Burmese Subtitle

Delroy Lindo

Point Break (2015) 5.3
Point Break (2015) လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု….. မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့…. ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ အက်ရှင်ခန်းတွေ အများကြီးပါတဲ့အတွက် စတန့်ကားကြိုက်သူတွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းဖြစ်ကြောင်းပါခင်ဗျား . ...
5.3
IMDB: 5.3/10 57,962 votes
movie

Point Break (2015)

2015
BluRay 1080p 6CH
Up (2009) 8.2
Up (2009) ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ ...
8.2
IMDB: 8.2/10 842,862 votes
movie

Up (2009)

2009
BluRay 1080p 6CH
Romeo Must Die (2000) 6.1
Romeo Must Die (2000) တော်တော်များများကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်... တရုတ်Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်...သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမဲ့ ဂျက်လီကားတွေကိုပိုနှစ်သက်မိတယ်... သူ့အက်ရှင်ခန်းတွေက လှတယ် သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်...ဂျက်လီတတ်တဲ့ကိုယ်ခံပညာတွေလေ့လာကြည့်တော့ Wushu, Chinese Martial Artနဲ့Baguazhangဖြစ်ပါတယ်...Wushuနဲ့ Martial Artကို ကြားဖူးပေမဲ့ Baguazhangကိုတော့ နည်းနည်းစိမ်းနေတယ် U tube မှာ Baguazhang fight techniques လို့ရိုက်ရှာကြည့်တော့ videoလေးတွေတင်ထားတယ်....ဒါကိုကြည့်လိုက်မှ ဂျက်လီရဲ့အက်ရှင်ခန်းတွေဒါ့ကြောင့်လန်းတာကိုးလို့ မှတ်ချက်ချမိတယ်...Bagua ကိုယ်ခံပညာကအရမ်းကိုလှတယ် တုန့်ပြန်တိုက်ခိုက်ပုံတွေက ကကြိုးကကွက်တွေဆင်နေသလားထင်ရလောက်အောင်လှနေပေမဲ့ ရန်သူကိုမြေပြင်ပေါ် အသာလေးလှဲသိပ်နိုင်လောက်အောင်စွမ်းအားကြီးတာသွားတွေ့ရတယ်...တိပ်ခွေခေတ်တုန်းက ကြည့်ခဲ့ရပြီး ကျွန်တော့လို အကြည်လေးနဲ့ခံစားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ် ပိုစတာကြည့်ရုံနဲ့ဇာတ်လမ်းကိုသိကြမှာဖြစ်လို့ အညွှန်းမရေးတော့ပါဘူး မကြည့်ကြသေးဘူးဆိုရင်လည်း နီးစပ်ရာမေးပြီး ကောင်းမယ်ထင်ရင်ဒေါင်းကြည့်ကြပေါ့ဗျာ Review Credit to Channel Myanmar
6.1
IMDB: 6.1/10 62,997 votes
movie

Romeo Must Die (2000)

2000
BluRay 1080p 6CH
Sahara (2005) 6.0
Sahara (2005) ၁၈၆၅ အမေရီကန် ပြည်တွင်းစစ် အတွင်းမှာ ဗိုလ်ချုပ်တွေက ရံပုံငွေအဖြစ် ရွှေဒင်္ဂါးပြားတွေကို သွန်းလုပ်ခဲ့တယ် ။ စစ်ပွဲအခြေနေ မဟန်တော့ ဗိုလ်ချုပ်တွေက ရွှေဒင်္ဂါးပြားတွေကို သံချပ်ကာသင်္ဘောအပြည့်တင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးခဲ့ကြတယ် ။ သူတို့ရည်ရွယ်တာကတော့ အဲဒိအချိန်က အာဖရိကရဲ့ အစည်ကားဆုံး နိုက်ဂျီးရီးယားနိုင်ငံ နိုက်ဂျားမြစ်ဘေးက လန်ဘီဇာဂါမြို့ကိုပေါ့ ။ ဒါပေမယ့် ကံဆိုးလှစွာပဲ မုန်တိုင်းမိခဲ့တယ် ။ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်ရေတွေကြီးပြီး သင်္ဘောတစ်ချို့ဟာ နီးစပ်ရာ ကမ်းကို ဝင်ခိုနားကြရင်း မြစ်ရေပြန်ကျတော့ ကုန်းပေါ်မှာ သောင်တင်ကျန်ရစ်ကုန်တယ် ။ မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက် သွားတယ် ။ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ။ လှေပေါ်ပါသူအားလုံးဟာ သေဆုံးကုန်ကြတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့တယ် ။ အဲဒိဒဏ္ဍာရီကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်မှာ ရှေးဟောင်းပစ္စည်း ရှာဖွေတဲ့ ...
6.0
IMDB: 6.0/10 86,243 votes
movie

Sahara (2005)

2005
BluRay 1080p 6CH