Burmese Subtitle

Della Saba

Ralph Breaks the Internet (2018) 7.2
Ralph Breaks the Internet (2018) Arcade လို့ခေါ်တဲ့ အကြွေစေ့နဲ့ဆော့ရတဲ့ ဂိမ်းစက်တွေပေါ်လာတာ ရာစုနှစ်ဝက်လောက်ရှိတော့မှာဖြစ်ပေမဲ့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ဆန်းသစ်တဲ့ဂိမ်းတွေနဲ့ ကမ္ဘ္ဘာတစ်လွှားက လူကြီးလူငယ်ပေါင်းဆုံကို ဖမ်းစားနေဆဲပါ။ ဒီရုပ်ရှင်ဟာ 2012 မှာထွက်ခဲ့ပြီး နာမည်ကျော်လူကြိုက်များခဲ့တဲ့ Wreck-It Ralph ရဲ့အဆက်ဖြစ်ပြီး ပထမကားနည်းတူ အော်စကာတစ်စုအတွက် စံကာတင်ခံထားရတာဆိုတော့ သမရိုးကျ sequel ရုပ်ရှင်တွေလို ခပ်ချာချာမဟုတ်တာတော့ အသေအချာပါပဲ။ Litwik လို့ခေါ်တဲ့ဂိမ်းဆိုင်လေးရဲ့ စက်တွေထဲက ဇာတ်ကောင်တွေကို အခြေခံထားတာဖြစ်ပြီး ထူးခြားတဲ့ပြောင်းလဲမှုတွေကိုစတင်စေမှာကတော့ မိသားစုပိုင်သမရိုးကျဂိမ်းဆိုင်လေးမှာ အင်တာနက်ကိုစတင်တပ်ဆင်လိုက်တဲ့ အခါမှာပါပဲ။ Ralph ရဲ့အခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ကားကောင်းပြိုင်တဲ့ ဂိမ်းထဲက ကောင်မလေးရဲ့ဂိမ်းစက်လက်ကိုင် ပျက်စီးသွားပြီးတဲ့နောက် လဲရမဲ့ လက်ကိုင်ရဲ့ တန်ဖိုးကများလွန်းတာမို့ စက်ကိုရောင်းပြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ လဲစရာလက်ကိုင်ကို အီးဘေးမှာဝယ်လို့ရနိုင်တယ်လို့ သူတို့နှစ်ယောက်သိပြီးတဲ့နောက် အင်တာနက်ဆိုတာကြီးထဲကို ဝင်ရောက်ပြီး အရရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ ငွေကြေးဆိုတာရှိမှပဲ အရာအားလုံးပြီးမြောက်တယ်ဆိုတာသိရပြီးနောက် လိုအပ်တဲ့ငွေကြေးကို ဘယ်လိုရှာဖွေကြမလဲ ၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရှာ ရှုစားကြနိုင်ဖို့ ယခုပင်လာရောက်ကူးယူနိုင်ကြပါပြီခင်ဗျ။ အင်တာနက်ရဲ့အလုပ်လုပ်ပုံတွေကို ...
7.2
IMDB: 7.2/10 53,515 votes
movie

Ralph Breaks the Internet (2018)

2018
BluRay 1080p 6CH
Zootopia (2016) 8.0
Zootopia (2016) ~ Review ~ Disney ရဲ့  Zootopia ဇာတ်ကားဟာ သာမန်ကြည့်မယ်ရင် ချစ်စဖွယ်တိရိစ္ဆာန် Character မျိုးစုံနဲ့ ကလေးတွေကိုပျော်ရွှင်စေမယ့် ဇာတ်ကားလေးဖြစ်သလို နောက်ကွယ်မှာတော့လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ message တွေနဲ့ လှပစွာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ - - - - - - - - - - - - - - - ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတော့ ကမ္ဘာကြီးပေါ်မှာ လူသားတွေဆိုတာလုံးဝမရှိပဲ တိရိစ္ဆာန်တွေသာရှိပါတယ်။ တိရိစ္ဆာန်တွေမှာ Predator (မုဆိုး) နဲ့ Prey (သားကောင်) ဆိုပြီး အခြေခံအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ ဥပမာအနေနဲ့ပြောရရင် ခြင်္သေ့၊ ကျား၊ မြေခွေးတွေက မုဆိုးတွေဖြစ်ပြီး သိုး၊ သမင်၊ ယုန် စတဲ့ တိရိစ္ဆာန်လေးတွေကတော့ သားကောင်တွေပေါ့။ မုဆိုးနဲ့သားကောင်ဆိုပေမယ့် မုဆိုးကို သားကောင်က ကြောက်လန့်နေစရာမလိုပဲ အတူယှဉ်တွဲနေထိုင်နေကြတာပါ။ ...
8.0
IMDB: 8.0/10 353,199 votes
movie

Zootopia (2016)

2016
BluRay 1080p 6CH