Burmese Subtitle

Gerard Butler

How to Train Your Dragon: The Hidden World (2019) 7.5
How to Train Your Dragon: The Hidden World (2019) နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ နဂါးမုဆိုးတစ်ယောက်ပေါ်လာတယ်။ အဲအတွက် Hiccup ဟာ သူတို့ချစ်တဲ့ နဂါးတွေကို လူတွေလိုက်ရန်မပြုနိုင်တဲ့၊ နဂါးတွေပဲနေကြတဲ့ Hidden World ကို ပို့ပြီး ကယ်တင်ဖို့ ရင်နာနာနဲ့ ကြိုးပမ်းကြရပါတော့တယ်။ Review (Minor Spoiler alert) Dean Deblois ရဲ့ How to Train your Dragon ဇာတ်ကားတွေထဲမှာ အခုကားဟာ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ ဇာတ်သိမ်းဆိုတဲ့နေရာမှာလည်း အသိမ်းမတော်ရင် ...
7.5
IMDB: 7.5/10 98,831 votes
movie

How to Train Your Dragon: The Hidden World (2019)

2019
BluRay 1080p 6CH
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ...
7.8
IMDB: 7.8/10 300,028 votes
movie

How to Train Your Dragon 2 (2014)

2014
BluRay 1080p 6CH
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့ အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
8.1
IMDB: 8.1/10 654,957 votes
movie

How to Train Your Dragon (2010)

2010
BluRay 1080p 6CH
Gods of Egypt (2016) 5.4
Gods of Egypt (2016) Gods of Egypt ဇာတ်ကားကို ဒါရိုက်တာAlex Proyas ကရိုက်ပြီး Nikolaj Coster-Waldau (Horus), Gerard Butler(Set), Brenton Thwaites(Bek), Élodie Yung(Hathar) နဲ့ Courtney Eaton(Zaya) တို့အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ ရှေးခေတ်အီဂျစ်နတ်ဘုရားတွေအကြောင်းကို အခြေခံရိုက်ထားတဲ့ Fantasy အမျိုးအစား ဇာတ်ကားကောင်းလေးတကားဖြစ်ပီးတော့ တခြားတချို့အခွန်ကိစ္စတွေ နဲ့ တချို့အကြောင်းရင်းလေးတွေကြောင့် ဇာတ်ကားကုန်ကျစရိတ်ပြန်ရငွေ အသားတင် သန်း၉၀တိတိရှုံးခဲ့သည့် တိုင်အောင် 37th Golden Raspberry Awards မှာတော့ ဆု၅ဆုထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဗျ... ဇာတ်လမ်းအကျဥ်း Osiris က သူ့ရဲ့တစ်ဦးတည်းသောသား Horus ကိုသူ့ကိုဆက်ခံမည့်ဘုရင်အဖြစ်ကျင်းပနေသည့် နန်းတက်ပွဲအခမ်းနားကို သူ့ညီ Set ရောက်လာပြီး နန်းလုတဲ့ချိန် Osiris သေရခဲ့ပီး ဇာတ်လိုက်ကျော်ကြီး Horus လဲ မျက်လုံးကန်းခဲ့တယ် Set ဘုရင်နေရာသိမ်းပိုက်ပီးနောက် လူသားသေမျိူးတွေအနေနဲ့ နောက်ဘ၀တမလွန်ကိုကူးပြောင်းဖိုဆိုရင် ရွှေကိုဆက်သရမယ်လို့ကြေငြာလိုက်တဲ့နောက် လူသား(သေမျိုး)တွေ အခက်ခဲနဲ့စတင်ရင်ဆိုင်ခဲ့ရတယ် ဒါတွေကို ပြန်လည်ပီးအကောင်းဆုံးဖြစ်ဖို့ ပြန်လည်ရယူနိုင်ဖို့ Horus တယောက်ဘယ်လိုတိုက်ခိုက်မလဲ သု့ရဲ့ ဆုံးရှုံးသွားတယ့် မျက်လုံးကို ရောဘယ်လိုပြန်ယူမလဲဆိုတာရင်သပ်ရှုမောဖွယ်ဆက်လက်ကြည့်ရှုကြပါအုန်းဗျနော်.... ဒီဇာတ်ကားလေးကနေပေးခြင်တဲ့ Message လေးက ...
5.4
IMDB: 5.4/10 99,411 votes
movie

Gods of Egypt (2016)

2016
BluRay 1080p 6CH
Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie

Angel Has Fallen (2019)

2019
4K HDR
London Has Fallen (2016) 5.9
London Has Fallen (2016) ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့…… လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (6.1/10) ရရှိထားတဲ့ Action, Crime, Thriller ဇာတ်ကားဖြစ်ပါတယ်။ review ကိုတော့ channel myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
5.9
IMDB: 5.9/10 116,852 votes
movie

London Has Fallen (2016)

2016
BluRay 1080p 6CH
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့ အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။ Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲ သမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့ သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့ Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။ Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီး လေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ ကားကို သတိထား မောင်းနေပေမယ့်လဲ ...
6.5
IMDB: 6.5/10 228,035 votes
movie

Olympus Has Fallen (2013)

2013
BluRay 1080p 6CH
Lara Croft: Tomb Raider – The Cradle of Life (2003) 5.5
Lara Croft: Tomb Raider – The Cradle of Life (2003) သတ္တိရှိတဲ့ ဗြိတိသျှလူမျိုး အမျိုးသမီးဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ လာရာခရော့ဖ်ဆိုသူက  တကယ့်ကိုအရေးကြီးတဲ့ ရှာဖွေမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒဏ္ဏာရီထဲက ပန်ဒိုယာမင်းသမီးလေးရဲ့ သေတ္တာကိုရှာဖွေဖို့အတွက် လမ်းညွှန်ထားတဲ့ ကျောက်ဘောလုံးကိုရှာဖွေခဲ့ခြင်းပါပဲ။ ကံမကောင်းစွာနဲ့ပဲ လူကိုသေစေတဲ့ ဗိုင်းရပ်စ်တွေ လက်နက်တွေပြုလုပ်သူ ဂျော်နသန်ရီးစစ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦး လက်ထဲကို ကျောက်ဘောလုံးက ရောက်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ လာရာလဲ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူ့ရဲ့ အရင်ရည်းစားဟောင်းတဦးဖြစ်သူ တယ်ရီ ရှရီဒန်ဆိုတဲ့ လူကို အကူအညီတောင်းပြီး ရီးစစ်ဆီက ကျောက်ဘောလုံးကို ပြန်ရယူဖို့ ကြိုးစားခဲ့ရပြန်တယ်။ သူတို့၂ယောက် ကျောက်ဘောလုံးကညွှန်ပြတဲ့ ပန်ဒိုယာသေတ္တာရှိတဲ့နေရာကို ဘယ်လို စွန့်စားခန်းတွေဖွင့်ပြီးသွားကြမယ်.. ရီးစစ်လက်ထဲကနေ ကျောက်ဘောလုံးကို ပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရင်း ဆက်လက်ရှုစားကြပါဦးလို့ပြောရင်း ခံစားပေးကြပါဦးလို့…. အညွှန်း Credit Translator -- Kyaw Lwin Htun Encoder -- K#/4nt_M1nn_K0  
5.5
IMDB: 5.5/10 120,580 votes
movie

Lara Croft: Tomb Raider – The Cradle of Life (2003)

2003
BluRay 1080p 6CH
The Vanishing (2018) 6.9
The Vanishing (2018) ၁၉၀၀ပြည့်နှစ်က မီးပြတိုက်အစောင့်သုံးယောက် ထူးဆန်းစွာပျောက်ဆုံးမှု ဖြစ်ရပ်မှန် အကြောင်းအရာကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ ဒေါ်နယ်၊ ဂျိမ်းစ်နဲ့ သော မတ်စ်တို့သုံးယောက်ဟာ စကော့တလန်နိုင်ငံက လူသူမနီးတဲ့ ဖလန် နန်ကျွန်းက မီးပြတိုက်တစ်ခုမှာ သီတင်းခြောက်ပတ်ကြာ တာဝန်ထမ်းဆောင်ဖို့ ခရီးအတူနှင်ခဲ့ကြ ပါတယ်။ မီးပြတိုက်ကို သူတို့ရောက်ပြီး မကြာခင်မှာပဲ မုန်တိုင်းနဲ့ ကြုံခဲ့ပါတယ်။ ဒီလိုနဲ့မုန်တိုင်းအပြီး သူတို့ရှိနေတဲ့ ကျွန်းနားမှာ လှေတစ်စီးနဲ့ လူတစ်ယောက် ကမ်း တင်နေတာတွေ့ခဲ့ပါတယ်။ အဲဒါနဲ့သူတို့ထဲက အသက်အငယ်ဆုံးဒေါ်နယ်က ကျောက်ဆောင်ပေါ်ကနေ လှေရှိတဲ့နေရာအထိသွားပြီး လှေပေါ်ကလူကို စစ်ဆေး ကြည့်တဲ့အခါ အသက်မရှိတော့ ဘူးဆိုတာ တွေ့ခဲ့ပါတယ်။ သေပြီလို့ထင်ခဲ့ပေမယ့် အဲဒီလူရုတ် တရက်သတိရလာပြီး ဒေါ်နယ်ကို ရန်ပြုတာကြောင့် တုံ့ပြန်ရင်း အဲ ဒီလူသေသွားခဲ့ပါတယ်။ လှေပေါ်မှာ သေတ္တာကြီး တစ်ခုပါတာမို့ မီးပြတိုက်ဆီကိုယူသွားပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ရွှေချောင်းတွေ အများကြီးပါတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ အလောင်းကို ဖျောက်ဖျက်၊ ရွှေချောင်းတွေ ...
6.9
IMDB: 6.9/10 121 votes
movie

The Vanishing (2018)

2018
BluRay 1080p 6CH
Jurassic 6.8
Jurassic စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းကိုတော့ ...
6.8
IMDB: 6.8/10 10,685 votes
movie

Jurassic

2018
BluRay 1080p 6CH
300 (2006) 7.7
300 (2006) ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားပေမယ့် ရာဇဝင်ထက် ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပင်။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ Effect တွေကတော့ ဘယ်ဇာတ်ကားနဲ့မှ မတူအောင်တင်ဆက်ထားတာပါ။ ဇာတ်ညွှန်းကိုတော့ မပေးတော့ပါဘူး။ တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။ ***300 (သို့မဟုတ်) Battle of Thermopylae*** ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောင်္တထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့ သည် (City state ) မြို့ တမြို့  တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို ...
7.7
IMDB: 7.7/10 677,971 votes
movie

300 (2006)

2006
BluRay 1080p 6CH
Butterfly on a Wheel (2007) 6.7
Butterfly on a Wheel (2007) ဇာတ်ကားမှာ သရုပ်ဆောင်သူတွေကတော့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Pierce Brosnan (ဂျိမ်းစ်ဘွန်း မင်းသားဟောင်း၊ Gerard Butler (300, Olymps Has Fallen မင်းသား) တို့ပါဝင်ထားတဲ့ဇာတ်ကားကောင်းတကားဖြစ်တဲ့အတွက် ပိတ်သတ်ကြီး စိတ်ဝင်စားမှာပါ။ ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ Nay Win ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အညွှန်းကို ပြောလိုက်ရင် spoiler ဖြစ်သွားမှာစိုးလို့ မရေးတော့ပါဘူး။ ဒါကြောင့် သူရေးထားတဲ့ အညွှန်းလောက်ပဲဖတ်ပြီး ဇာတ်ကားကိုကြည့်ရင် ပိုအရသာရှိမှာပါလို့ ထပ်မံညွှန်းလိုက်ပါရစေ။ အညွှန်း ရုပ်ရှင်အညွှန်းတော့ မပြောပြချင်တော့ပါဘူး ။ အညွှန်းပြောပြမိလို့ သိသွားရင် ကြည့်လို့ကောင်းတော့မယ့် အမျိုးအစားတော့ မဟုတ်ဘူး ။ အောင်မြင်နေတဲ့ ဝန်ထမ်းမိသားစု တစ်စုရှိတယ်။ တစ်နေ့မှာ သူတို့ရဲ့ သမီးကို ပြန်ပေးဆွဲပြီး အကြပ်ကိုင် ခိုင်းစေခြင်းကို ခံရတယ် ။ ခိုင်းစေမှု အားလုံး ချောချောမွှေ့မွှေ့ လုပ်နိုင်မလား ၊ မလုပ်နိုင်မလား ဆိုတာတော့ ...... အဲဒိထက်ပိုညွှန်းရင် ...
6.7
IMDB: 6.7/10 28,067 votes
movie

Butterfly on a Wheel (2007)

2007
BluRay 1080p 6CH
Den of Thieves (2018) 7.0
Den of Thieves (2018) R-rated ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသားကြီး Gerard Butler အကြောင်း အရင်မိတ်ဆက်ပေးပါမယ် ကျနော့်လို ရုပ်ရှင်ဂျိုးတွေကတော့ action ဇာတ်ကားတွေနဲ့တွဲသိထားပြီးဖြစ်ပေမဲ့ မသိသေးတဲ့လူတွေ သိသာအောင်ပြောရရင် Olynpus has fallen နဲ့စပြောရပါလိမ့်မယ် အဲ့ဒီနောက်မှာ Gods of Egypt,London Has Fallen နဲ့ Geostorm တို့ကဆင့် ပိုပိုပြီးရင်းနှီးလာခဲ့တဲ့ action မင်းသားကြီးဖြစ်ပါတယ် 2019 ထဲမှာ Angel Has Fallen နဲ့ Den of Thieves 2 တို့ကိုလဲ ဆက်လက်ရိုက်ကူးလျက်ရှိနေပါတယ် Den Of Thieves က သမားရိုးကျ အနည်းငယ်ဆန်သယောင်ရှိပေမယ့် ဖျော်ဖြေမှု ကောင်းကောင်းပေးနိုင်တဲ့ အမေရိကန် အက်ရှင်/Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Gerard Butler ကြီးကို အေးအေးဆေးဆေးကြည့်ရမဲ့ ဇာတ်ကားလဲဖြစ်ပါတယ် အတော်လေး သတ္တိရှိတဲ့ နယ်ထိန်းရဲမှူးတစ်ယောက် ရေတပ်ဗိုလ်ဟောင်းဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ဓားပြအဖြစ်ရပ်တည်နေတဲ့ လူတစ်စု ကမ္ဘာပေါ်မှာ လုံးဝ ...
7.0
IMDB: 7.0/10 55,467 votes
movie

Den of Thieves (2018)

2018
BluRay 1080p 6CH
Geostorm (2017) 5.3
Geostorm (2017) ဒီတစ်ပတ်တော့ ပရိသတ် တွေကို အကြိုက်တွေ့စေမယ့် သဘာဝဘေးအန္တရာယ်ကို အခြေခံရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကား Geostorm ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ၂၀၁၉ မှာ မကြုံစဖူးတဲ့သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့အပြီးမှာတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာမြေကြီးနဲ့ လူသားတွေကို သဘာဝဘေးက ကာကွယ်နိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ရာသီဥတုကို ဂြိုဟ်တုကွန်ရက်ဖန်တီးပြီး ထိန်းချုပ်ထားဖို့ပဲဖြစ်ပါတယ်။ ရာသီဥတု ထိန်းချုပ်မှုစနစ် ကို Dutch Boy လို့အမည်ပေးထားပြီး ကမ္ဘာတစ်လွှားမှာအခြေစိုက်စခန်းတွေထားပြီး ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုတွေကို ဂျိတ်ခ်လော်ဆန်က ဒီဇိုင်းဆွဲဖန် တီး တည်ဆောက်ထားတာဖြစ်ပြီး  အခြေစိုက်စခန်းတွေအားလုံးကို ညွှန်ကြားလုပ်ဆောင်နေတာပါ။ နောက်တော့ဂျိတ်ခ်နဲ့ ခေါင်း ဆောင်အချို့အဆင်မပြေဖြစ်ပြီး  ဂျိတ်ခ်နေရာကိုသူ့ညီ မက်စ်လော်ဆန်နဲ့အစားထိုး လုပ်ဆောင်စေခဲ့ပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ဖလော်ရီဒါမှာနေနေတဲ့ဂျိတ်ခ်ကို မက်စ်က လာရှာပြီး အလုပ်ပြန်လုပ်ဖို့ တောင်းပန်ခဲ့ပါတယ်။ ဒါနဲ့ပဲ ဂျိတ်ခ်က အလုပ်ပြန်လုပ်ဖြစ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဟောင်ကောင်မှာ ရာသီဥတုအရမ်းပူလာတဲ့အတွက် ဓာတ်ငွေ့တွေယိုစိမ့်ပြီး မြို့တစ်စိတ်တစ်ပိုင်းပျက်စီးသွားရုံသာမက ဟောင်ကောင်အခြေစိုက်စခန်းကိုပါ ...
5.3
IMDB: 5.3/10 70,577 votes
movie

Geostorm (2017)

2017
BluRay 1080p 6CH