Burmese Subtitle

Fred Tatasciore

Hotel Transylvania 3: Summer Vacation (2018) 6.3
Hotel Transylvania 3: Summer Vacation (2018) သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို ...
6.3
IMDB: 6.3/10 55,083 votes
movie

Hotel Transylvania 3: Summer Vacation (2018)

2018
BluRay 1080p 6CH
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) 2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက် 2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကို တင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကို အားလုံးပဲမျှော်လင့်နေကြမှာပါ။ ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။ Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။ Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့ သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။ Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူး Movie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainment ...
6.7
IMDB: 6.7/10 104,614 votes
movie

Hotel Transylvania 2 (2015)

2015
BluRay 1080p 6CH
Scoob! 5.8
Scoob! 2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။ စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ် လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ ...
5.8
IMDB: 5.8/10 9,306 votes
movie

Scoob!

2020
Web-DL 1080p 6CH
The Huntsman: Winter’s War (2016) 6.1
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016) IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာနဲ့သူ့ညီမဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကို စတင်တည်ထောင်မှုကနေ Huntsmanရဲ့ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow Whiteကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Review Credit
6.1
IMDB: 6.1/10 92,948 votes
movie

The Huntsman: Winter’s War (2016)

2016
BluRay 1080p 6CH
Star Wars: The Rise of Skywalker (2019) 6.8
Star Wars: The Rise of Skywalker (2019) Star Wars: The Rise of Skywalker (2019) စတားဝေါရ်စ် ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။ Review Credit
6.8
IMDB: 6.8/10 269,251 votes
movie

Star Wars: The Rise of Skywalker (2019)

2019
BluRay 1080p 6CH
Star Trek Into Darkness (2013) 7.7
Star Trek Into Darkness (2013) တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။ တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို ့သော် Star Trek ရဲ ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။ Star Trek ရဲ ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ Justin Lin ကို သရုပ်ဆောင်တွေရဲ ့ပြောချက်အရဆိုရင် ...
7.7
IMDB: 7.7/10 453,176 votes
movie

Star Trek Into Darkness (2013)

2013
BluRay 1080p 6CH
Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) [Zawgyi] ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ...
6.6
IMDB: 6.6/10 188,324 votes
movie


2008
BluRay 1080p 6CH
Frozen (2013) 7.5
Frozen (2013) Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ ...
7.5
IMDB: 7.5/10 515,218 votes
movie

Frozen (2013)

2013
BluRay 1080p 6CH
Resident Evil: Vendetta (2017) 6.3
Resident Evil: Vendetta (2017) ဒီကားလေးကတော့ Vendetta ဆိုတဲ့အတိုင်း Actor လေးယောက်ရဲ့ အငြိုးတွေ လက်စားခြေမှုတွေနဲ့ ဇာတ်ကားလေးကတော်တော်လေးတော့ Actionဆန်ပြီးကြည့်လို့ကောင်းမှာသေချာတယ်ဗျ … Actor တွေကတော့ Leon S Kennedy , Chris Redfield , Rebecca Chambers နဲ့ Villanကတော့ Glan Arias တို့ပဲဖြစ်ပါတယ် … ဇာတ်လမ်းပုံစလေးကတော့ – အစိုးရက ဗီလိန် Arias ကို သတ်ဖို့ လေယာဉ်နဲ့ဗုန်းကြဲခိုင်းခဲ့တယ် … ဖြစ်ချင်တော့ Arias ကသူရဲ့မင်္ဂလာပွဲဆောင်နေဖြစ်နေတော့ သူ့ဇနီးရောမိတ်ဆွေတွေပါ သေသွားခဲ့တယ် … သူချစ်ရတဲ့သူတွေသေဆုံးသွားခဲ့တဲ့အတွက် အစိုးရကိုပြန်လက်စားချေဖို့ Virus တွေဖန်တီးပြီးပြန်လက်စားဖို့ကြိုးစားခဲ့တယ် … Leon ကတော့ သစ္စာဖောက်ခံခဲ့ရပြီး သူလူတွေ Bioweapons တွေအဖြစ်ပြောင်းလဲခံခဲ့ရတယ် … Chris Redfield က (BSAA) Bioweapon Security Assessment Authority ကပါ … BSSA ...
6.3
IMDB: 6.3/10 8,564 votes
movie

Resident Evil: Vendetta (2017)

2017
BluRay 1080p 6CH
Wreck-It Ralph (2012) 7.7
Wreck-It Ralph (2012) Ralph ဟာ သူ့ဂိမ်းထဲ က ပြီးပြည့်​စုံပြီး ​တော်​​နေတဲ့ ​ကောင်​လိုမျိုး အချစ်​ခံချင်​သူပါ ပြသနာက လူဆိုး​​တွေကို ဘယ်​သူမှမချစ်​​ကြတာပါပဲ ဒါ​ပေမဲ့ သူရဲ​ကောင်း​တွေကို​တော့ ချစ်​ကြပါတယ်​ ဒီ​တော့ ဆားဂျင့်​အဖြစ်​​ဆော့ရတဲ့ ဂိမ်း​ပေါ်လာတဲ့အခါမှာ​တော့ အဲ ဂိမ်းကို သူ့အတွက်​ သူရဲ​ကောင်းဖြစ်​ဖို့ အခွင့်​အ​ရေးလို့ မြင်​သွားပါတယ်​ သူဟာ ဂိမ်းထဲ ကို ရိုးရှင်းတဲ့ပလန်​နဲ့ ဝင်​သွားတယ် ​ နိုင်​ခဲ့​ပေမယ့်​ မကြာခင်​မှာပဲ အရာအားလုံးပျက်​စီးသွားခဲ့ပါတယ်​ ဒီအခါမှာ သူဘာ​တွေဆက်​လုပ်​မလဲ ဘာ​တွေ ဆက်​ဖြစ်​လာမလဲ သူဖြစ်​ချင်​တဲ့ သူရဲ​ကောင်း​ရော ဖြစ်​လာပါ့မလားဆိုတာ​တော့ Wreck-It Ralph ဆိုတဲ့ ၂၀၁၂ ထွက်​ Animation ကား​လေးထဲမှာ ဆက်​လက်​ကြည့်​ရှုကြပါ IMDb rating 7.7 ထိရထားတဲ့ ကာတွန်း​လေးမို့ လက်​မလွတ်​သင့်​တဲ့ ဇာတ်​ကား​လေးပါ. Review Credit to Original Translator - Aung Min Khant Encoder - Robinn Hood  
7.7
IMDB: 7.7/10 336,551 votes
movie

Wreck-It Ralph (2012)

2012
BluRay 1080p 6CH
9 (2009) 7.1
9 (2009) Rating ပိုင်းမှာ 7.1 အထိရရှိခဲ့ပြီး ပရိတ်သတ်တွေရင်ထဲကို ရောက်သွားစေခဲ့တဲ့ Animation ကားကောင်းလေးတစ်ကားပါ... BS ကပရိတ်သတ်တစ်ယောက် တောင်းဆိုမှုကြောင့် တင်ဆက်ပေးလိုက်ပါတယ်... 9.9.2009 ခုနှစ်ထွက်ရှိခဲ့တဲ့ ကားလေးမလို့ 9 လို့အမည်ပေးလိုက်တယ်လို့ထင်ပါတယ်... စက်မှုမြို့တော်ကြီးဖြစ်ပြီး စက်မှုလုပ်ငန်း နည်းပညာလုပ်ငန်း သိပ္ပံလုပ်ငန်းတွေထွန်းကားလာချိန်မှာ. လူတွေဟာ ..မိမိကိုယ်ကျိုးကိုယ်သာ ကြည့်ပြီး လောဘစိတ်တွေဖုံးလွမ်းလာကြပါတယ်... လူသားတွေကိုယ်တိုင် ဖန်တီးထားတဲ့ စက်ရုပ်တွေက လူသားတွေကို ပြန်လည် တိုက်ခိုက်ခံခဲ့ရတဲ့နောက်ပိုင်းမှာ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ၀ိဥာဉ်အစားထိုးထားတဲ့ အရုပ်ကလေး ၉ ရုပ်ကိုပြုလုပ်ခဲ့တယ်... အဲ့ဒီအထဲမှာမှ ၉ ဆိုတဲ့အရုပ်ကလေးရဲ့ ပေါ့ဆမှုလို့ပြောရမလား ကံတရားလို့ပြောရမလား.....ဆက်လက်ကြည့်ရှုပေးပါဦး Translator -- Jerry Naing Encoder --K#/4nt_M1nn_K0
7.1
IMDB: 7.1/10 124,352 votes
movie

9 (2009)

2009
BluRay 1080p 6CH
Kung Fu Panda 3 (2016) 7.1
Kung Fu Panda 3 (2016) Storyline Dragon Warrior ကြီး Po ဟာ သူ့အဖေနဲ့ ပြန်တွေ့ခဲပြီး Panda တွေနေတဲ့ လျှို့ဝှက်ရွာလေးဆီကို ရောက်သွားပါတယ်။ အဲအချိန်မှာဘဲ ကြမ်းလှပါတယ်ဆိုတဲ့ Kai ဆိုတဲ့သူ သေရွာကပြန်လာပြီး တရုတ်ပြည်မှာ ရှိသမျှ Kung Fu Master တွေကို လိုက်ရှင်းနေလေတော့ သူနဲ့သူ့ရွာကို ကာကွယ်ဖို့အတွက် Po ဟာ သူ့ရွာက မလုပ်တတ်မကိုင်တတ် Panda တွေကို သိုင်းသင်ပေးဖို့ဖြစ်လာပါတော့တယ်။ … Review Kung Fu Panda 3 ဟာ ဇာတ်လမ်းမရှိပါဘူး။ အပေါ်မှာရေးထားတဲ့ နှစ်ကြောင်း သို့မဟုတ် Trailer ကြည့်လိုက်ရင် ဇာတ်လမ်းတစ်ခုလုံးပြီးသွားပါလိမ့်မယ်။ Visual ပိုင်းမှာ Kung Fu Panda 3 ဟာ တော်တော်လေးကိုတိုးတက်လာပါတယ်။ အထူးသဖြင့် စစချင်း ၁၀ မိနစ်လောက်ပေါ့။ 3D တွေဆိုတာ ရုပ်ရှင်ဘယ်လိုကြည့်ကြည့် မမူးတဲ့ကျော်တောင် မူးချင်သလိုဖြစ်လာတဲ့အထိကို ...
7.1
IMDB: 7.1/10 111,535 votes
movie

Kung Fu Panda 3 (2016)

2016
BluRay 1080p 6CH
Kung Fu Panda 2 (2011) 7.2
Kung Fu Panda 2 (2011) Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ…. ‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်… ‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ၀င်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်… ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်… ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ… အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ… ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ… ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ rating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ File Size – 1.42 GB Quality- Blu Ray 1080p 6CH Running Time – 1hr 30min Format – mkv Genre – Action, Adventure, Animation Subtitle – ...
7.2
IMDB: 7.2/10 222,395 votes
movie

Kung Fu Panda 2 (2011)

2011
BluRay 1080p 6CH
Power Rangers (2017) 6.0
Power Rangers (2017) Mighty Morphin Power Rangers 2017 Reboot Movie နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ ကောင်းကောင်းကြီးအာမခံပါတယ်…. တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး… ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ ငယ်ဘ၀ဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့် အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်….. ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေ Power Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့  Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့ Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲ ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်…. ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို  ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို  တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ  ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်… နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့ နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး ကောင်းမွန်လှပစေခဲ့ပါတယ်… ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေ Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့  အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်…. နောက်ပြီးတော့ Mid-Credits Scene ကိုလည်း ...
6.0
IMDB: 6.0/10 88,153 votes
movie

Power Rangers (2017)

2017
BluRay 1080p 8CH
Incredibles 2 (2018) 8.0
Incredibles 2 (2018) ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။ တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။ အဲဒါနဲ့ ဟယ်လန်ဟာ Elastigirl ဆိုတဲ့ စူပါဟီးရိုးနာမည် ဟောင်းနဲ့ပဲ ပါဝင်ဖို့ လက်ခံခဲ့ပါ ...
8.0
IMDB: 8.0/10 121,771 votes
movie

Incredibles 2 (2018)

2018
BluRay 1080p 8CH
The Angry Birds Movie (2016) 6.3
The Angry Birds Movie (2016) ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် .. Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး .. ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကို အစပျိုး မိတ်ဆက်ပေးထားပါတယ် ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲ ဆိုတဲ့အကြောင်းကို သိရမှာပါ .. ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်.. ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့် တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေ သဘောကျ စိတ်ကျေနပ်စေမှာပါ … ရုပ်ရှင်ကပေးတဲ့ message တွေကလည်း ကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် .. အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာ သဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်း အများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။ အားပေးကြည့်ရှုခံစားကြပါဦး (ဩော် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ ) review ကတော့ channelmyanmar မှကူးယူတင်ဆက်ထားတာဖြစ်ပါတယ်။ File ...
6.3
IMDB: 6.3/10 65,754 votes
movie

The Angry Birds Movie (2016)

2016
BluRay 1080p