Burmese Subtitle
Garrick Hagon
RED 2 (2013) 6.6
RED 2 (2013) ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော် အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
6.6
IMDB: 6.6/10 157,680 votes
movie
RED 2 (2013)
2013
BluRay 1080p 6CH
Batman 7.5
7.5
IMDB: 7.5/10 328,736 votes
movie
Batman
1989
BluRay 1080p 6CH
Mission: Impossible (1996) 7.1
Mission: Impossible (1996) ၁၉၉၆ TV series ကနေ ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ရမှာ အောင်မြင်မှုရရှိခဲ့တာ နောက်ဆုံးထွက်တဲ့ MI5 အထိပါပဲ။ 2018 မှာလည်း MI6 ထွက်ဦးမှာ ဖြစ်ပါတယ်။ Ethen Hunt ဆိုတဲ့ ဇာတ်ကောင်ကို Hero အဖြစ် စွဲမှတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ Tom Cruise ရဲ့ ငယ်ရွယ်စဉ်က သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ခိုင်မာတဲ့ ဇာတ်အိမ်ကြောင့် ဇာတ်ကားတိုင်းဟာ အခက်အခဲတွေကြားက လွတ်မြောက်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖိုဖြစ်အောင် ရိုက်ပြထား တာက MI တွေရဲ့ဆွဲဆောင်မူရှိတဲ့ အချက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ IMF အဖွဲ့စည်းရဲ့အစဖြစ်တဲ့ တကယ်ကို တော်တဲ့ အေးဂျင့်တွေစုပေါင်းလှုပ်ရှားတဲ့အဖွဲ့ဟာပရောဂျက်တစ်ခု ကိုလုပ်ဆောင်ရင်းနဲ့အီသန်ဟန့်ကလွဲရင်ကျန်တဲ့အဖွဲ့ဝင်တွေအာလုံး ပစ်သတ်ခံလိုက်ရပါတယ်။တကယ်တော့ အဲ့ဒီပရောဂျက်ဟာဗဟိုအဖွဲ့ စည်းကသစ္စာဖောက်ကိုဖော်ထုတ်မယ့်ပရောဂျက်ပေါ့။အီသန်တစ် ယောက်တည်းသာအသက်ရှင်ခဲ့တာကြောင့် CIA ကနေဖမ်းဖို့ကြိုး စားပါတော့တယ်။ကဲနောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကို တော့ဆက်လက်ကြည့်ရူပါလို့ညွန်းဆိုပါတယ်။ Credit - Original Writers File Size – 1.76 GB Quality – Blu-Ray 1080P 6CH Running Time – 1h 50min Format – mkv Genre –  Action, Adventure, Thriller Translator – Burmese ...
7.1
IMDB: 7.1/10 342,104 votes
movie
Mission: Impossible (1996)
1996
BluRay 1080p 6CH