Burmese Subtitle

Farah Hasno

Capernaum (2018) 8.5
Capernaum (2018) IMDb...8.4,,,Rotten....89% ((ဇိမ်းဆိုတဲ့ကောင်လေးသရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန်ဒီဇာတ်ကားဟာ လူသားဆန်တဲ့ ကျွန်တော်တို့အားလုံးရဲ့ နှလုံးအိမ်ကို သိမ်းယူနိုင်စွမ်းရှိခဲ့တယ်.. ဒီကားနဲ့ဆုတွေရခဲ့သလို သားသားနားနား ကျောင်းတက်နေရတဲ့ ဇိမ်းရဲ့ဖြစ်အင်ကိုမြင်ရတော့ ကျွန်တော်တို့ အတိုင်းမသိဝမ်းသာမိပြန်တယ်... ကားကောင်းလေးဖြစ်သည်နှင့်အညီ မကြည့်ရသေးတဲ့သူတွေကိုလည်း ကြည့်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ကြတယ်... ခုကတော့ ဇိမ်းရဲ့ ပရိတ်သတ်တွေအတွက် အမှတ်တရအကြည်လေး သိမ်းဆည်းထားဖို့နှင့်မကြည့်ရသေးတဲ့သူတွေအတွက်လည်း အကောင်းမွန်ဆုံးခံစားစေဖို့ရာ Blu-Ray လေး ထွက်လာလို့ Update ပေးလိုက်ပါသည်...))) *************************************************** ဇာတ်လမ်းအညွှန်း ***************** တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်.......တခြားအမှုများနှင့်မတူ ...အတော်ထူးခြားသည်...အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်....တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်....ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်....တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်..."ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား""သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ"" ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား""သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါအဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ်အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်"အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်...."သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား""ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ""မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ""ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ"အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်....ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်...ဒီလိုပြန်ဖြေလိုက်တဲ့ ...
8.5
IMDB: 8.5/10 18,243 votes
movie

Capernaum (2018)

2018
BluRay 1080p 6CH