှောက်ခြစ်နေတဲ့သူတို့ ၊ အားတိုင်း သီချင်းနားထောင်တတ်တဲ့သူတို့ ၊ ရုပ်ရှင်ကြည့်တဲ့သူတို့  နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ မြင်နေရတာပဲ မဟုတ်လား။ ခင်ဗျားလည်း ထိုအထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ်က အနုပညာလေးဓာတ်ခံရှိတယ်ဆိုပြီး အနုပညာတစ်ခု ကောက်ထလုပ်လိုက်မယ်တဲ့။ ဘာဆက်ဖြစ်မယ်ထင်သလဲ။ . Tommy Wiseau က Hollywood က ထုတ်လုပ်သူ Judd Apatow ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့ တော့ အလိုက်ကန်းဆိုးမသိ ထသွားနှုတ်ဆက်တယ်။ ပြီးတော့ သူဘယ်လိုတော်ကြောင်း၊ တတ်ကြောင်း၊ ဘယ်လိုဖြစ်ချင်ကြောင်းတွေ ...
7.4
IMDB: 7.4/10 108,299 votes
movie


2017
BluRay 1080p 6CH
Suicide Squad (2016) 6.1
Suicide Squad (2016) Suicied Squad ဇာတ်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေက အဆိုးဘက်က ဝေဖန်ထားကြပေမယ့်လည်း ဝင်ငွေ အကောင်းဆုံးစာရင်းမှာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝီလ်စမစ်၊ ဂျဲဒ်လက်တို၊ မာဂေါ့ရော်ဘီ၊ ဂျိုးလ်ကင်နာမန်၊ ဗိုင်အိုလာဒေးဗစ်၊ ဂျေးဟာနန်ဒက်ဇ် စတဲ့သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားတာပါ။ စူပါမင်းသေဆုံးခဲ့ပြီးနောက် မှာတော့ ထောက်လှမ်းရေးအဖွဲ့ ရဲ့ အကြီးအကဲအမန်ဒါဝေါ်လာ ဟာ စူပါပါဝါရှိတဲ့ အန္တရာယ်ရှိ အကျဉ်းသားတွေဖြစ်တဲ့ စိတ်ရောဂါအထူးကုဆရာဝန်ဟောင်း ဟာလေကွင်း၊ နာမည်ကြီးလူ သတ်သမား ဒက်ရှော့၊ မီးလူဆိုး အယ်လ်ဒိုင်ယာဘလို၊ သူခိုးကက် ပတိန်ဘွန်းမရန်း၊ လူသားစား ကစ်လာခရော့၊ ကြေးစားလူသတ်သမား စလစ်ပ်နော့တို့ကို စုစည်း ခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့ရဲ့ ကာနယ်ရစ်ဖလက်ရဲ့ အုပ်ချုပ်မှု အောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအန္တရာယ်ရှိ အကျဉ်းသားတွေ ရဲ့ လည်ပင်းမှာ ပေါက်ကွဲပစ္စည်း ထည့်သွင်းတပ်ဆင်ထားပြီး ထွက် ပြေးသွားရင်ဖြစ်စေ၊ သစ္စာဖောက်ရင်ဖြစ်စေ ရှင်းပစ်နိုင်ဖို့ ဖြစ်ပါ ...
6.1
IMDB: 6.1/10 505,129 votes
movie

Suicide Squad (2016)

2016
BluRay 1080p 6CH
The Angry Birds Movie (2016) 6.3
The Angry Birds Movie (2016) ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် .. Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး .. ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကို အစပျိုး မိတ်ဆက်ပေးထားပါတယ် ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲ ဆိုတဲ့အကြောင်းကို သိရမှာပါ .. ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်.. ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့် တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေ သဘောကျ စိတ်ကျေနပ်စေမှာပါ … ရုပ်ရှင်ကပေးတဲ့ message တွေကလည်း ကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် .. အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာ သဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်း အများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။ အားပေးကြည့်ရှုခံစားကြပါဦး (ဩော် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ ) review ကတော့ channelmyanmar မှကူးယူတင်ဆက်ထားတာဖြစ်ပါတယ်။ File ...
6.3
IMDB: 6.3/10 65,754 votes
movie

The Angry Birds Movie (2016)

2016
BluRay 1080p