Burmese Subtitle

Graham Curry

The Dark Knight Rises 8.4
The Dark Knight Rises ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.4
IMDB: 8.4/10 1,464,670 votes
movie

The Dark Knight Rises

2012
BluRay 1080p 6CH
Jason Bourne (2016) 6.6
Jason Bourne (2016) မတ်ဒေမွန် (Matt Damon) က စီအိုင်အေ အေးဂျင့်ဟောင်း ဂျေဆန်ဘွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ Jason Bourne ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ အစိမ်းသက်သက် သွားကြည့်ရင် တစ်လုံးမှ နားမလည်ပဲ သွက်သွက်ခါ သွားနိုင်စရာရှိပါတယ်။ ၁-ဂျေဆန်ဘွန်း ဘာကြောင့် အသက်လုပြေးနေရတာလဲ ? ၂-ဂျေဆန်ဘွန်းကို စီအိုင်အေ က ဘာကြောင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်သတ်ချင်နေရတာလဲ ? ၃-ဂျေဆန်ဘွန်း ပါဝင်ပတ်သက်ခဲ့ရတဲ့ အော်ပရေးရှင်းထရက်စတုန်း (Operation Treadstone) ရဲ့ လျှို့ဝှက်ချက် တွေကရော ဘာတွေလဲ ? ၄-အော်ပရေးရှင်းဘလက်ခ်ဘရိုင်ယာ (Operation Blackbriar) ကရော ဘယ်လို ဘယ်လိုစစ်ဆင်ရေးမျိုးလဲ ? ၅-တစ်ခါ အော်ပရေးရှင်းအောက်တ်ကမ်း (Operation Outcome) နဲ့ ပတ်သက်မိတဲ့ အေးဂျင့် အေရွန်ခရော့စ် ကပါ ဘာကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရတာလဲ ? ဒါတွေသိထားမှ ဒီဇာတ်လမ်းကို ကြည့်လို့ နားလည်မှာ။ ...
6.6
IMDB: 6.6/10 189,845 votes
movie

Jason Bourne (2016)

2016
BluRay 1080p 6CH
Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ် Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင် စတင်ရိုက်ကူး ခဲ့သည်။ ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပဉ္စမမြောက် live-action ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers: Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင် ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။ Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် ... Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့် Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊ တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊ စတုတ္ထမြောက်ဇာတ်ကား Age of Extinction ...
5.2
IMDB: 5.2/10 104,857 votes
movie

Transformers: The Last Knight (2017)

2017
BluRay 1080p 6CH
The Commuter (2018) 6.3
The Commuter (2018) မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။ တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင်မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ...
6.3
IMDB: 6.3/10 68,326 votes
movie

The Commuter (2018)

2018
BluRay 1080p 6CH
Hugo (2011) 7.5
Hugo (2011) ဘယ်လိုဇာတ်ကားလဲဆိုတာ မပြောခင် အော်စကာ 5ခုတိတိ ရထားတဲ့ ဇာတ်ကားဆိုတာ အရင်ပြောပါရစေ အော်စကာဆုရှင် မင်းသားကြီး Ben Kingsley နဲ့ ကလေးသရုပ်ဆောင်ဘဝကနေ လူငယ်သရုပ်ဆောင်ဘဝအထိ ဆုပေါင်းများစွာသိမ်းပိုက်ရင်း အောင်မြင်လာတဲ့ မင်းသာလေး Asa Butterfield တို့ကို အတွဲညီစွာတွေ့မြင်ရမှာပါ ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ သူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ် သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါ သူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် ဒီစက်ရုပ်လေးက အထူးသော့မပါဘဲ အလုပ်မလုပ်နိုင်ပါဘူး ဒီတော့ သော့ကိုရှာဖို့ကြိုးစားရင်း ရထားဘူတာက ဈေးဆိုင်ရှင်ကြီး ဂျော့နဲ့ သူ့သမီးလေးတိုနဲ့ တွေ့ဆုံခဲ့ပါတယ် ဒီသားအဖက ဟူဂိုရဲ့အဖေနဲ့ မထင်မှတ်ဘဲ အဆက်အသွယ်ရှိနေတာကို ဟူဂိုသိသွားတဲ့အခါ…… ~Review Credit to Original Writers File Size – 3.8GB, 998.6MB Quality – ...
7.5
IMDB: 7.5/10 275,569 votes
movie

Hugo (2011)

2011
BluRay 1080p 8CH