Burmese Subtitle

Frank Langella

Small Soldiers (1998) 6.1
Small Soldiers (1998) Small Soldier (1998) ============== သင်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ကြီးပြင်းလာခဲ့သူတစ်ယောက်ဆိုရင် ဒီဇတ်ကားလေးကို နှလုံးသားထဲမှာရှိနေမယ်ဆိုတာ အသေအချာပါဘဲ (movies lover) အခုတင်ဆက်ပေးမယ့်ရုပ်ရှင်ကားကတော့ ကျွန်တော်တို့ 90 born တွေ ငယ်ဘဝက အတော့်ကိုစွဲစွဲလမ်းလမ်းကြည့်ခဲ့ဖူးတဲ့ small soldier (1998) ဆိုတဲ့ ကစားစရာစက်ရုပ်ကားလေးပဲဖြစ်ပါတယ် မှတ်မှတ်ရရ တိတ်ခွေအထူကြီးတွေ အောက်စက်အထူကြီးတွေ နဲ့ ဘာစာတန်းထိုးမှမပါဘဲ နားမလည်ပါးမလည်ကြည့်ခဲ့ရတာတောင် တော်တော့်ကို ကြည့်လို့ကောင်းလွန်းလို့ တိတ်သားတွေပျက်တဲ့ထိ ထပ်ခါထပ်ခါကြည့်ခဲ့ဖူးပါတယ် ဒါကြောင့် ကြည့်ဖူးပြီးသားသူတွေလည်း ငယ်ဘဝလေးတွေပြန်သတိရပြီး မကြည့်ရသေးတဲ့သူတွေလည်း တော်တော်လေးကိုကောင်းတဲ့ကားလေးမို့ ကြည့်စေချင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လန်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာပြဿနာရှာတတ်လွန်းလို့မိဘတွေရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့သူပါ တစ်ရက်တော့ အဖေလုပ်တဲ့သူခရီးထွက်ရမှာမို့ သူ့အဖေဖွင့်ထားတဲ့အရုပ်ဆိုင်လေးကို တာဝန်ယူပေးဖို့ဖြစ်လာပါတော့တယ် တစ်ချိန်ထဲမှာပဲ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုကစီးပွားရေးတိုးချဲ့တဲ့အနေနဲ့ အရုပ်စက်ရုံတစ်ခုကို ဝယ်လိုက်ရင်း ဝယ်ယူသူတွေသဘောကျလောက်မယ့် အရုပ်အသစ်အဆန်းတစ်ခုကို ထုတ်လုပ်ဖို့စီစဉ်လိုက်ပါတယ် ပြဿဿ နာကတာ့ အဲ့ဒီမှာစပါပြီ ဆော့ဝဲအင်ဂျင်နီယာတစ်ယောက်ဟာ တိုက်ခိုက်ရေးနယ်ပယ်မှာ အသုံးပြုရမယ့် ချပ်စ်ပြားတွေကို အရုပ်ထဲမှာထည့်ကာထုတ်လုပ်မိပါတော့တယ် အဲ့ဒီအရုပ်တွေက အယ်လန်ရဲ့ဆိုင်ကိုရောက်သွားပြီး သူတို့မိသားစုကိုဘယ်လိုဒုက္ခပေးမလဲဆိုတာတော့ ရုပ်ရှင်ထဲဆက်ကြည့်ကြပါစို့လားဗျာ Credit ...
6.1
IMDB: 6.1/10 85,770 votes
movie

Small Soldiers (1998)

1998
BluRay 1080p 6CH
Superman Returns 6.1
Superman Returns Superman Returns (2006) ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရရင်....စူပါမန်းက သူ့ရဲ့ ခရစ်ပတွန်ဂြိုလ်ကို သိပ္ပံပညာရှင်တွေ ရှာတွေ့တယ်ဆိုလို့ကမ္ဘာမြေကနေထွက်သွားခဲ့တာ ငါးနှစ်ကြာသွားခဲ့ပါတယ် သူပြန်ရောက်လာတဲ့ အချိန်မှာ သူနဂိုအတိုင်းရှိနေမယ်ထင်တဲ့ အရာတွေက ပြောင်းလဲကုန်ပါပြီ သူ့ရဲ့ မဟာရန်သူတော်ကြီး လက်စ်လူသာလည်း ထောင်ကနေလွှတ်မြောက် သွားခဲ့ပါတယ်...သူ မက်ထရိုပိုလစ်မြို့ပြန်အရောက် အလုပ်ပြန်စဆင်းတဲ့နေ့မှာပဲ အာကာယာဉ်နဲ့ လေယာဉ်ချိတ်ဆက်ပျံသန်းမှုဖွင့်ပွဲမှာ မထင်မှတ်တဲ့ အနှောင့်အယှက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် ဝင်ရောက်ကယ်ဆယ်ရင်း သူ့ရဲ့ ချစ်သူ သတင်းထောက်မလေး လောရစ်လိန်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်လေယာဉ်ပျံသန်းစဉ် အနှောင့်အယှက်နဲ့ကြုံတွေ့ခဲ့ရတာတော့ လက်စ်လူသာကြောင့်ပေါ့ဗျာ ဘယ်လိုလဲဆိုတာတော့ ရုပ်ရှင်ထဲ အဖြေရှာကြပါခင်ဗျာ...လောရစ်နဲ့ စူပါမန်းကြား ချစ်ဇာတ်လမ်း...စူပါမန်းနဲ့ လက်စ်လူသာတို့ အားပြိုင်မှု...စူပါမန်းနဲ့ မြို့သူမြို့သူကြား သံယောဇဉ်...အရင်စူပါမန်းကားတွေနဲ့ မတူ တမူထူးခြားစွာ ရိုက်ကူးထားတဲ့ ဒီကားလေးကို အားပေးကြပါလို့ Movie Review ကို Gold Channel မှကူးယူဖော်ပြထားပါတယ်
6.1
IMDB: 6.1/10 259,837 votes
movie

Superman Returns

2006
BluRay 1080p 6CH